BREAKING
July 27, 2024
EN MM

ဓာတ်ပုံ သတင်း

ထိုင်းတောင်ပိုင်းက အာဇာနည်နေ့

Dawei Watch

July 19, 2024

၇၇ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီရှိ မေတ္တာရိပ် မြန်မာစာသင်ကျောင်းတွင် ယနေ့ (ဇူလိုင်လ ၁၉ ရက်နေ့)ကျင်းပ ပြုလုပ်နေစဉ်။  

ချင်းမိုင်တွင် မြန်မာစစ်ဘေးရှောင်ရန်ပုံငွေအတွက် ‘အိမ်’ အနုပညာပြပွဲကျင်းပ

Dawei Watch

July 9, 2024

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် မြန်မာစစ်ဘေးရှောင်ရန်ပုံငွေပွဲအနေဖြင့် ‘အိမ် (HOME)’ ဟုအမည်ပေးထားသည့် အနုပညာပြပွဲကို ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်တို့တွင် နှစ်ရက်တာကျင်းပပြသနေကြောင်း Federal Art Space ထံမှ သိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း နွေးထွေးမှုရှိသောနေအိမ်များကို စွန့်ခွာခဲ့ရသော စစ်ဘေးရှောင်များ၏ နေထိုင်မှုပုံစံများကို ရိုက်ကူးထားသော ဓါတ်ပုံများနှင့်အတူ တက်ကြွလှုပ်ရှားသူများ၏ ပန်းချီကားများ၊ ပြည်တွင်းမလုံခြုံမှုကို ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်များကို ချင်းမိုင်မြို့ရှိ Green House တွင် နှစ်ရက်တာ ပြသနေခြင်းဖြစ်သည်။ ပြပွဲတွင် ပြသထားသော ပန်းချီများကို ဝယ်ယူသူများရှိပါက ရောင်းချပေးမည်ဖြစ်ပြီး ရရှိလာသော ရန်ပုံငွေများကိုလည်း ရာခိုင်နှုန်းအလိုက် စစ်ရှောင်စခန်းများ (IDPs) များကို လှူဒါန်းသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ရတဲ့ အကျိုးအမြတ် ၇၀ ရာခိုင်နှုန်းကို […]

ဆဲဗင်းဂျူလိုင်နေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု လောင်းလုံးတွင်ပြုလုပ်

Dawei Watch

July 7, 2024

၆၂ နှစ်မြောက် ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံနေ့တွင် လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်သည်။ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီနှင့် လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ (လောင်းလုံးမြို့နယ်) တို့က ဦးဆောင်ပြီး ယနေ့ ဇူလိုင် ၇ ရက် နံနက်တွင် ပြုလုပ်ခြင်းဖြစ်သည်။ သမဂ္ဂခွပ်ဒေါင်းအလံတော်ကို အလေးပြုခြင်း၊ ကျဆုံးကျောင်းသားအာဇာနည်များကို အလေးပြုခြင်း ၊ ဆဲဗင်းဂျူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အမှတ်တရစကား ဟောပြောခြင်း နဲ့ ကဗျာရွတ်ဖတ်ခြင်း စသည့်အစီအစဥ်များဖြင့် ပြုလုပ်ကြသည်။ ယင်းအခမ်းအနားပြီးနောက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြလှုပ်ရှားမှုကို ထပ်မံပြုလုပ်သည်။ ဆဲဗင်းဂျူလိုင် အရေးတော်ပုံသည် ဦးနေဝင်း အာဏာသိမ်းမှုကို ကျောင်းသားများ ကန့်ကွက်ဆန့်ကျင်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ အာဏာသိမ်းမှုကို ဆန့်ကျင်သဖြင့် ကျောင်ဆောင်စည်းကမ်း အပါအဝင် ဖိနှိပ်ချုပ်ခြယ်မှုများ လုပ်ဆောင်လာသောကြောင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း ကျောင်းသားများ ငြိမ်းချမ်းစွာ […]

