editorial

နိုဝင်ဘာ ဆုတောင်း

ကသောင်းကနင်း နှစ်၏ နောက်ဆုံး တောင်ကုန်းဖြစ်ပါစေဟုသာ ဆုတောင်း လိုပါသည်။ ကိုဗစ်ကပ်ဘေး၊ မတည်ငြိမ်သော နိုင်ငံရေး၊ အစိုးရနှင့် တပ်မတော်တို့အကြား မပြေလည်မှုများဖြင့် ၂၀၂၀ ရွေးကောက်ပွဲကျင်းပသွားတော့မည် ဖြစ်သည်။ ဗုံးလှန့်သံများအကြားမှ...
editorial

ဒေသသင်ရိုး တကယ်အားကိုးပါရစေ

ပြီးခဲ့သည့် ရက်ပိုင်းက ကျွန်းစုမြို့နယ်က စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသူကျောင်းသားများ ဓနိဖက်ထိုးပြိုင်ကြသည့် ဓာတ်ပုံ လူမှုကွန်ရက်ပေါ် တွင် ပြန့်နှံ့လာသည်။ အသင်းလိုက် ပျော်ရွင် ရယ်မောစွာ ယှဉ်ပြိုင်နေကြသည်ကို တွေ့ရသည်မှာ ကြည့်သူကို အပျော်ကူးစက်စေသည်။ အဆိုပါ ပြိုင်ပွဲသည် ဒေသသင်ရိုး၏...
editorial

ရလဒ်နှင့် ဖြစ်စဉ်

ကိစ္စရပ်တစ်ခုခုကို အကောင်အထည်ဖော်တိုင်း ဖြစ်စဉ်နှင့် ရလဒ်ဟူ၍ ရှိသည်။ ရလဒ်မှာ ကိစ္စရပ်တစ်ခုခု အကောင်အထည်ဖော်ပြီးချိန် ထွက်ပေါ်လာသော အရာဖြစ်ပြီး ဖြစ်စဉ်မှာ (ထွက်ပေါ်လာသော) ရလဒ်ကို မည်သို့ အကောင် အထည်ဖော် လုပ်ဆောင်ခဲ့သနည်းဟူသော လုပ်ငန်းစနစ်ဖြစ်သည်။

စီမံမှုအတွက် မေးခွန်းများ

ထားဝယ်ခရိုင်လျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေးအတွက် တင်ဒါအောင်ထား သည့် ကုမ္ပဏီ လုပ်ငန်းမစမီ ကြားကာလတွင် မည်သို့ စီစဉ်ထားသနည်းဟူသည့် မေးခွန်းကို GGS ကုမ္ပဏီက ဆက်မလုပ်ပါက အစားထိုးမည့် အစီအစဉ် အဆင်သင့်ရှိသည်ဟု လျှပ်စစ်ဝန်ကြီးက ပြောဆိုထားသည်။ ၀မ်းသာစရာပင်။

အတိတ်ယားနာ

ယားနာဖြစ်ဖူးသူတိုင်း သိသည့် သီအိုရိတစ်ခု ရှိသည်။ ယားနာကို ပွတ်ခြင်း၊ ကုတ်ခြင်းသည် ယင်းအနာကို မပျောက်ကင်းစေ။ ပြင်းပြင်းထန်ထန်ကုတ်ပါက သွေးစို့တက်လာမည်။ ခဏတာ အယားပြေသော်လည်း အနာက ကောင်းမသွား။ သို့ဆိုလျှင် အတိတ်သည် ယားနာနှင့် တူသည်ဟု ဆိုရပေမည်။ ခဏခဏ ယား၍ ခဏခဏ ကုတ်ရသည်။...
editorial

မူဝါဒ ကြိမ်လုံးသုံးပါ

နိုင်ငံခေါင်းဆောင်များက အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ စာရိတ္တပြုပြင်ရေး၊ အခြေခံ ခံယူချက် ပြောင်းရေး တိုက်တွန်းလှုံ့ဆော်မှုများကို မကြာခဏ တွေ့ရသည်။ တိုင်းပြည်၏ ပြုပြင်ပြောင်းလဲရေးတွင် ကူတွန်းပေးရန်၊ ပြည်သူများကို မျက်နှာမူသည့် ၀န်ဆောင်မှုများ ပေးရန်တိုက်တွန်းအားပေးမှုများ မကြာခဏ တွေ့ရသည်။ နှစ်ပေါင်းများစွာ အမြစ်တွယ်နေသော ယန္တရားတစ်ခု၏...
editorial

