တိုင်းနှင့် ပြည်နယ် လွှတ်တော်များ၏ အခန်းကဏ္ဍ

0
771

ကယားပြည်နယ် လွှတ်တော်က ကယားပြည်နယ် ဝန်ကြီးချုပ်ကို စွပ်စွဲပြစ်တင် ဖြုတ်ချလိုက်သည်။ ယင်းမှာ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်ဝင်ပြီးနောက်ပိုင်း အစိုးရ အဆက်ဆက်တွင် အစိုးရနှင့် လွှတ်တော်အကြား အပြင်းထန်ဆုံးသော ပွတ်တိုက်မှုဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော အပြန်အလှန်ထိန်းကျောင်းမှု၏ သရုပ်သကန်လည်း ဖြစ်သည်။

ပြည်နယ် လွှတ်တော်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်း မှားယွင်းကြောင်း ဝေဖန်အချက် အချို့ရှိသော်လည်း ဒီမိုကရေစီ စနစ်အရ လွှတ်တော်၏ အဆုံးအဖြတ်ကို သမ္မတက လက်ခံအသိအမှတ်ပြု လိုက်သည်။

ယင်းမှာ ပိုမိုရင့်ကျက်တည်ငြိမ်သော ဒီမိုကရေစီစနစ်အတွက် အလားအလာ ကောင်းလည်း ဖြစ်သည်။

ယင်းအပြင် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဇယား (၂) အရ လုပ်ပိုင်ခွင့် အကန့်အသတ်များစွာ ရှိသော်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၏ အရေးပါပုံကို ပြည်သူများ ထင်ရှားစွာလေ့လာနိုင်သည်။

မြန်မာနိုင်ငံသည် ဖက်ဒရယ်စနစ် မဟုတ်သေးသည့်တိုင် တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များ၏ လုပ်နိုင်စွမ်းကို လေ့လာနိုင်သည်။ တိုင်း ဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ လွှတ်တော်များက မည်မျှအထိ ထိန်းကျောင်းနိုင်ကြောင်းကို ထင်ရှားစေသည်။

အယ်ဒီတာ (စက်တင်ဘာ ၅၊ ၂၀၂၀)