သရက်ချောင်းက သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်

Dawei Watch

July 4, 2024

သရက်ချောင်းမြို့နယ်က သံဃာတော်များဦးဆောင်ပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်ခြင်းကို ယနေ့ (ဇူလိုင် ၄) နေ့လယ်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက်ပြီး ကံဆောင်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ကံဆောင်သပိတ်မှောက်ပွဲကို ထားဝယ်ခရိုင် သပိတ်ကော်မတီအပါအဝင် ဒေသတွင်းရှိ ကရင်လူငယ်များနှင့် ဒေသခံများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ ဇွန်လ ၁၉ ရက်နေ့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့်ပျံလွန်တော်မူခဲ့သည့်အတွက် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထားဝယ်တွင် သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှောက်ခြင်းစတင်

Dawei Watch

July 1, 2024

ထားဝယ်ခရိုင်တွင် သံဃာတော်များ စစ်ကောင်စီအား ဇွန်လ ၃ဝ ရက် မွန်းလွဲပိုင်းက ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားမှုပြုလုပ်သည်။ အဆိုပါလှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်းများတွင် သံဃာတော်များက ဘုရားသိမ်တစ်ခု၌ ကံပြုနေသည့်ပုံနှင့် ပြည်ထောင်စုလမ်းမကြီးတစ်နေရာတွင် စီတန်းလှည့်လည်ချီတက်နေသည့် ပုံများပါဝင်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ပျံလွန်တော်မှုသည့် ဖြစ်ရပ်ဖြစ်ပြီးနောက် ဇွန်လနောက်ဆုံးပတ်တွင် စစ်ကိုင်းနှင့် မကွေးတိုင်းတို့၌ သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားမှုစတင်ခဲ့သည်။ ယခု ထားဝယ်ခရိုင်တွင်ပါ စတင်လှုပ်ရှားလာခြင်း ဖြစ်သည်။ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်သည့် လှုပ်ရှားသည့် သံဃာတော်များကို ချိတ်ဆက်ရန် လုပ်ဆောင်နေကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး သပိတ်လှုပ်ရှားမှု ကော်မတီ DDMSC စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီ တာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။ “ဆရာ၊ တကာ ညီညီညွတ်ညွတ် […]

ပဲခူးဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပ ယနေ့ကျင်းပ

Dawei Watch

June 27, 2024

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူသွားသည့် ပဲခူးမြို့ ၊ ဝင်းနိမ္မိတာရုံဆရာတော်ကြီး ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ အန္တိမအဂ္ဂိဈာပနကို ယနေ့ ဇွန်လ ၂၇ ရက် နေ့လယ်ပိုင်းမှစတင်၍ အခမ်းအနားသုံးရပ်ဖြင့် ကျင်းပခဲ့သည် ။ ဈာပနအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ တက်ရောက်၍ သံဝေဂကထာ ရေစက်ချတရားဟောခဲ့သည်။ တပည့်သံဃာတော်များနှင့် တကာ၊ တကာမများက အပြစ်ကြီးငယ်တို့ကို နောက်ဆုံးအနေဖြင့် ဝန်ချတောင်းပန်ပြီးနောက် ရုပ်ကလာပ်ကို သဒ္ဓမ္မဒီပကသိမ်ဓမ္မာရုံမှ ကျောင်းအရှေ့မုခ်ဦး ကရဝိက်ဖောင်တော်အထိ တပည့်သံဃာတော်များက ပခုံးထမ်း၍ ပင့်ဆောင်ကြသည်။ ယင်းနောက် ဆင်ဖြူကွင်းသုသာန်ရှိ လောင်တိုက်သို့ ရုပ်ကလာပ်အား ကရိဝက်ဖောင်တော်ဖြင့် ပဲခူးမြို့တွင်းလှည့်လည်ကာ ပင့်ဆောင်ခဲ့သည်။ ရုပ်ကလာပ်တော်ပင့်ဆောင်ရာ လမ်းတစ်လျှောက်တွင် မိုးရွာသွန်းနေသော်လည်း ပဲခူးမြို့သူ၊ မြို့သားများက လမ်းဘေးဝဲယာတွင် ထွက်၍ နောက်ဆုံးဂါရဝပြု ပူဇော်ကန်တော့ကြသည်ကို တွေ့ရသည်။ ညနေပိုင်းတွင် […]