ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်း ရေပြန်ကျသော်လည်း ရပ်ကွက်များတွင် ရေကြီးနေဆဲ
Dawei Watch
August 5, 2023ထားဝယ်-ရန်ကုန် ပြည်ထောင်စုလမ်းမရှိ ကလိန်အောင်လမ်းပိုင်းတွင် ယနေ့နံနက်မှစတင်ကာ ရေပြန်ကျပြီဖြစ်၍ ကားများဖြတ်သန်းသွားလာ နေကြပြီဖြစ်သော်လည်း မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးနေဆဲဖြစ်သည်။ “ပိတ်မိနေတဲ့ ခရီးသည်တင်ယာဥ်တွေ ၊အိမ်စီးကားတွေအကုန် ဖြတ်လာနေကြပြီ၊ မြို့ထဲလမ်းမပေါ်မှာတော့ ရေမရှိတော့ဘူး၊ ရပ်ကွက်တွေမှာတော့ ရေဝပ်နေသေးတယ် “ ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။ ဩဂုတ်လ ၄ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ရေဖြူမြို့နယ် ၊ မိုင်တိုင် ၃၆ ၊ ရေပုံးကျေးရွာအနီး တောင်ကျချောင်းရေလျှံမှုကြောင့် ကားလမ်းမရေကျော်ခဲ့ပြီး ခရီးသည်တင်ယာဥ်နှင့် မော်တော်ကားများ တစ်ညတာပိတ်မိခဲ့ကြသည်။ ကလိန်အောင်မြို့တွင်လည်း မြို့ပေါ်ရပ်ကွက် ၃ ခုတွင် ဩဂုတ်လ ၄ ရက် ညနေကတည်းက လူနေအိမ်များအတွင်း ရေဝင်လာကာ ရေအနက် ၄ ပေကျော်အထိတက်ခဲ့ကြောင်း၊ ယနေ့နံနက် ၉ နာရီအထိ လူနေအိမ်များနှင့်လမ်းသွယ်များတွင် […]