အိမ်တွင်နေထိုင်ရန် သတ်မှတ်ထားသည့်မြို့နယ်မှ လာသူများကွာရန်တင်းဝင် ရောဂါစစ်ဆေးမှု ခံရမည်

0
491

ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်တို့ရှိ အိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည့် မြို့နယ်တို့မှ မွန်ပြည်နယ်သို့ လာရောက်သူများအနေနှင့် တားမြစ်သတ်မှတ်ထားသည့်နေရာ (Quarantine Camp) တွင် စောင့်ကြည့်ခံ ရမည့်အပြင် ရောဂါပိုးရှိမရှိကိုလည်း စစ်ဆေးခံရမည်ဟု ပြည်နယ်အစိုးရအဖွဲ့ မှ သိရသည်။

၎င်းတို့သည် ၁၄ ရက် စောင့်ကြည့် ခံရမည်ဖြစ်ပြီး ရောဂါပိုး ရှိ၊ မရှိကို နှစ်ကြိမ် စစ်ဆေးခံရမည်ဖြစ်ကြောင်း ရောဂါပိုးမရှိလျှင် နေအိမ်တွင် ခုနစ်ရက် ထပ်မံစောင့်ကြည့်ခံရမည်ဟု ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။

ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ

လက်ရှိတွင် ရန်ကုန်နှင့် ရခိုင်က အိမ်တွင်နေထိုင်ရန် သတ်မှတ်ထားသည့် မြို့နယ်တို့မှ လာသူများကို ကားဂိတ်နှင့် ဘူတာရုံတို့တွင် မြို့နယ်အုပ်ချုပ်ရေး၊ ဌာနဆိုင်ရာနှင့် လူမှုကူညီရေးအဖွဲ့တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က လိုက်လံ စစ်ဆေးနေပြီး Quarantine Camp သို့ ပို့ဆောင်နေသည်ဟု မော်လမြိုင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝေလင်းထွန်းထံမှ သိရသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ် တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိလာပြီးနောက် မြို့ပေါ် ရပ်ကွက်နှစ်ခုဖြစ်သည့် မုပွန်နှင့် စစ်ကဲ ကုန်းရပ်ကွက်ကိုလည်း အိမ်တွင်နေထိုင်ရန် (Stay at Home) သတ်မှတ်ထားသည်။

၎င်းပြင် စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ်ဖြင့်ရောင်းရန်နှင့် အပြင်ထွက်လျှင် နှာခေါင်းစည်း တပ်ရန်လည်း အမိန့်ထုတ်ပြန်ထားပြီး လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါကာကွယ် နှိမ်နင်းရေး ဥပဒေအရ အရေးယူမည်ဟုလည်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည်။

လက်ရှိတွင် မွန်ပြည်နယ်တွင် ရောဂါပိုးကူးစက်ခံရသူ ၁၂ ဦးရှိနေပြီး ရောဂါပိုးရှိသူတို့နှင့် ထိတွေ့ခဲ့သူ ၁၀ဝ ကျော်ကိုလည်း တားမြစ်ကန့်သတ်ထားသည့်နေရာတွင် ထားရှိစောင့်ကြည့်နေသည်။

Dawei Watch