24.3 C
Dawei
Friday, August 12, 2022
Home Tags တနင်္သာရီမြို့နယ်

Tag: တနင်္သာရီမြို့နယ်

တကူတွင် ဒေသခံ ၄၀ ခန့်ဖမ်းဆီးခံရပြီး ၂ ဦးသေနတ်ဖြင့် ပစ်ခံရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကော်တောရွာတွင် ဒေသခံရွာသား ၄၀ ခန့်ဖမ်းဆီးခံရပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့်  ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများ ထံမှသိရသည်။ သြဂုတ်လ ၈ရက်နေ့ နံနက် ၆ နာရီတွင် ကော်တောကျေးရွာအတွင်း...

လယ်သစ်ရွာတွင် လက်နက်ကြီးကျ၍ ဘုန်းကြီးကျောင်းနှင့် နေအိမ်သုံးလုံးပျက်စီး

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့်လူနေအိမ်သုံးလုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ လယ်သစ်ကျေးရွာအနောက်ကမ်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်သစ်အရှေ့ကမ်းရှိ အဆိုပါဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်သုံးလုံးမှာ အမိုးများ ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမှာ တစ်ခြမ်းမီးလောင်သွားကြောင်း ဒေသခံများကပြောသည်။

လယ်သစ်ရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ရွာသားများ ဘေးလွတ်ရာတိမ်းရှောင်

တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် ရွာသားများ ဘေးလွတ်ရာတောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် ဇွန်လ ၄ ရက်နေ့ ညနေ ၆ နာရီခန့်က လယ်သစ်ရွာအနောက်ကမ်းသို့ ရောက်ရှိလာသည့်အတွက် တိုက်ပွဲဖြစ်လာမည်ကို...

တနင်္သာရီမြို့နယ်သို့ ဆန်သယ်ခွင့် ကန့်သတ်ခံနေရဟုဆို

မြိတ်မြို့မှ တနင်္သာရီမြို့နယ်သို့ ဆန်များ လိုသလောက် သယ်ယူခွင့် မရတော့ဘဲ ကန့်သတ်ခံနေရကြောင်း ဆန်ကုန်သည်များနှင့် ဆန်ရောင်းဝယ်သူများထံမှ သိရသည်။ တနင်္သာရီမြို့က ဆန်ဝယ်နေကျ ဖောက်သည်များ အော်ဒါမှာပြီးနောက် လာရောက်သယ်ယူခြင်း မရှိတော့ ကြောင်း မြိတ်မြို့က ဆန်ရောင်းချသူအချို့ထံမှ...

တနင်္သာရီမြို့တွင် ကိုဗစ်ပိုးတွေ့သူများလာ၊ မြို့ပေါ်လမ်းအချို့အား ပိတ်ချ

မြိတ်ခရိုင် တနင်္သာရီမြို့နယ်တွင် ကိုဗစ်နိုင်တီးကူးစက်ရောဂါပိုးတွေ့ရှိသူများလာပြီး မြို့ပေါ်ရှိ လမ်းတစ်ချို့အား စက်တင်ဘာလ ၄ ရက်နေ့မှစပြီး lock down သတ်မှတ်ခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့ပေါ် ချောင်းကြီးရပ်ကွက်ရှိ ရွှေလိပ်ပြာလမ်း၊ တိုးချဲ့ ၂ လမ်းနှင့် မဂ္ဂင်လမ်း...

တနင်္သာရီမြို့နယ်တွင် ကြက်ဥတစ်လုံး ငါးဆယ်ကျပ်ဖြင့် ရောင်းမည်

မြိတ်ခရိုင် တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာ၌ ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်နှုန်းဖြင့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ရောင်းချပေးမည်ဖြစ်ကြောင်း ဆန်းသစ်လွင် ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင်ရှင် ဦးစိုးလွင်အောင်ထံမှ သိရသည်။ ကနဦးအနေဖြင့် အိမ်ထောင်စု ငါးဆယ်အတွက် ကြက်ဥအလုံးရေ ငါးရာအား ရောင်းချပေးမည်ဖြစ်ပြီး...

တနင်္သာရီမြို့ဟောင်း နန်းတော်ရာနေရာကို ဖေဖော်ဝါရီလတွင် တူးဖော်မည်

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တနင်္သာရီမြို့ဟောင်းရှိ နန်းတော်ရာ နေရာကို ဖေဖော်ဝါရီလ နောက်ဆုံး အပတ်မှစပြီး တစ်လခွဲ့ခန့်အကြာ တူးဖော်မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ထားဝယ်ဌာနခွဲ) ထံမှ သိရသည်။ တူးဖော်မည့် နန်းတော်ရာနေရာသည် တနင်္သာရီမြို့နယ်ဆေးရုံဝင်း အတွင်းတည်ရှိပြီး အလျား...

တနင်္သာရီနှင့် ပုလောရှိ စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကုလ ထောက်ပံ့မည်

တနင်္သာရီမြို့နယ်နှင့် ပုလောမြို့ နယ်တွင် သဘာဝဘေးကြောင့် ထိခိုက်မှုရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ကုလသမဂ္ဂစားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) က ထောက်ပံ့မည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီမြို့တွင် ကိုဗစ်လူနာ စတွေ့

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ပထမဦးဆုံးအဖြစ် အမျိုးသားတစ်ဦးတွင် ဒီဇင်ဘာလ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၀ မြို့နယ်အနက် ထားဝယ်၊...

တနင်္သာရီမြို့နှင့် ပါချန်မြစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်မည်

တနင်္သာရီမြို့နှင့် ပါချန်မြစ်တွင် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ ပဝကျေးရွာ၊ အနောက်သာရဖုံကျေးရွာ၊ ညောင်ပင်ကွင်းကျေးရွာတွင် ကမ်းပြိုကာကွယ်ရေး လုပ်ငန်း သုံးခု၊ ကော့သာင်းခရိုင်၊ ခမောက်ကြီးမြို့ရှိ မာရမ်းကျေးရွာ၊ ဆိပ်ဖူး...