ဘုတ်ပြင်းမြို့ဘက်မှ လေညာကျေးရွာသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံများထံမှ သိရသည်။ မေလ ၈ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် ဘုတ်ပြင်းဘက်မှ VIGO ကား ငါးစီး၊ ကျောက်တင်ကား နှစ်စီးတို့ဖြင့်လာသည့် စစ်ကောင်စီတပ်သားများကို ဘိုဒါးနှင့် ဝါးချောင်းကျေးရွာကြား ကျောက်ဖြူတောင် ရေချိုချောင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ ကြောင်း ဘုတ်ပြင်းမြို့နယ်၊ ပြည်သူ့ရဲတပ်ဖွဲ့က မေလ ၉ ရက်တွင် ထုတ်ပြန်သည်။ အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီယာဉ်တန်းတွင် ခလရ-၂၂၄ ၊ ခမရ ၃၅၈ နှင့် ခလရ ၄၃၂ တပ်ရင်းသုံးခုက စစ်ကောင်စီတပ်သားများပါဝင်ကြောင်း ပူးပေါင်းတပ်တွင်ပါဝင်သည့် KNLA တပ်ရင်း ၂၀၃၊ တပ်ခွဲ ၄ ၏ ပြန်ကြားရေးတာဝန်ခံက […]
စစ်ကောင်စီလက်အောက်ခံ ပုလောမြို့မရဲစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးတပ်များနှင့် ဒေသခံများထံမှ သိရသည်။ ပုလောမြို့အဝင် တောင်ယာကမ်းကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ မြို့မရဲစခန်းကို ယနေ့ မေ ၉ရက် နံနက် ၆နာရီ ဝန်းကျင်တွင် မြိတ်ခရိုင်၊ အမှတ် (၁) PDF တပ်ရင်းက တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်ရင်းက ထုတ်ပြန်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း ရဲအုပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦးသေဆုံးကြောင်း မြိတ်ခရိုင်၊ အမှတ်(၁) PDF တပ်ရင်း ပြန်ကြားရေးတာဝန်ခံက ဆိုသည်။ “ကျွန်တော်တို့ဘက်က ဝင်စီးပြီးချိန် ရဲစခန်းထဲက သူတို့တပ်ဖွဲ့တွေဘက်က ပြန်ပစ်တယ်။ ရဲအုပ်ကတော့ ကျွန်တော်တို့ စပစ်တာနဲ့ ပွဲချင်းပြီးသေသွားတယ်။ ရဲတပ်သားကတော့ ရဲစခန်းအဝင်ပေါက်မှာ သေသွားတယ်” ဟု အထက်ပါ ၎င်းက ပြောသည်။ တိုက်ခိုက်မှုအတွင်း လက်နက်ကြီးအပါအဝင် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု […]
ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၃ ရက်မှ မေ ၉ ရက်အထိ အမေရိကန် ကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ် ၂၆၇ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် အမေရိကန်ကာဒီနယ် ရောဘတ်ပရီဗို့စ် ကို ရွေးချယ်လိုက်တယ်လို့ ဗာတီကန်နန်းတော်က ကြေညာလိုက်ပါတယ်။ ရောဘတ်ပရီဗို့စ်က ပုပ် လီယို ၁၄ ဘွဲ့တော်နဲ့ ပုပ်ရဟန်းမင်းကြီးအဖြစ် ခံယူသွားမှာပါ။ သက်တော် ၆၉ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ် ရောဘတ်ပရီဗို့စ်ဟာ အမေရိကန်နိုင်ငံသားတယောက်ဖြစ်ပေမဲ့ ပီရူးနိုင်ငံက သာသနာပြုလုပ်ငန်းတွေမှာပဲ နှစ်မြှုပ်လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်ကမှ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့ကို ကာဒီနယ်ရဟန်းအမတ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ပရီဗို့စ်ဟာ ပီရူးနိုင်ငံ အနောက်မြောက်ပိုင်း ချီကလာယိုမှာ ၂၀၁၅ ခုကနေ ၂၀၂၃ ခုအထိ သာသနာပြုလုပ်ငန်းတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း ပထမဆုံး အမေရိကန် ပုပ်ရဟန်းမင်းအဖြစ်ရွေးချယ်ခံရတဲ့အပေါ် ဂုဏ်ယူတယ်လို့ ပြောပါတယ်။ Ref: BBC …………………………………….. မြောက်ကိုးရီးယာက ပဲ့ထိန်းဒုံးကျည်များကို စမ်းသပ်ပစ်လွှတ် မြောက်ကိုရီးယားနိုင်ငံက မေလ ၈ ရက်နေ့က ပဲ့ထိန်းဒုံးကျည်တွေကို ပင်လယ်ထဲ စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။ ဒါကို ဂျပန်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဒုံးကျည်တွေဟာ ပုံမှန်မဟုတ်တဲ့ လမ်းကြောင်းပေါ်မှာ ပျံသန်းသွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်အများစုက တာတိုပစ်တွေဖြစ်ပြီး တစင်းကတော့ ၈၀၀ ကီလိုမီတာလောက်ကို အမြင့်ဆုံး အမြင့်ပေက ၁၀၀ လောက်နဲ့ ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒီဒုံးကျည်ကတော့ ကိုရီးယားကျွန်းဆွယ်ရဲ့ အရှေ့ဘက် ဂျပန်ပင်လယ်မှာ ကျရောက်ခဲ့တယ်လို့ပြောပါတယ်။ ဒီလုပ်ရပ်က ဂျပန်နိုင်ငံရဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို ခြိမ်းခြောက်နေတယ်လို့ သတိပေးထားပါတယ်။ Ref: DW …………………………………….. အိန္ဒိယ-ပါကစ္စတန်ကြား တိုက်ခိုက်မှု အပြန်အလှန် ရှုတ်ချ ပါကစ္စတန်စစ်တပ်ဟာ အိန္ဒိယရဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပြီး ပြန်လည် လက်တုံ့ပြန်သွားမယ်လို့ ပါကစ္စတန်စစ်တပ် ပြောရေးဆိုခွင့်ရှိသူကနေကြေညာလိုက်ပါတယ်။ အိန္ဒိယရဲ့ လုပ်ရပ်တွေက အကြောင်းမဲ့ အကြမ်းဖက်မှုဖြစ်ပြီး ရန်လိုမှုတွေဖြစ်တယ်လို့ ပြောဆိုထားတာပါ။ အိန္ဒိယရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပါကစ္စတန်မှာ အရပ်သား ၃၆ ဦး သေဆုံးခဲ့ပြီး ၅၀ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယဘက်မှာလည်း ပါကစ္စတန်လက်နက်ကြီးတွေကြောင့် ၁၂ ဦးအထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယဘက် ကက်ရှ်မီးယားမှာ လက်နက်ကိုင်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဟိန္ဒူခရီးသွား ၂၆ ဦးသေဆုံးခဲ့တာနဲ့ ပက်သက်ပြီး နှစ်နိုင်ငံ နယ်စပ်ဆက်ဆံရေး တင်းမာနေသလိုအပြန်အလှန် ပစ်ခတ်မှုတွေ ဆက်ရှိနေပါတယ်။ ပါကစ္စတန်ဘက်ကတော့ အိန္ဒိယနိုင်ငံက ဂျက်လေယာဉ်တွေနဲ့ ဒရုန်းတွေကို လေကြောင်းပစ်လက်နက်တွေကနေ ပစ်ချထားပါတယ်။ Ref: BBC …………………………………….. ဖင်လန်တိုက်လေယာဉ် ပျက်ကျ၊ လေယာဉ်မှူး ထွက်ပြေးလွတ်မြောက် ဖင်လန်နိုင်ငံမြောက်ပိုင်းရှိ ရိုဗာနီယယ်မီ လေဆိပ်အနီးမှာ မေ ၇ ရက်က ဖင်လန်လေတပ်ပိုင်တိုက်လေယာဉ်တစင်း ပျက်ကျခဲ့ပါတယ်။ လေယာဉ်မှူးကတော့ လေယာဉ်ပေါ်က ခုန်ထွက်လွတ်မြောက်ခဲ့ပြီးနောက် ဆေးရုံကို ပို့ဆောင်ထားရတာပါ။ တိုက်လေယာဉ်ပျက်ကျပြီးတဲ့နောက် ရဲတွေက လေဆိပ်အသွားလမ်းကို ယာဉ်ကြောပိတ်ဆို့ထားပြီး လေဆိပ်ဝင်ရောက်ခွင့်ကိုလည်း ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့်လဲ လေဆိပ်ကိုတော့ ဆက်ဖွင့်ထားခဲ့ပါတယ်။ လေယာဉ်ပျက်ကျရတဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ Ref: REUTERS …………………………………….. ရုရှားနဲ့ ယူကရိန်း အကျဉ်းသား ၂၀၀ ကျော် လဲလှယ် ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် မေလ ၆ ရက်နေ့က ရုရှားနဲ့ ယူကရိန်းတို့ကအကျဉ်းသား ၂၀၅ ဦးကို လဲလှယ်ခဲ့ပါတယ်။ ယူကရိန်းစစ်သားတွေကို ပြန်ခေါ်လာနေပြီး အကူအညီအတွက် ယူအေအီးနိုင်ငံကို ကျေးဇူးတင်တယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ထုတ်ပြန်ပါတယ်။ […]
