24.2 C
Dawei
Monday, August 8, 2022
Home Tags ဗုံးပေါက်

Tag: ဗုံးပေါက်

မြိတ် သာကေတရပ်ကွက် မီးသတ်ကင်းတဲတွင် ဗုံးပေါက်၊ တပ်ဖွဲ့ဝင်နှစ်ဦးဒဏ်ရာရဟုဆို

မြိတ်မြို့၊ သာကေတရပ်ကွက်ရှိ မီးသတ်ကင်းတဲတွင် ယနေ့ည ဗုံးပေါက်ကွဲမှုဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၃၀) ည ၈ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရသည့်အနက်...

ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဗုံးပေါက်

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ပညာရေးမှူးရုံးဝင်းထဲတွင် ဇွန်လ ၁၉ ရက်ည ၉ နာရီခွဲခန့်တွင် ဗုံးပေါက်ကွဲကြောင်း အဆိုပါမြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ရုံးအဆောက်အအုံ အနောက်ဘက် ခုနစ်ပေခန့်အကွာရှိ အမျိုးသားအိမ်သာနှင့် မိလ္လာကန်ကြားတွင် ပေါက်ကွဲခြင်း ဖြစ်သဖြင့် မိလ္လာကန်...

ထားဝယ် ကမ်းနားလမ်းတွင် သပိတ်ဘန်နာကို စစ်ကောင်စီတပ် လာဖြုတ်ချိန် ဗုံးပေါက်

ထားဝယ်မြို့ ကမ်းနားလမ်းတွင် ယနေ့ (ဇွန် ၁၈) ညနေ ၄နာရီခန့်က သပိတ်ဘန်နာကို စစ်ကောင်စီတပ်က လာရောက်ဖြုတ်ယူချိန် ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကမ်းနားလမ်းအပန်းဖြေနေရာအနီးတွင် ဝါးလုံးဖြင့် ခြံစည်းရိုးခတ်ထားသည့် နေရာတွင် ချိတ်ဆွဲထားသည့် “လောင်းလုံးကိုထိရင်...

ရေဖြူ ကျခတ္တပင်အင်းရွာ စာသင်ကျောင်းဗုံး‌တွေ့၊ စစ်ကောင်စီတပ်သားများ ဖောက်ခွဲဖျက်ဆီး

ရေဖြူမြို့နယ် ကျောက်ထောင့်ကျေးရွာအုပ်စု ကျခတ္တပင်အင်းကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းဝင်းအတွင်း ဗုံးတွေ့ရှိသောကြောင့် စစ်ကောင်စီတပ်သားများ လာရောက်ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ (ဇွန် ၇) နံနက်ပိုင်း ကျောင်းလာတက်ချိန်မှာ ဗုံးတွေ့ခြင်းဖြစ်ပြီး ကျောင်းတစ်ရက် ပိတ်လိုက်ရကြောင်း ဒေသခံအချို့က...

ထားဝယ်မြို့က နေအိမ်တစ်လုံးတွင် ပါဆယ်ဗုံးပေါက်၊ လေးနှစ်ကလေးနှင့် မိခင်ဖြစ်သူ ဗုံးစထိမှန်

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဇွန်လ ၁ ရက် နံနက် ၉ နာရီဝန်းကျင်က ပါဆယ်ဗုံးပေါက်ကွဲသဖြင့် သားအမိနှစ်ဦး ဗုံးစထိမှန်ကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။ ပါဆယ်ဗုံးပေါက်သည့်နေအိမ်မှာ ဦးနော်မိုး၊ ဒေါ်တင်လှိုင်တို့၏ နေအိမ်တွင်ဖြစ်ပြီး ဒေါ်တင်လှိုင်နှင့်...

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား ဗုံးပေါက်

လောင်းလုံးမြို့နှင့် ညင်းမော်ရွာအကြား လူပြတ်သည့် လမ်းပိုင်းတစ်နေရာတွင် ယနေ့ (ဇွန် ၂) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၆ နာရီဝန်းကျင်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ပေါက်ကွဲမူကြောင့် ထိခိုက်မူအခြေအနေကိုမူ ကြားသိရခြင်း မရှိကြောင်း...

မြိတ်အထက်တန်းကျောင်းအနီး နှစ်ရက်ဆက်တိုက် ဗုံးပေါက်

မြိတ်မြို့၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းအနီးတွင် နှစ်ရက်ဆက်တိုက် ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့၊ မြို့သစ်ရပ်၊ အထက (၇) ကျောင်းအနောက်ဘက် ဈေးလမ်းတွင် မေလ ၂၆ ရက် ည ၇...

မုဒုံမြို့မ (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်

မွန်ပြည်နယ်၊ မုဒုံမြို့ မြို့မ (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ (မေ ၆) နံနက်ပိုင်းက ဗုံးပေါက်ကွဲကြောင်း မြို့ခံအချို့က ပြောသည်။ နံနက် ၁၀ နာရီခွဲခန့်က ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းနောက် ပေါက်ကွဲမှုဖြစ်ပွားရာ...

ပုလောမြို့ အစိုးရရုံးများအနီး ဗုံးပေါက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့ရှိ အစိုးရရုံးများရှိသည့် မြေစာရင်းဦးစီးဌာနရုံး အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့၊အမှတ် ၂ ရပ်ကွက်ရှိ မြေစာရင်းဦးစီးဌာနအနောက်ဖက်တွင် ယခုည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ပုလောဒေသခံများ ကပြောသည်။

ပုလောတွင် ကြံ့ခိုင်ရေး အမတ်ဟောင်း၏ နေအိမ်ရှေ့ဗုံးပေါက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှစိုး၏ ပုလောမြို့နယ် နေအိမ်ရှေ့၌ ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်ည ၉ နာရီဝန်းကျင်က ပုလောမြို့ဈေးအနီးရှိ ဦးလှစိုး၏ နေအိမ်ရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက...