ညင်းမော်ရွာသူတစ်ဦး ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံရ
နိုဝင်ဘာလ ၂၃ရက် ညနေက ပျောက်ဆုံးနေသည့် လောင်းလုံးမြို့နယ် ညင်းမော်ရွာသူကို ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ပစ်သတ်ခံထားရသည့်ဒဏ်ရာဖြင့် အလောင်းလာရောက် စွန့်ပစ်ထားကြောင်း ဒေသခံများက ပြောသည်။
သေဆုံးသူမှာ အသက် ၆၁...
လောင်းလုံး ရှင်မော်လမ်းပိုင်းတွင် အမျိုးသမီးတစ်ဦး အဖမ်းခံရ
လောင်းလုံး ရှင်မော်သွားလမ်းပိုင်းတစ်နေရာဖြစ်သည့် ကျောက်နီမော်ကျေးရွာတွင် လူငယ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦး အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းက အဖမ်းခံခဲ့ရကြောင်း ဒေသခံအချို့ကပြောသည်။
အဖမ်းခံရသည့်အမျိုးသမီးမှာ အသက် ၂၀ ကျော်ဝန်းကျင်အရွယ်ရှိပြီး လောင်းလုံးမြို့ဘက်သို့အလာ ကျောက်နီမော်ကျေးရွာ စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကဆိုသည်။
လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး
လောင်းလုံးမြို့ ပြည်သူ့ဆေးရုံအနီး လမ်းပိုင်းတစ်နေရာတွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်စီး လာသည့် လူငယ်အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း မြို့ခံများ၏ ပြောကြားချက် အရသည်။
ယနေ့ မွန်းလွဲ...
နော်ချစ်ပန်းတိုင် အသတ်ခံရမှု ၆ နှစ်ပြည့်သော်လည်း တရားခံ မဖော်ထုတ်နိုင်သေး
ထားဝယ်မြို့ သီချင်းဆိုပြိုင်ပွဲတွင် အသတ်ခံခဲ့ရသည့် နော်ချစ်ပန်းတိုင် ၆ နှစ်ပြည့် အောက်မေ့ဆုတောင်းပွဲကို ယနေ့ (နိုဝင်ဘာ ၁၉)ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူအချို့ထံမှ သိရသည်။
နော်ချစ်ပန်းတိုင်း အသတ်ခံရသည်မှာ ၆ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ကျူးလွန်သည့်တရားခံကို...
ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦး ဘန်ကောက်တွင် ဝတ်လစ်စားလစ်ဖြင့်သေဆုံး
ကော့သောင်းဒေသခံ မြန်မာအမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ သူနေထိုင်ရာအခန်းအတွင်း၌ ဝတ်လစ်စားလစ်ဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရသည်။
သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် မ--- ဖြစ်ပြီး “ထားဝယ်သူ”...
ထားဝယ်တွင် အမျိုးသမီးဝတ် ဝမ်းဆက်ချုပ်ရန် အပ်သူများလာဟုဆို
ယခုနှစ်ပွင့်လင်းရာသီတွင် အမျိုးသမီးဝတ်အင်္ကျီချုပ်ရန် အထည်အပ်သူ ယမန်နှစ်ထက် ပိုများလာကြောင်း ထားဝယ်မြို့ရှိ အပ်ချုပ်ဆိုင်အချို့ထံမှ သိရသည်။
ထားဝယ်ဒေသအတွင်း အလှူ၊ မင်္ဂလာဆောင်ကဲ့သို့ အခမ်းအနားများမှာ ပြီးခဲ့သည့်နှစ်ထက် ပိုများလာသည့် အခြေအနေကြောင့် အင်္ကျီချုပ်ရန် အထည်အပ်သူများလာကြောင်း ထားဝယ်မြို့အတွင်းရှိ အပ်ချုပ်ဆိုင်ပိုင်ရှင်...
တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်
အမျိုးသမီးတွေအများဆုံးပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခုဟာ “တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်” ဆိုတဲ့ကြွေးကြော်သံကို အားကြိုးမာန်တက်ကြွေးကြော်ရင်း စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြနေပါတယ်။
သပိတ်စစ်ကြောင်းမှာတော့ အနီရောင်အကျီတွေဝတ်ဆင်ထားကာ နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ထားတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေကိုတွေ့ရပါတယ်။
ဒီသပိတ်စစ်ကြောင်းတွေကို စစ်အာဏာသိမ်းမှုနှစ်နှစ်နီးပါးရှိတဲ့အချိန်အထိ ထားဝယ်မြို့ရဲ့နေရာ တော်တော်များများမှာ...
မြိတ်တွင် ကိုဗစ်ဖြင့် အမျိုးသမီးတစ်ဦးထပ်မံသေဆုံး
မြိတ်မြို့တွင် ယနေ့ (အောက်တိုဘာ ၂၅) အသက် ၇၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကိုဗစ်ရောဂါဖြင့် သေဆုံး သွားသဖြင့် ယခုလအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ သုံးဦးအထိရှိလာပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။
အောက်တိုဘာလ ၆ ရက်နေ့မှ...
မြိတ်တွင် ကိုးလအရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ဖြင့် သေဆုံး
မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် ဆေးဝါးကုသမှုခံယူနေသည့် ကိုးလအရွယ်ရှိ ကလေးငယ်တစ်ဦး ယနေ့ (အောက်တိုဘာ ၂၁) သေဆုံးကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။
ကိုဗစ်ရောဂါဖြင့် သေဆုံးသည့် ကလေးငယ်မှာ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာက ဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက...
ထိုင်းတွင် ၁၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည်ဟုဆိုကာ မြန်မာလုပ်သားဖမ်းဆီးခံရ
ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် နေထိုင်သော အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။
မဲဆောက်ဒေသ မယ်ပကရမ်းရွာတွင်...