29.5 C
Dawei
Sunday, August 14, 2022
Home Tags တိုက်ပွဲဖြစ်

Tag: တိုက်ပွဲဖြစ်

တနင်္သာရီတိုင်းတွင် ၁၇ လအတွင်း တိုက်ပွဲနှင့် မိုင်းဆွဲတိုက်ခိုက်မှု သုံးရာကျော်ဖြစ်ပွား

အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှု တစ်ရာကျော်ရှိပြီး ဗုံးခွဲ၊ မိုင်းဆွဲတိုက်ခိုက်မှု နှစ်ရာကျော်ရှိလာကြောင်း Southern Monitor အဖွဲ့က ထုတ်ပြန်လိုက်သည်။ တိုင်းအတွင်း ပဋိပက္ခဖြစ်စဉ်များအား လေ့လာနေသည့် ယင်းအဖွဲ့က သြဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပုလောတိုက်ပွဲတွင် နှစ်ဖက်အကျအဆုံးများကြောင်း ထုတ်ပြန်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတိုက်ပွဲတွင် KNU က ဗိုလ်တစ်ဦးနှင့် PDF တပ်ခွဲမှူးအပါအဝင် သုံးဦးကျဆုံးကြောင်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက ယနေ့ (ဇူလိုင် ၁၄) ထုတ်ပြန်သည်။ ဇူလိုင်လ ၁၃ ရက် နံနက်က...

ပုလော နတ်အိမ်တောင်ရွာတွင် တိုက်ပွဲဖြစ်

ပုလောမြို့နယ် အရှေ့ခြမ်းရှိ နတ်အိမ်တောင်ကျေးရွာတွင် ယနေ့ (ဇူလိုင် ၁၀) နေ့လယ်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်းကျေးရွာအုပ်စု၊ နတ်အိမ်တောင်သို့ ဇူလိုင် ၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း...

ပုလောတိုက်ပွဲ လေးရက်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တစ်ဦးကျဆုံး

ပုလောမြို့နယ်၌ ဖြစ်ပွါးခဲ့သည့် လေးရက်တာ တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်(PPDF)က  ယနေ့ နေ့လယ်တွင် ထုတ်ပြန်ခဲ့သည်။ ပုလောအရှေ့ဖျား ကျေးရွာများဖြစ်သော နန်းတောင်၊ မှော်မိ၊ ဂျက်ဂါ၊ ကျောင်းနိမ့်၊ ပုလောကုန်းနှင့် မကျည်းကုန်း စသည့်ကျေးရွာများတွင်...

လေးရက်ဆက် တိုက်ပွဲများကြောင့် ပုလောဒေသခံထောင်ချီ စစ်ဘေးရှောင်

ပုလောမြို့နယ်တွင် ဇွန်လ ၂၇ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့အထိ လေးရက်ဆက်တိုက် ဖြစ်ပွါးနေသည့် တိုက်ပွဲများကြောင့် ဒေသခံထောင်ချီ စစ်ဘေးရှောင် ထွက်ပြေးနေကြရကြောင်း ၎င်းတို့ထံမှသိရသည်။ မြိတ်ခရိုင်၊ပုလောမြို့နယ်၊ အရှေ့ခြမ်းကျေးရွာများဖြင့်သည့် နန်းတောင်၊မှော်မိ၊ ဂျက်ဂါ၊ကျောင်းနိမ့်၊ပိန္နဲတောင် စသည့်ကျေးရွာများတွင်...

တိုက်ပွဲများ ပုလောမြို့အနီး ရောက်လာ

စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေသည့် တနင်္သာရီတိုင်း၊ မြိတ်ခရိုင်တွင် တိုက်ပွဲများမှာ တဖြည်းဖြည်းနှင့် ပုလောမြို့အနီးဝန်းကျင်သို့ ရောက်ရှိလာပြီဖြစ်သည်။ ပုလောမြို့သည် ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသော ကားလမ်းပေါ်တွင် တည်ရှိပြီး လူနေထူထပ်ကာ စီးပွားရေးကောင်းသဖြင့် ဖွံ့ဖြိုးသည့် မြို့တစ်ခုဖြစ်သည်။

သရက်ချောင်းတွင် တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်၊ ဒေသခံများ စစ်ဘေးရှောင်

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တစ်ရက်တည်း အပြန်အလှန်ပစ်ခတ်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ သရက်ချောင်မြို့နယ်ရှိ လောင်းမင်းဖရွာ၊ အင်းပြားနှင့် စော်ဖျားရွာကြား၊ မိုးရွှေကုန်းရွာနှင့် ကင်းရှေ့ရွာကြား တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပုလော ကျောင်းနိမ့်ရွာတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်း ကျောင်းနိမ့်ကျေးရွာတိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစု (PPDF) က ယနေ့ ထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့...

တိုက်ပွဲပိုပြင်းထန်လာမည်ကို သထုံဒေသခံများစိုးရိမ်

မွန်ပြည်နယ် သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) နယ်မြေဘက်တွင် စစ်ရေးတင်းမာ နေသောကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ကြောင်း ယင်းနေရာက ဒေသခံများက ပြောသည်။ KNU တပ်မဟာ (၁) နယ်မြေ သထုံနှင့်...

ပုလော ရှမ်းဒွတ်ရွာတွင် တိုက်ပွဲဖြစ်ပြီး ရွာသားများထွက်ပြေးနေရ

ပုလောမြို့နယ်၊ အရှေ့မြောက်ဖက် ရှမ်းဒွတ်ကျေးရွာတွင် ယနေ့ (ဇွန် ၁၀) တိုက်ပွဲဖြစ်ပွားနေပြီး ရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များသည် ယနေ့ နံနက်တွင် ရှမ်းဒွတ်ကျေးရွာအနီးသို့ ရောက်ရှိလာကြောင်း ဒေသခံများက...