ရေမှတစ်ဆင့် လူသတ်မှုဖြစ်လာနိုင်သည်

မိုးများသည်ဟု နာမည်ကြီးသော တနင်္သာရီတိုင်းအတွင်း ယခုနှစ်တွင် မိုးရာသီစံချိန်တင်မိုး လျော့နည်းခဲ့သည်။ မိုးရွာရက် ပျမ်းမျှ ၂၅ ရက်အထိ လျော့နည်းပြီး မိုးရေချိန်လက်မ သုံးပုံတစ်ပုံ ကျဆင်းခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ယခင်ကမကြုံဖူးခဲ့သည့် ရေရှားရာသီများ ယခုနှစ်ပိုင်းတွင် ပိုမိုရှည်လျားလာပြီး...
editorial

နမူနာနဲ့ ပြီးမှာလား

ဆလုံ ဘော်ဒါဆောင်ကျောင်းသား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖေဖော်ဝါရီလ လည်က တနင်္သာရီတိုင်းသို့လာစဉ်အတွင်း တိုင်းသူတိုင်းသားနှင့်တွေ့ဆုံခဲ့သည်။ တိုင်းသူတိုင်းသားတို့က မိမိ၏အခက်အခဲ၊ မိမိဒေသ၏ အခက်အခဲများကို  (အလုအယက်) တင်ပြကြသည်။ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပြန်ပြီးနောက် တိုင်းအတွင်းမှ တင်ပြမှုတို့ကို ပြန်လည်ရှင်းလင်းပြရန် တိုင်းအစိုးရအဖွဲ့အား တာဝန်ပေးသည်။ တိုင်းအစိုးရအဖွဲ့က...

အဝေးမြင်၊ အနီးမြင် ပြသနာ

ကိစ္စရပ်တစ်ခုတွင်ဖြစ်စေ၊ လုပ်ငန်းတစ်ခုတွင်ဖြစ်စေအမြဲလိုလို ကြုံရသည့် ပြသနာ တစ်ရပ်ရှိသည်။ အခြားမဟုတ်။ အဝေးမြင်ခြင်းနှင့် အနီးမြင်ခြင်း ဖြစ်သည်။ အလုပ်ရှင်နှင့် အလုပ်သမား၊ မိဘနှင့်သားသမီးမှအစ၊ နိုင်ငံတော်သမ္မတနှင့် အကြံပေး(သို့မဟုတ်) ထောက်ပြ ဝေဖန်သူများအဆုံး ယင်းပြသနာ ကြုံ ကြရသည်။ ယင်းတို့တွင် မည်သူကအနီးမြင်ပြီး မည်သူက အဝေးမြင်တတ်သည်ကို ပုံသေတပ်အပ် မပြောနိုင်ပေ။ တစ်ဦးချင်းစီ၏...

အမှိုက်ကင်းစင်ရေး လမ်းမပေါ်အဖြေမရှိ

နှစ်ရက်တာ အမှိုက်ကောက်လှုပ်ရှားမှု လုပ်ဆောင်ခဲ့ကြပြီးဖြစ်သည်။ ဦးစွာပြော လိုသည်မှာ အမှိုက်ကိုကောက်ရကောင်းမှန်း သိလာသည့်အတွက် များစွာကျေးဇူးတင်လှ သည်။ ပထမတော့ မည်သူမည်ဝါမှန်း မသိပစ်ခဲ့သော အမှိုက်များအတိုင်းအတာတစ်ရပ် အထိ ရှင်းသွားမည်။ သို့သော် အမှိုက်လိုက်ကောက်နေရုံဖြင့် ထာဝရအမှိုက်ကင်းသွားမည်မဟုတ်ပါ။အမှိုက်ကောက်ပြီးနောက် နောက်တစ်ဆင့်တက်ရန်မှာ အမှိုက်ကိုစည်းကမ်းမဲ့မပစ်ရေး အသိတိုးရန် ဖြစ်သည်။ ထိုနောက်အမှိုက်ကို မည်သည့်နေရာတွင် ပစ်ရမည်ဟူသော...