editorial

လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ကြိုဆို

တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်များစွာ တိုးလာသည်။ ၂၀၁၅ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ကိုယ်စားလှယ်လောင်း လျှောက်ထားမှု တစ်ရာကျော် တိုးလာသည်။ လွှတ်တော် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ...
editorial

ပျော်အောင်နေကြမည်

မည်သို့ပင် ဖြစ်စေကာမူ ကျွန်ုပ်တို့ ပျော်ရွင် အကောင်းမြင်နေဖို့ လိုသည်။ ယခုအခါ နှစ်ပတ်လည်နေပြီဖြစ်သော ကိုဗစ်ကမ္ဘာ့ကပ်ဘေးသည် လူအများ၏ စိတ်ကျေနပ်ပျော်ရွင်မှုကို နုတ်ယူသွားသည်။ မျှော်လင့်ချက် အနာဂတ်များကို နုတ်ယူသွားသည်။ စည်းကမ်းကန့်သတ်ချက်များနှင့် နေထိုင်ရခြင်း၊ ပုံမှန်မဟုတ်သော နည်းလမ်းများဖြင့်...
editorial

အိမ်ပြန်ပါရစေ

တစ်ခုသော တနင်္ဂနွေနေ့တွင် သတင်းစာတိုက်ရုံးတယ်လီဖုန်း တစ်လုံး အကြိမ်ကြိမ်မြည်နေသည်။ ကောက်ဖြေလိုက်သောအခါ “ညီလေးတို့ကို ကူညီပါ အစ်ကိုရယ်” ဟု အလွန် ရိုကျိုးသော အသံဖြင့် ပြောလာသည်။ ဇာတ်ကြောင်းစုံသိရသောအခါ သူတို့မှာ အိမ်ပြန်ချင်သူများ ဖြစ်နေလေသည်။

မြွေပါလည်းဆုံး သားလည်းဆုံး

ထားဝယ်ဒေသ၏ အနောက်ဘက် လောင်းလုံးကျွန်းဆွယ်တစ်လျှောက်ရှိ ကမ်းခြေများ၊ သဘာဝအလှများသည် နှစ်ပေါင်းများစွာ မပျက်မယွင်းတည်ရှိနေပြီး ဒေသခံများ၏ လူမှုဘ၀အသက်မွေးမှုနှင့် နက်ရှိုင်းစွာ ယှက်ငင်လျက် ရှိသည်။ ယင်းဒေသများတွင် ရေလုပ်ငန်းစခန်းငယ်များတည်ဆောက် နားခို အပန်းဖြေ လုပ်ကိုင်စားသောက်ကြသဖြင့် ဒေသခံတို့၏ ဘ၀တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ထိုကြောင့် လောင်းလုံးကျွန်းဆွယ်တစ်ဝိုက် မြေယာများ၊ ကျွန်းများ၊ ကမ်းခြေများသည်...
editorial

ကိုဗစ်ကာလ တိုင်းပြည်တည်ဆောက်နည်း

ကိုဗစ်ကပ်ဘေးကာလတွင် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့ဆုံစည်းမှုများကို ကန့်သတ်ထားလိုက်သည်။ ရောဂါအခြေအနေအပေါ် မူတည်၍ ကျောင်းများ ပိတ်သည်။ ဈေးများ အကန့်အသတ်ဖြင့် ဖွင့်သည်။ စားသောက်ဆိုင်များတွင် လူမထိုင်ရတော့။ အချို့မြို့များတွင် အိမ်တွင်သာနေရန် ကန့်သတ်ထားလိုက်သည်။ အလုပ်အကိုင်များလည်း ရပ်နားလာသည်နှင့်အမျှ လူအများစုတွင်...

