တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၏ အခန်းကဏ္ဍ

ကယားပြည်နယ် လွှတ်တော်က ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလိုက်သည်။ ယင်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်တွင် အစိုးရနှင့် လွှတ်တော်အကြား အပြင်းထန်ဆုံးသော ပွတ်တိုက်မှုဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အပြန်အလှန်ထိန်းကျောင်းမှု၏ သရုပ်သကန်လည်း ဖြစ်သည်။

ပြင်ခဏ

ပြီးခဲ့သည့် အပတ်က ထားဝယ်မြိ့ ၀န်ကြီးအိမ်ရာရှေ့ရှိလမ်းတွင် ဆိုင်ကယ်စီးရင်း တစ်ခုခု ထူးသလို ခံစားရသည်။ သေသေချာချာ သတိထားကြည့်တော့ ယင်းလမ်းတွင် နှစ်ပေါက်အောင် ရှိနေသည့် လမ်းလယ်မျဉ်းဖြူ နှစ်ကြောင်းတွင် တစ်ကြောင်းသာ ရှိတော့သည်။ အတော့်ကို ၀မ်းသာ...
editorial

မီဒီယာ အကြောင်း နားလည်သဘောပေါက်ခြင်း

အင်တာနက်ကို ကျယ်ကျယ်ပြန့်ပြန့် မသုံးစွဲနိုင်သည်အထိ မီဒီယာ ဆိုသည်မှာ ပုံနှိပ်၊ ရုပ်သံနှင့် ရေဒီယိုတို့သာ ဖြစ်သည်။ ယင်းအချိန်က မီဒီယာ ဆိုသည်များကို အစိုးရများ၊ စီးပွားရေး လုပ်ငန်းစုများကသာ ပိုင်ဆိုင်ထားလေ့ရှိပြီး မီဒီယာကိုအသုံးပြု၍ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့အပေါ် လွှမ်းမိုးနိုင်သော အင်အားတစ်ရပ်အဖြစ်...

အသံချဲ့စက် ကိစ္စ ပညာပေးရမည့်သူ

အသံချဲ့စက်နှင့် ပတ်သက်ပြီး ညည်းတွားကြ ပေါက်ကွဲကြသည်ကို  အခါမလပ်ကြားနေရသည်။ မင်္ဂလာဆောင်များတွင်လည်း မင်္ဂလာဆောင်အလျှောက်၊ အသုဘတွင်လည်း အသုဘအလျှောက်၊ ကထိန်တွင်လည်း ကထိန်အလျှောက် ဆူညံ ပွက်လောရိုက်အောင် ဖွင့်ကြသည်။ အိမ်တံခါးတွေ တဒီးဒီးတုန်ခါသွားသည်အထိ ဖွင့်ကြသည်။
editorial

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် အလွန်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သုံးရက်တာ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အပြီး ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး။ပြည်နယ် အစိုးရတို့အကြား ဆက်ဆံရေးပုံစံကို စောကြောမိသည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မြန်မာနိုင်ငံတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များဟု အစိုးရအလွှာနှစ်ရပ်ခွဲခြားထားသည်။ သဘောတရားအားဖြင့်လည်း လုပ်ပိုင်ခွင့်အာဏာများကို ခွဲခြားသတ်မှတ်ထားသည်။ သို့သော် အမှန်တကယ်...
editorial

မည်သို့သော အဖြေထွက်ရေးနည်း

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲ ကတိများအနက် တစ်ခုဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး ဆွေးနွေးပွဲကြီး ပြီးစီးသဖြင့် ခေတ္တရပ်နားထားပြီ ဖြစ်သည်။ ဆွေးနွေးမှုများ ပြီးနောက် များမကြာမီ ရက်ပိုင်းအတွင်း သက်ဆိုင်ရာ ပုဒ်မအလိုက် မဲခွဲဆုံးဖြတ်တော့မည် ဖြစ်သည်။
editorial

အချိန်ကောင်း

ကိုဗစ်အလွန် မြန်မာ့စီးပွားရေးကို နယ်သာလန်၊ နယူးဇီလန်တို့ကဲ့သို့ လယ်ယာထွက်ကုန် တင်ပို့ရောင်းချသောနိုင်ငံအဖြစ် အခြေတည်ရန် စဉ်းစားနေကြောင်း မြန်မာနိုင်ငံ၏ ခေါင်းဆောင်အချို့ စတင်ဖွင့်ဟလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း၊ တောင်သူဦးကြီးများသည် ကျေးဇူးရှင်များဖြစ်ကြောင်း အစိုးရအဆက်ဆက် ကြွေးကြော်ခဲ့သည်။ သို့သော် မြေယာပြဿနာ...
editorial

ထိုက်တန်သောဘဝ

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကပင် အပြတ်အသတ် အနိုင်ရခဲ့သည်။ ပါတီအသစ်များ အခြေမလှဘဲ အရှုံးနှင့် ရင်ဆိုင်သွားရပြီး တိုင်းရင်းသားပါတီအချို့သာလျှင် ယခင်ထက် အနည်းငယ်ပိုသော လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ရရှိခဲ့သည်။
editorial

ဒေသသင်ရိုး တကယ်အားကိုးပါရစေ

ပြီးခဲ့သည့် ရက်ပိုင်းက ကျွန်းစုမြို့နယ်က စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်းသားများ ဓနိဖက်ထိုးပြိုင်ကြသည့် ဓာတ်ပုံ လူမှုကွန်ရက်ပေါ် တွင် ပြန့်နှံ့လာသည်။ အသင်းလိုက် ပျော်ရွင် ရယ်မောစွာ ယှဉ်ပြိုင်နေကြသည်ကို တွေ့ရသည်မှာ ကြည့်သူကို အပျော်ကူးစက်စေသည်။ အဆိုပါ ပြိုင်ပွဲသည် ဒေသသင်ရိုး၏...

ကမ်းခြေတွေကို ဒီအတိုင်းပစ်ထားမှာလား

ထားဝယ်ကိုလာသည့် ခရီးသွားတိုင်းနီးပါး မောင်းမကန်ကို ရောက်ကြသည်။ မောင်းမကန်ကိုရောက်သည့် ခရီးသွားအတော်များများ ကလည်း မောင်းမကန် ကမ်းခြေသည်လှပီး သဘာဝအနေအထားအတိုင်း ရှိဆဲဟု ထောမနာ ပြုကြသည်။ တဆက်တည်းတွင်ပင် ကမ်းခြေစီမံခန့်ခွဲမှု အမှိုက်စွန့်ပစ်မှုများနှင့် ပတ်သက်ပီးလည်း မကြာခဏ အဝေဖန်ခံရသည်။ မောင်းမကန်ကမ်းခြေတွင်လည်း အမှိုက်ပြသနာသည် တစ်နှစ်ထက် တစ်နှစ် ရုပ်လုံးပေါ်လာသည်။...