27.5 C
Dawei
Saturday, August 13, 2022
Home Tags ကလိန်အောင်မြို့

Tag: ကလိန်အောင်မြို့

ကလိန်အောင် အနီးနားကျေးရွာအချို့တွင် စစ်တပ်က နေရာယူထား

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကလိန်အောင်မြို့အပါအဝင် အနီးနားကျေးရွာများဖြစ်သည့် ကျေးဇူးတော်ကျေးရွာ၊ နှမ်းကြဲရွာ ကားလမ်းမတလျှောက်တွင် နေရာယူထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဩဂုတ်လ ၂၃ ရက် ညနေပိုင်းမှစပြီး ယင်းကဲ့သို့နေရာယူထားခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်းတွင် အင်းအားပိုများလာကြောင်း ဒေသခံအချို့ကပြောသည်။

ကလိန်အောင်ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ဆွဲကြိုးချသတ်သေ

မိသားစုနှင့်ခွဲခွာနေရသဖြင့် စိတ်ကျဝေဒနာ ခံစားနေရသည် ဆိုသည့် ရေဖြူမြို့နယ် ကလိန်အောင်နယ်မြေ ရဲစခန်းမှ ဒုတပ်ကြပ်တစ်ဦး ကိုယ့်ကိုကိုယ် ဆွဲကြိုးချသေကြောင်းကြံစည်မှုတစ်ခု ဇန်နဝါရီလ ၂၂ ရက်က ဖြစ်ပွားခဲ့သည်။ သေဆုံးသူသည် ရခိုင်ပြည်နယ် မြောက်ဦးဒေသခံတစ်ဦးဖြစ်ပြီး ကလိန်အောင်နယ်မြေရဲစခန်းတွင် မိသားစုနှင့်...

ကလိန်အောင်ချောင်း ရေနောက် ချိုးပြီး အရေပြားယားယံဟုဆို

ရေဖြူမြို့နယ် ကလိန်အောင်မြို့ရှိ ကလိန်အောင်ချောင်းရေနောက်ကို ချိုးမိသဖြင့် ကလေး၊ လူကြီးအချို့ အရေပြား ယားယံခြင်းများ ခံစားခဲ့ရကြောင်း ယင်းချောင်းကမ်းနံဘေးတွင် တဲထိုးနေထိုင်သည့် သဲထုတ်အလုပ်သမားအချို့က ပြောဆိုသည်။ ပြီးခဲ့သည့်နှစ်ပတ်ခန့်က လေးရက်ဆက်တိုက် ကလိန်အောင်ချောင်းရေ နောက်ပြီးဆင်းလာသဖြင့် ယင်းရေ နောက်ကိုချိုးမိရာမှာ...

သရက်စိုက် တောင်သူ ၆ ဦး GAP သီးနှံလက်မှတ်ရ

ရေဖြူမြို့နယ်၊ ကျောက်ရှပ်ကျေးရွာတွင် ပတ္တမြားငမောက်သရက်စိုက် တောင်သူခြောက်ဦး ကောင်းမွန်သောစိုက်ပျိုးရေးအလေ့အကျင့် (GAP - Good Agricultural Practice) လက်မှတ်ရရှိကြောင်း ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။ GAP လမ်းညွန်ချက်တွင် ပါဝင်သည့် သတ်မှတ်ချက်များဖြင့် စိုက်ပျိုးခြင်းကြောင့်...

ကိုဗစ်ကြားက ခရီးသည်

နံနက် ၄ နာရီထိုးသည်နှင့် မလွှဲတောင်ဂိတ်မှာ စတင်လှုပ်ရှားလာပြီဖြစ်သည်။ လူတန်းရှည်ကြီး ဖြစ်လာသည်။ တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်ကို ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တန်းစီနေသည့်လူတန်းကြီးက မျက်စိတစ်ဆုံး။ တန်းစီနေသူများထဲတွင် ရင်ခွင်ပိုက်ကလေးကို...

ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေဖောင်များ ဖမ်းမိ

ကလိန်အောင်မြို့၊ ကလိန်အောင်ချောင်းတွင် တရားမဝင်ရွှေတူးဖော်နေသည့် ရွှေဖောင်လေးဖောင်နှင့်အတူ လူခြောက်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ကလိန်အောင်နယ်မြေရဲစခန်းထံမှ သိရ သည်။ သတင်းအရ မောရဝတီရေတပ်စခန်းမှ မတ်လ ၂၉ ရက် ညနေတွင် ရှောင်တခင်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အထက်ပါနယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။