Tag: ကိုဗစ်-၁၉
ထားဝယ်တွင် သေဆုံးသူများလာသဖြင့် မီးသင်္ဂြိုဟ်ရန် မနိုင်ဝန်ဖြစ်လာ
ထားဝယ်မြို့တွင် ၉၆ ပါးရောဂါဖြင့် သေဆုံးသူနှင့် ကိုဗစ်ကြောင့် သေဆုံးသူပါ များလာသည့်အတွက် မီးသင်္ဂြိုဟ်ရန် မနိုင်ဝန် ဖြစ်လာကြောင်း နာရေးကူညီမှု(ထားဝယ်) ထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လမှစကာ သေဆုံးသူအရေအတွက်များလာပြီး လက်ရှိတွင် တစ်ရက်လျှင် စုစုပေါင်း...
တနင်္သာရီတွင် ခြောက်ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၇၀ ဦးရှိ
တနင်္သာရီတိုင်းတွင် ဇွန်လ ၁၇ ရက်မှ ၂၂ ရက်အထိ ခြောက်ရက်အတွင်း ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူ ၇၀ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ယင်းကာလအတွင်း လူပေါင်း ငါးထောင်နီးပါးကို စစ်ဆေးရာတွင် ၇၀ ဦးတွင်...
မြိတ်တွင် တစ်ပတ်အတွင်း ကိုဗစ်လူနာနှစ်ဦးသေဆုံး
မြိတ်မြို့တွင် ဇွန်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ တစ်ပတ်အတွင်း ကိုဗစ်နိုင်တီးရောဂါပိုးရှိသူ နှစ်ဦးသေဆုံးခဲ့ရကြောင်း မြိတ်မြို့ ကိုဗစ်ထိတွေ့သယ်ယူပို့ဆောင်ရေးအဖွဲ့ထံမှ သိရသည်။
မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်နိုင်တီးကုသဆောင်တွင် ဆေးကုသခံယူနေသည့် ဘုတ်ပြင်းမြို့နေ အသက် ၇၀...
တနင်္သာရီတိုင်းသို့လာချိန် ကိုယ်အပူချိန်မြင့်နေပါက သွေးတွင်းအောက်ဆီဂျင် တိုင်းရမည်
တနင်္သာရီတိုင်းအတွင်းသို့ လာရောက်ချိန်တွင် ကိုယ်အပူချိန်မြင့်မားနေပါက သွေးတွင်းအောက်ဆီဂျင်တိုင်းရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဇွနလ ၁၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
အခြားပြည်နယ်နှင့် တိုင်းမှလာရောက်သူများ ကိုယ်အပူချိန်မြင့်မားနေခြင်းနှင့် ကိုဗစ်သံသယလက္ခဏာများ တွေ့ရှိပါက လက်ချောင်းထိပ်တွင် သွေးတွင်းအောက်ဆီဂျင်တိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်...
ကော့သောင်းတွင် တစ်လအတွင်း လူခြောက်ဦးတွင် ကိုဗစ်ပိုးတွေ့
ကော့သောင်းမြို့တွင် မေလအတွင်း ကိုဗစ်ပိုးတွေ့လူနာခြောက်ဦးရှိပြီး တစ်ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကော့သောင်းဆေးရုံအုပ် ဒေါက်တာလင်းထိုက်က ပြောသည်။
ကော့သောင်းမြို့တွင် အချုပ်ကျနေသော အမျိုးသားတစ်ဦးတွင် မေလ ၁၇ ရက်က ပထမဆုံး ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာလင်းထိုက်ကပြောသည်။
ရန်ကုန်မှ ထားဝယ်သို့ ခရီးသည် ခိုးတင်ခဲ့သည့် ယာဉ်နောက်လိုက်တွင် ကိုဗစ်တွေ့၊ ခိုးလိုက်လာသူများအား ကွာရန်တင်းထား
လူထိုင်ခုံများကို ဖြုတ်ပြီး ကုန်ပစ္စည်းတင်ယာဉ်အဖြစ် ပြောင်းလဲထားသော အဆိုပါမှန်လုံယာဉ်သည် ခိုးလိုက်လာသူများကို လူမမြင်နိုင်စေရန် ကုန်ပစ္စည်းအလယ်တွင် လိုက်ပါစေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး မပိတ်တော့
စည်ပင်ကော်မတီ၏ တည်ပြချက်အပေါ် တိုင်းစည်ပင်က ဈေးဖွင့်သည့်ယခင်ပုံစံအတိုင်း စုံရက်/ မရက် သတ်မှတ်ပြီး ပုံမှန်အတိုင်းပင်ဖွင့်ရန် ဆုံးဖြတ်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ကျော်ဦးက ပြောသည်။
ထားဝယ်ဈေးကြီးနှင့် မင်္ဂလာဈေး တစ်ပတ်ပိတ်မည်
ထားဝယ်၊ အောက်တိုဘာ ၁၉ / Dawei Watch
ထားဝယ်မြို့တွင် ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် မင်္ဂလာဈေးကို တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
အောက်တိုဘာလ ၂၁...
ထားဝယ်ဆေးရုံကြီး ဆရာဝန်တစ်ဦး ကိုဗစ်ကူးစက်ခံရ
ထားဝယ်၊ အာက်တိုဘာ ၁၇/ Dawei Watch
ထားဝယ်ဆေးရုံကြီး သားဖွားမီးယပ်ဆောင်တွင် တာဝန်ကျနေသည့် ဆရာဝန်တစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ဆေးရုံတွင်လာပြသည့် ကိုယ်ဝန်ဆောင်တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသဖြင့်...
အိမ်ရှေ့ပြင်ရပ်ကွက် လော့ဒေါင်းချမည်
ထားဝယ်၊ အောက်တိုဘာ ၁၄/ Dawei Watch
ကိုဗစ်ရောဂါပိုးတွေ့ရှိသူများပြားလာသည့်အတွက် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်အား အသွားအာလာပိတ်ဆို့မှု Lockdown(လော့ဒေါင်း) ချမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။