ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းသူနှစ်ဦးက ဂျူဒိုနှင့် လက်ဝှေ့အားကစားနည်းတို့တွင် ဒုတိယဆုနှင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။ ယင်းဆီးဂိမ်းပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်သူ မခြူးမြတ်နိုးဝေက ဂျူဒို ၅၇ ကီလိုတန်းတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပြီး ပုလောမြို့နယ်သူ မအေးငြိမ်းထူးမှာ လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ မအေးငြိမ်းထူးမှာ ၂၀၁၉ ခုနှစ်ကပြုလုပ်သည့် ဖီလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း လက်ဝှေ့အားကစားနည်းဖြင့် တတိယဆု ကြေးတံဆိပ်ဆွတ်ခူးပေးထားသူဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ၄ ဦးဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး […]
Covid-19 ကာကွယ်ဆေးများ ပေးပို့ရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပြန်လည်တုံ့ပြန်ခြင်း မရှိဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင် Covid-19 ရောဂါပြန့်နှံ့မှုက ပြင်းထန်နေပြီး၊ ပထမဆုံးအကြိမ် ပြင်ပကမ္ဘာသို့ ပေါက်ကြားလာသော အလုံပိတ်နိုင်ငံအတွင်းရှိ ကပ်ရောဂါ ပြန့်နှံ့မှု ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူ ၂ဒသမ၅သန်း ဖျားနာနေပြီး တစ်နိုင်ငံလုံး အသွားအလာကန့်သတ် ပိတ်ဆို့ lockdown ပြုလုပ်ထားကြောင်း အစိုးရ မီဒီယာက ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားနိုင်ငံအတွင်း ရောဂါစစ်ဆေးမှုများ၊ ကာကွယ်ဆေးများ နည်းနေသောကြောင့် အခြေအနေသည် ထိခိုက်လွယ်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ “ကာကွယ်ဆေးကျွန်တော်တို့ ကမ်းလှမ်းပါတယ်။ မြောက်ကိုရီးယားကိုမှ မဟုတ်ပါဘူး။ တရုတ်ကိုလည်း ပြောထားပါတယ်။ ဒါကို ကျွန်တော်တို့ ချက်ခြင်း ပြင်ဆင်လုပ်ပေးနိုင်ပါတယ်” ဟု သမ္မတဘိုင်ဒင် က တောင်ကိုရီးယားသမ္မတနှင့် ပြုလုပ်သော ဆိုးလ်မြို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ […]
တနင်္သာရီမြို့နယ်၊တကူနှင့် သရဘွင်ကျေးရွာအုပ်စုများတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူ တစ်သောင်းလေးထောင်ခန့်ရှိနေကြောင်း စစ်ရှောင်များအား အကူအညီပေးနေသည့် Compassion For IDP အဖွဲ့က ယနေ့ထုတ်ပြန်သည်။ မေလ ၁၉ ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ၊သံတိုက်၊ ရွာမ၊အင်းရှည်ကုန်း၊ ပြည်အေး၊တကူငယ် အလယ်ပိုင်း၊လမိုင်းကော့နှင့် သရဘွင်ကျေးရွာအုပ်စုရှိ သရဘွင်အရှေ့ကမ်း၊ ကျောက်တောင်၊စံပယ်ကုန်း၊ သာယာကုန်း၊မယ်ငေါ့၊တလိုင်းတပ် စသည့်ကျေးရွာများမှ ပြည်သူများ တစ်သောင်းလေးထောင် ဝန်းကျင်မှာနေရပ်စွန်ခွာ စစ်ဘေးရှောင်နေရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တကူနှင့်သရဘွင် ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညမှ စတင်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဒေသခံများ နီးစပ်ရာရွာများနှင့် ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကဲ့သို့ထွက်ပြေးတိမ်းရှောင်စဉ် မိုးအဆက်မပြတ် […]
မွန်ပြည်နယ်ကို ဖြတ်သန်းတိုက်ခိုက်သော မုန်တိုင်းငယ်ကြောင့် လူ ၁ ဦးသေဆုံးပြီး နေအိမ် အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တို့ထံမှ သိရသည်။ မေလ ၂၀ ရက်နေ့က မော်လမြိုင်မြို့ကို ဦးတည်တိုက်ခတ်ခဲ့သည့် ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် မိုးသက်လေပြင်း ကျရောက်ခဲ့သည်။ အဆိုပါ ကုန်းတွင်းမုန်တိုင်ကြောင့် မော်လမြိုင် မုပွန်ရပ်ကွက်ရှိ အရက်ချက်စက်ရုံ ခေါင်တိုင် ပြိုကျပိမိပြီး လူတစ်ဦးသေဆုံးကာ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ”မနေ့က တိုက်သွားတဲ့လေပြင်းကြောင့် မော်လမြိုင်မှာ တစ်ဦးသေဆုံးသွားတယ် တစ်ဦး ဒဏ်ရာရတယ်” ဟု လူမှုကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောသည်။ ကုန်းတွင်းမုန်တိုင်းငယ်ကြောင့် မော်လမြိုင်၊ ပေါင်၊ ကျိုက်မရော၊ သထုံ၊ ချောင်းဆုံနှင့် မုဒုံမြို့နယ်တို့တွင် လူနေအိမ်၊ အဆောက်အအုံရာနှင့်ချီ ထိခိုက်ပျက်စီးသွားသည့်အပြင် […]
Dawei Watch သတင်းဌာနကို ၂၀၁၂ ခုနှစ် မေလတွင်ထားဝယ်မြို့ အခြေစိုက် စတင် တည်ထောင်ခဲ့သည်။ Dawei Watch သည် ကနဦးတွင် တစ်နိုင်ငံလုံးခြုံထုတ်ဝေသည့် နေ့စဉ် သတင်းစာများ၊ အပတ်စဉ်များကို အဓိကအားဖြင့် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှ သတင်းများ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ယင်းအပြင် ထူးခြားမှုအလိုက် ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းလုပ်သားများ သတင်းကိုလည်း တင်ဆက်သည်။