အပြန်အလှန် ထိန်းကျောင်းခြင်း

ဒီမိုကရေစီ၏ အနှစ်သာရတွင် တကယ့်အခြေခံမှာ ဥပဒေပြုရေး (လွှတ် တော်)၊ အုပ်ချုပ်ရေး(အစိုးရ)နှင့် တရားစီရင်ရေး (တရားရုံးများ) မဏ္ဍိုင်တို့ သီးခြားကျင့်သုံးပြီး တစ်ခုနှင့်တစ်ခု အပြန်အလှန်ထိန်းကျောင်းခြင်း ဖြစ်ကြောင်း အထူးပြောစရာလိုမည် မထင်ပါ။ ယခုရက်သတ္တပတ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်က ရှင်ဓာတ်ဝဲဘုရား ပြင်ဆင်နေမှု ကို ဥပဒေ၊ နည်းဥပဒေများနှင့်...

လျှပ်စစ် သင်ခန်းစာ

လက်ရှိ တနင်္သာရီတိုင်း၏ လျှပ်စစ်အခြေအနေ အထူးသဖြင့် ထားဝယ်နှင့် မြိတ်လျှပ်စစ်အခြေအနေသည် ကုမ္ပဏီတို့၏ လက်ထဲသို့ ၀ကွက်အပ်ထားရပြီး ကုမ္ပဏီတို့ ပြုသမျှ နုနေရသည့် အနေအထား ဖြစ်နေသည်။ မြိတ်လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးကို ယခင် မီးလင်းရေးအဖွဲ့ ၉ ဖွဲ့ လက်ထဲ မှ မြိတ်စိမ်းလန်းစွမ်းအင်ကုမ္ပဏီက...
editorial

မြန်မာ့ကိုဗစ်နှင့် ခုတ်ရာတခြား ရှရာတခြား

ပါတီများ အပြိုင်အဆိုင် မဲဆွယ်နေကြသည်ကို အပြင်မှာရော အွန်လိုင်း တစ်ခွင်မှာပါ မြင်တွေ့နေရသည်။ အချို့မဲဆွယ်မှုများသည် အင်အား ရာနှင့်ချီ၍ ပါဝင်နေကြသည်။ တစ်ဦးနှင့် တစ်ဦး ခြောက်ပေခွာရန် မဆိုထားနှင့်။ ပခုံးဖက်၊ ခါးဖက် တိုးဝှေ့နေကြသည်တို့ပင် ရှိနေသည်။

ယုံကြည်မှု ပျက်သုဉ်းသွားသောအခါ

လူတစ်ယောက်သည် ကိုယ်မယုံကြည်တော့သည့် လူတစ်ယောက်၏ ပြောဆို ပြုမှု လုပ်ကိုင်မှုများအပေါ် မည်သို့တုန့်ပြန်သည်ကို လူတိုင်း သတိထားမိမည် ထင်ပါသည်။ ကိုယ်မယုံကြည်သူ၏ ပြောဆို ပြုမူ လုပ်ကိုင်မှုများနှင့် ပတ်သက်ပြီး သံသယ စိတ်ကြီးသည်။ ထောက်ခံအားပေးရန် မ၀ံ့မရဲ ဖြစ်သည်။ မဖြစ်မနေ အခြေအနေမျိုးမှသာ ပြောဆိုဆက်သွယ်လေ့ရှိပြီး ပြောဆို ဆက်သွယ်သည့်...

ပြင်ခဏ

ပြီးခဲ့သည့် အပတ်က ထားဝယ်မြိ့ ၀န်ကြီးအိမ်ရာရှေ့ရှိလမ်းတွင် ဆိုင်ကယ်စီးရင်း တစ်ခုခု ထူးသလို ခံစားရသည်။ သေသေချာချာ သတိထားကြည့်တော့ ယင်းလမ်းတွင် နှစ်ပေါက်အောင် ရှိနေသည့် လမ်းလယ်မျဉ်းဖြူ နှစ်ကြောင်းတွင် တစ်ကြောင်းသာ ရှိတော့သည်။ အတော့်ကို ၀မ်းသာ...