BREAKING
July 27, 2024
EN MM

ဓာတ်ပုံ သတင်း

နှစ်ဆန်းတစ်ရက်နေ့ ထားဝယ်ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်း မြင်ကွင်း

diz_admin

April 17, 2023

နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာရှိ ရှင်ကိုးရှင်စာရင်းဝင် ရှင်ဓာတ်ဝဲဘုရားဝင်းအတွင်း ဘုရားဖူးလာသူများကို တွေ့ရသည့် မြင်ကွင်းဖြစ်သည်။

မြို့ထဲတွင် ရေကစားသူအချို့သာရှိခဲ့သည့် ထားဝယ်သင်္ကြန်နောက်ဆုံးနေ့

diz_admin

April 16, 2023

ထားဝယ်သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည့် ယနေ့ သင်္ကြန်အတက်နေ့တွင် မြို့ထဲတွင်ရေကစားသူ အချို့သာရှိခဲ့သည်။ မြို့ထဲက မဏ္ဍပ်များတွင်မူ ယခင်ရက်များအတိုင်း ရေကစားသူအချို့နှင့် ဖျော်ဖြေရေးအစီအစဉ် လာရောက်ကြည့်ရှုသူများ ရှိခဲ့သည်။ သင်္ကြန် အကြိုနေ့နှင့် အကျနေ့တို့တွင် ထားဝယ်မြို့ထဲရေကစားသူ မရှိခဲ့သော်လည်း အကြတ်နေ့နှင့် အတက်နေ့တို့တွင် ရေကစားသူ အနည်းငယ်ရှိခဲ့သည်။ အတက်နေ့တွင် နယ်ဒေသအချို့တွင်လည်း ရေကစားသူ အနည်းငယ်ရှိလာခဲ့သည်။ သင်္ကြန်အတက်နေ့ ထားဝယ်ဗဟိုမဏ္ဍပ် ညနေ ၇နာရီဝန်းကျင်က မြင်ကွင်းကို ဖော်ပြလိုက်ပါသည်။

သင်္ကြန်အကြတ်နေ့ လောင်းလုံးလူထုသပိတ်

diz_admin

April 15, 2023

ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ “ပိတောက်တွေနီစေ သင်္ကြန်မြေ”စာသားပါ ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်‌လှုပ်ရှားမှုကို ယနေ့ (သင်္ကြန်အကြတ်နေ့) တွင် လောင်းလုံးမြို့နယ်၌ ပြုလုပ်ခဲ့ကြသည်။

ပိတောက်တွေနီစေ သင်္ကြန်မြေ” လူထုသပိတ်ပြုလုပ်

diz_admin

April 15, 2023

သရက်ချောင်းမြို့နယ်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ မှ “ပိတောက်တွေနီစေ သင်္ကြန်မြေ”စာသားပါ ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်‌လှုပ်ရှားမှုကို ယနေ့(သင်္ကြန်အကြတ်နေ့)တွင် ပြုလုပ်ခဲ့ကြသည်။

ရေကစားသူအချို့နှင့် ထားဝယ်မြို့က သင်္ကြန်အကြတ်နေ့

diz_admin

April 15, 2023

သင်္ကြန်အကြိုနေ့နှင့် အကျနေ့တို့တွင် ထားဝယ်မြို့ထဲ ရေကစားသူမရှိသော်လည်း အကြတ်နေ့တွင်မူ ရေကစားသူအချို့ရှိလာခဲ့သည်။ ထားဝယ်မြို့ရှိ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေးမဏ္ဍပ်နှင့် ဖိုးသီးချိုကလေးကစားကွင်းရှိ မဏ္ဍပ်တို့၏ သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီကျော်အချိန် မြင်ကွင်းများကိုဖော်ပြပေးလိုက်ပါသည်။ မဏ္ဍပ်များတွင်သာ ရေကစားသူ၊ ဖျော်ဖြေရေးအစီအစဉ်များကိုလာရောက်ကြည့်ရှုသူများရှိပြီး မြို့ထဲတွင်မူ ရေကစားသူမရှိ‌သလောက်ပင်ဖြစ်သည်။

မြိတ်မြို့ သင်္ကြန်အကြတ်နေ့ ညနေပိုင်း

diz_admin

April 15, 2023

သင်္ကြန်အကြတ်နေ့မှာတော့ မြိတ်မြို့ရဲ့ အထင်ကရလမ်းတွေနဲ့ မဏ္ဍပ်တွေမှာတော့ ရေကစားသူအချို့တွေ့ရှိရပါတယ်။ မဏ္ဍပ်တွေရှိတဲ့ နေရာတွေမှာသာ ရေကစားသူအချို့တွေ့ရပြီး လမ်းမကြီးတွေပေါ်မှာ သွားလာသူ အနည်းငယ်ပဲ ရှိပါတယ်။ ခရီးသည် နှစ်ရာကျော်သုံးရာနီးပါး ဝန်းကျင်ကတော့ အမြန်ယာဥ်တွေ၊စပိဘုတ်တွေနဲ့ ကျွန်းခရီးစဥ်တွေကို သွားရောက်လည်ပတ်နေတာကို တွေ့မြင်ရပါတယ်။ ဓါတ်ပုံ-CJ