ထားဝယ်မြို့နှင့်လောင်းလုံးမြို့ကို ဖြတ်သန်းဆက်သွယ်ထားသည့် ထားဝယ် မြစ်ကူးတံတားဖြစ်သော ကမြောကင်းတံတားဖွင့်ချိန်သည် ယခုရက်ပိုင်း နောက်ကျနေခြင်းကြောင့် ထားဝယ်မြို့သို့ ဈေးဝယ်သွားသည့် နယ်ဈေးသည်များ အခက်အခဲ ကြုံနေရကြောင်း စုံစမ်းသိရှိရသည်။ ယခင်က ကမြောကင်းတံတားကို နံနက် ၅ နာရီခွဲခန့်တွင် ပုံမှန်ဖွင့်ပေးလေ့ရှိသော်လည်း မေလ ၈ ရက်နေ့မှစ၍ နံနက် ၆ နာရီ ကျော်မှ ဖွင့်လှစ်ပေးခြင်းကြောင့် ထားဝယ်မြို့ပေါ် ရှိ ကမ်းနားဈေးသို့ စျေးဝယ်ရန် သွားမည့်ဈေးသည်များ ယခုရက်ပိုင်းအခက်ကြုံနေရကြောင်း လောင်းလုံးမြို့နယ်မှ ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။ “တံတားဖွင့်ချိန် နောက်ကျတော့ ဈေးဝယ်ရတာအဆင်မပြေဘူး။ ဈေးရောက်သွားတဲ့အချိန်မှာ ဈေးဝယ်စရာ စုံစုံလင်လင်မရတော့ဘူး”ဟု ယင်းအမျိုးသမီးကပြောသည်။ ပြီးခဲ့သည့် မေလ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ထားဝယ်မြိုမှ သရက်ချောင်းမြို့နယ်ဘက်သို့ သွားသည့် လမ်းပိုင်းတွင်ရှိသော ထားဝယ်မြစ်ကူးတံတား […]
ထိုင်း-မြန်မာနယ်စပ်လမ်းရှိ နေကျော်တောင်တွင် ခဲသတ္တုတင်ဆောင်လာသည့် ဟိုက်ဂျက် (Hi Jet) ကားဘရိတ်ပေါက်ပြီး တိမ်းမှောက်ခဲ့သဖြင့် တစ်ဦး သေဆုံးပြီး ငါးဦးဒဏ်ရာရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဧပြီလ ၂၆ ရက် ည၇နာရီခန့်တွင် သဘော့လိပ်ရွာမှ ထိုင်း-မြန်မာနယ်စပ် မောတောင်ဘက်ပို့မည့် ခဲသတ္တုများ တင်ဆောင်လာသည့်ကားသည် အဆိုပါလမ်းပိုင်းရှိ နေကျော်တောင်တွင် ကားဘရိတ်ပေါက်ကာ ကားမှောက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်အပါအဝင် တိုင်းအတွင်း ခဲသတ္တုတူးဖော်မှု အဆမတန်များပြားလာပြီး တူးဖော်ထွက်ရှိသည့် ခဲသတ္တုကို နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိသည်။ ထိုကဲ့သို့ တိမ်းမှောက်သွားသဖြင့် ကားမောင်းလာသည့် အသက် ၃၀ ဝန်းကျင်အရွယ် ကိုအတာ ဆိုသူ သေဆုံးပြီး ကားပေါ်လိုက်ပါလာသူ ငါးဦး ဒဏ်ရာရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ ”ကိုအတာ က နေ့လယ်ဘက်ကပဲ […]
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့အနီး မက္ကသာကျေးရွာဝန်းကျင်နှင့် အနီးရှိ သတ္တုမိုင်းတွင်းနေရာများကို ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက်အစောပိုင်းက စစ်ကောင်စီက လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ မက္ကသာကျေးရွာဝန်းကျင်နှင့် အနီးရှိ သတ္တုမိုင်းလုပ်ကွက် အမှတ် ၂ နှင့် အမှတ် ၅ နေရာများကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး ၃၅ လုံးထက်မနည်း လာရောက်ကြဲချသွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း သတ္တုမိုင်း အဆောက်အအုံ ထိခိုက်ပျက်စီးမှုရှိသည်ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ပြောသည်။ “မက္ကသာရွာအပြင်ဘက် တောဘက်မှာပေါ့ အဲ့အနီးအနားမှာ မိုင်းလုပ်ကွက်နေရာတွေကို ဗုံးကြဲတာ။ ၃၅ လုံးလောက်ရှိမယ်။ လူထိခိုက်တာတော့ မရှိဘူး။ အဆောက်အအုံ ထိခိုက်ပျက်စီးတာတော့ ရှိတယ်” […]
