23.9 C
Dawei
Wednesday, August 17, 2022
Home Tags ကြိုတင်မဲ

Tag: ကြိုတင်မဲ

လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။

ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ်သတ်မှတ်မည်မဟုတ်

ကြိုတင်ဆန္ဒမဲများ ပေးရာတွင် မဲလက်မှတ်များ ထည့်သွင်းသည့် စာအိတ်များ မလုံခြုံနေခြင်း၊ အချို့စာအိတ်များတွင် ကော်သုတ်၍ ပိတ်ရာ၌ မဲလက်မှတ်များကို အစွန်းအထင်းဖြစ်ပေါ်စေခြင်းများ ရှိခဲ့ပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။

မြိတ်ခရိုင်အတွင်းရှိ ရေလုပ်သားသောင်းချီ မဲပေးခွင့် ဆုံးရှုံးနိုင်ဖွယ်ရှိ

“မနက်ဖြန်ဆို လှေပြန်ထွက်ရတော့မယ်။ ကျွန်တော်တို့လည်း မဲထည့်ချင်တာပေါ့။ ဒီကိစ္စကို ဘယ်သူမှ မစီစဉ်ပေးတော့ ကျွန်တော်တို့ရေလုပ်သား အများစုမှာ မဲထည့်ခွင့် ဆုံးရှုံးရတော့မယ်” ဟု ၎င်းကပြောသည်။

မဲပုံးထဲ ကြွက်ဝင်

မြိတ်၊ အောက်တိုဘာ ၃၀ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းက ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံးတွင် အောက်တိုဘာလ၃၀ ရက်နေ့က မဲပုံးထဲသို့ ကြွက်ဝင်ရောက်နေကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းထံမှ သိရသည်။ အဆိုပါမဲပုံးမှာ မော်တုံးကျေးရွာအုပ်စု၊...