ကမ်းခြေတွေကို ဒီအတိုင်းပစ်ထားမှာလား

0
581

ထားဝယ်ကိုလာသည့် ခရီးသွားတိုင်းနီးပါး မောင်းမကန်ကို ရောက်ကြသည်။ မောင်းမကန်ကိုရောက်သည့် ခရီးသွားအတော်များများ ကလည်း မောင်းမကန် ကမ်းခြေသည်လှပီး သဘာဝအနေအထားအတိုင်း ရှိဆဲဟု ထောမနာ ပြုကြသည်။

တဆက်တည်းတွင်ပင် ကမ်းခြေစီမံခန့်ခွဲမှု အမှိုက်စွန့်ပစ်မှုများနှင့် ပတ်သက်ပီးလည်း မကြာခဏ အဝေဖန်ခံရသည်။ မောင်းမကန်ကမ်းခြေတွင်လည်း အမှိုက်ပြသနာသည် တစ်နှစ်ထက် တစ်နှစ် ရုပ်လုံးပေါ်လာသည်။ သို့သော် လက်ရှိအခြေအနေအထိ ယင်းကို ဖြေရှင်းမည့် အရိပ်အယောင် မတွေ့ရသေးပေ။
ဆိုင်ခန်းများကို ကမ်းခြေနှင့် မည်မျှဝေးသည့်နေရာတွင်သာ ခွင့်ပြုမည်။ လိင်အသားပေး လုပ်ငန်းကို ဦးတည်သည် ခရီးသွားလုပ်ငန်းမျိုး ဖြစ်မလာစေရန် မည်သည့်ဖျော်ဖြေရေး လုပ်ငန်မျိုးကို မည်သို့ ခွင့်ပြုမည်။ အမှိုက်သိမ်းစနစ်ကို မည်သို့ ထားမည်။ ကမ်းခြေဟိုတယ်များကို မည်သို့ စည်းကမ်းသတ်မှတ်မည် စသဖြင့် စနစ်တကျ အစီအစဉ်များ ရေးဆွဲရန် လိုအပ် နေပီဖြစ်သည်၊

သို့မဟုတ်ပါက ခရီးသွားလုပ်ငန်းများ၏ ကြွားလုံးများဖြင့် မျှော်လင့်တကြီး ရောက်လာကြသည့် ခရီးသွားဧည့်သည်များ စိတ်ပျက် လက်ပျက်ဖြစ်ကြရမည် ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းတွင် ကမ်းခြေပေါင်းများစွာ ရှိသည်။ သို့သော် လောက်လောက်လားလား စနစ်တကျ ခရီးသွားလုပ်ငန်းအတွက် ပြင်ဆင်သည့် ကမ်းခြေကို မတွေ့ရပေ။

ခရီးသွားလုပ်ငန်းတွင် ဘုရားစေတီ ပုထိုးများထက် ကမ်းခြေများကို လူအများစု စိတ်ဝင်စားသည်။ ထို့အတူပင် ကမ်းခြေများသည် ဒေသအတွက် ဝင်ငွေကို ဖန်တီးပေးနိုင်သည့် နေရာလည်း ဖြစ်သည်။

ထို့ကြောင့် ကမ်းခြေများ စနစ်တကျ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ ဌာနတစ်ခုခုက ဖြစ်စေ၊ ဌာနများ ပူးပေါင်းကာ ဖြစ်စေ စနစ်တကျ အကောင်အထည် ဖော်သင့်နေပီ ဖြစ်သည်။ သို့မဟုတ်ပါက ရောဂါကျွမ်းမှ ဆေးကုရသကဲ့သို့ဖြစ်ပီး ဒေသအတွက်ရော ဒေသခံများအတွက်ပါ နစ်နာဆုံးရှုံးရမည်ဖြစ်သည်။