ထိုင်းအစိုးရက ထိုင်းနိုင်ငံထဲမှာ တရားမဝင်နေထိုင်သူတွေ၊ သတ်မှတ်စည်းမျဉ်းစည်းကမ်း မလိုက်နာသူတွေကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ အန္တရာယ်ကင်းစေဖို့ သတိထားသင့်တာတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။
ယနေ့ မေလ ၁ ရက်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အနေဖြင့် ဘန်ကောက်တွင် ချီတက်တောင်းဆိုပွဲနှင့် အခြားလှုပ်ရှားမှုများတွင် ထိုင်းရောက်မြန်မာအလုပ်သမားများလည်း ပါဝင်ကြောင်း တက်ရောက်လာသော မြန်မာအလုပ်သမားများထံမှ သိရသည်။ ယနေ့ ညနေ ၄ နာရီခွဲခန့်တွင် ပြုလုပ်သော မေဒေးနေ့ အလုပ်သမားအရေးချီတက်တောင်းဆိုပွဲနှင့် အခြားလှုပ်ရှားမှုများကို ထိုင်းအလုပ်သမားအဖွဲ့များနှင့်အတူ မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း ပါဝင်လာသည်ကို တွေ့မြင်ရသည်။ တက်ရောက်လာသူများသည် ဘန်ကောက်မြို့ရှိ Central World စျေးဝင်စင်တာရှေ့မှ Bangkok Art and Culture Centre (BACC) အထိ လမ်းလျှောက်ချီတက်ခဲ့ခြင်းဖြစ်ကြောင်း တက်ရောက်သူများထံမှ သိရသည်။ ချီတက်ပွဲကို တက်ရောက်လာသော မြန်မာအလုပ်သမားများသည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအပါအဝင် အခြားအလုပ်သမားအရေး တောင်းဆိုချက်များပါသော စာတမ်းများကို ကိုင်ဆောင်၍ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် […]
ထိုင်းနိုင်ငံအတွင်းရှိ ရွှေ့ပြောင်းရေလုပ်သားများ လွတ်လပ်စွာသမဂ္ဂဖွဲ့ခွင့်နှင့် သမဂ္ဂများတွင် လွတ်လပ်စွာ ပါဝင်ခွင့်ပေးရန် ထိုင်းအစိုးရကို ရနောင်းမြို့အခြေစိုက် ရေလုပ်သားအခွင့်အရေးကွန်ရက်က တောင်းဆိုလိုက်သည်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ဖြစ်သည့် ယနေ့ မေလ ၁ ရက်တွင် ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ အဆိုပါကွန်ရက်တွင် မြန်မာရွှေ့ပြောင်းရေလုပ်သားများအပြင် ကမ္ဘောဒီးယား ရေလုပ်သားများပါဝင်ပြီး စုစုပေါင်း ရေလုပ်သား လေးထောင်ကျော်ပါဝင်ပြီး ရေလုပ်သားအခွင့်အရေးရရှိရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းဖြစ်သည်။ လက်ရှိတွင် ထိုင်းအစိုးရက အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ၏ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်ဆိုင်ရာ သဘောတူညီချက် ၈၇ နှင့် ၉၈ တို့ကို လက်မှတ်ရေးထိုးထားခြင်းမရှိကြောင်း ရေလုပ်သားအခွင့်အရေးကွန်ရက် (FRN) ၏ အလုပ်အမှုဆောင် ဦးရဲသူက ပြောသည်။ ထို့ကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းရေလုပ်သားများမှာ သမဂ္ဂဖွဲ့ခွင့်နှင့် သမဂ္ဂတွင် လွတ်လပ်စွာပါဝင်ခွင့်ဆုံးရှုံးနေရကြောင်း ၎င်းက ဆိုသည်။ ထိုသို့ပါဝင်ခွင့်မရခြင်း၏ အကျိုးဆက်အဖြစ် […]
ဂါဇာကမ်းမြှောင်ဒေသတစ်ခုလုံးကို သိမ်းပိုက်ထိန်းချုပ်သွားမည့် အစီအစဉ်တစ်ခုကို အစ္စရေးအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း အမည်မဖော်လိုသည့် အစ္စရေးအရာရှိနှစ်ဦးက ပြောကြားလိုက်သည်။ ဂါဇာတွင် ထိုးစစ်ဆင်ရန် အစ္စရေးအရန်တပ်သား ထောင်နှင့်ချီကို စစ်မှုထမ်းရန် ဆင့်ခေါ်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် အစ္စရေး၏ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ယင်းအစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်လျှင် ပါလက်စတိုင်းနယ်မြေအတွင်း အစ္စရေး၏ စစ်ဆင်ရေးများ ပိုမိုကြီးမားကျယ်ပြန့်လာနိုင်ဖွယ်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်း၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချမှုနှင့် ရင်ဆိုင်လာရဖွယ်ရှိသည်။ အထက်ပါ အစီအစဉ်သစ်ကို ဖြည်းဖြည်းချင်း အကောင်အထည်သွားမည် ဖြစ်သည်ဟု အစ္စရေးအရာရှိတစ်ဦးက ဆိုသည်။ အစ္စရေးအရာရှိနှစ်ဦးစလုံးက အမည်မဖော်ဘဲ ပြောကြားခဲ့ကြသည်။ ဟားမတ်စ်အဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးချက်များတွင် ပိုမိုအလျှော့ပေးညှိနှိုင်းလာစေရေး ဖိအားတိုးမြှင့်ပေးရန် ရက်သတ္တပတ်များစွာကြာသည်အထိ အစ္စရေးဘက်က ကြိုးစားလျက် ရှိသည်။ နိုင်ငံတကာကြားဝင်ညှိနှိုင်းပေးသူများသည်လည်း အစ္စရေးနှင့် ဟားမတ်စ်အကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ်တစ်ခု ရရှိရန် ရုန်းကန်လျက်ရှိသည်။ […]
ကမ္ဘာတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၆ ရက်မှ မေ ၂ ရက်အထိ ဂျပန်တွင် မူလတန်းကျောင်းသားများ ကားတိုက်ခံရ ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ မေ ၁ ရက်က ကျောင်းချိန်အပြီး အိမ်ပြန်နေတဲ့ မူလတန်းကျောင်းသား ကလေးငယ် ၇ ဦးထံကို ကားတစ်စီးက ဝင်တိုက်မှုဖြစ်ခဲ့ပါတယ်။ ဝင်တိုက်ခဲ့တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားကိုတော့ မေ ၁ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာပါ။ နေ့လယ် ၁ နာရီခွဲလောက်မှာ လမ်းသွားလမ်းလာတဦးကနေ အိုဆာကာရဲ့ နိရှိနာရီရပ်ကွက်ရှိ လမ်းတခုမှာ ကလေးငယ်တချို့ ကားတိုက်ခံရတယ်လို့ အရေးပေါ် ဖုန်းခေါ်ဆိုခဲ့ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။ အချိန်က ကျောင်းမှာ အတန်းအားလုံးရဲ့ မနက်ခင်းအတန်းတွေ ပြီးဆုံးသွားတဲ့အချိန်ဖြစ်ပြီး […]
တရုတ်နှင့်အိန္ဒိယမှ ကွန်မြူနစ်ပါတီများနှင့် ပိုနီးကပ်စွာ ဆက်ဆံသွားမည်ဟု သီရိလင်္ကာအစိုးရက မေလ ၁ ရက်နေ့က အလုပ်သမားနေ့ လူထုအခမ်းအနားတွင် ကတိပြုပြောဆိုလိုက်သည်။ သီရိလင်္ကာသည် နိုင်ငံအရွယ်အစား သေးငယ်သော်လည်း မဟာဗျူဟာမြောက် အရေးပါသော နိုင်ငံတစ်ခုဖြစ်ပြီး တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံစလုံးက သီရိလင်္ကာတွင် လွှမ်းမိုးမှုရရန် အပြိုင်အဆိုင် ကြိုးစားနေကြသည်။ ယမန်နေ့ကကျင်းပခဲ့သော အလုပ်သမားနေ့ လူထုအခမ်းအနားမှာ လက်ဝဲယိမ်းသမ္မတ အနူရာကုမုဒြာဒိသန်နာယကေ တက်လာပြီးနောက် ပထမဆုံး ကျင်းပသည့် အခမ်းအနားဖြစ်သည်။ အဆိုပါ အခမ်းအနားကို တရုတ်ကွန်မြူနစ်ပါတီ (CCP) နှင့် အိန္ဒိယကွန်မြူနစ်ပါတီများမှ အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ (CCP) က သီရိလင်္ကာသမ္မတ ဒိသန်နာယကေ၏ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (JVP) နှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ အလုပ်သမားနေ့ လူထုအခမ်းအနား၌ ပရိသတ်အမြောက်အများကို […]
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင်ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။