ထိုင်းတွင် ကားနှင့်ဆိုင်ကယ်တိုက်၊ ဆိုင်ကယ်စီးလာသည့် မြန်မာလုပ်သား နှစ်ဦးသေဆုံး

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် မြန်မာအလုပ်သမား သုံးဦးစီးလာသည့် ဆိုင်ကယ်သည် ခြောက်ဘီးတပ်ကားကို ဝင်တိုက်မိသဖြင့် မြန်မာနှစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲခန့်တွင် ဘန့်ဖယ့်ဝိုဒေသရှိ လမ်းဆုံတစ်နေရာတွင်...

ထိုင်းရောက်မြန်မာများ နိုင်ငံကူးလက်မှတ်အသစ်လုပ်လျှင် အလုပ်သမားကတ်တစ်ပါတည်းလုပ်ပေးမည်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ PJ အမျိုးအစား နိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားသူများကို ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) ကို တစ်ပါတည်း လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အောက်တိုဘာလ ၃၁ ရက်နေ့တွင် ထုတ်ပြန်သည်။ နိုဝင်ဘာလ ၇...

ထိုင်းတွင် လျော်ကြေးမရဘဲ အလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားတစ်ရာကျော်ဆန္ဒပြ

ထိုင်းနိုင်ငံ စမူပရကန်ခရိုင်ရှိ ငါးသေတ္တာစက်ရုံတစ်ခုတွင် တရားဝင်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၁၀ ဦး လျော်ကြေးမရဘဲ အလုပ်ထုတ်ခံလိုက်ရသဖြင့် စက်ရုံရှေ့တွင် ယနေ့ ဆန္ဒပြကြကြောင်း အလုပ်သမားများက ပြောသည်။ အဆိုပါအလုပ်သမားများမှာ စမူပရကန်ခရိုင် ဘန်ဘော်နယ်မြေရှိ Premier Canning...

ကားတိုက်မှုတွင် သေဆုံးခဲ့သောမြန်မာလုပ်သားအတွက် လျော်ကြေးဘတ်ငါးသိန်းရ

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားတိုက်မှုဖြင့် သေဆုံးသွားသော တရားမဝင် မြန်မာအလုပ်သမား ငါးဦးအနက် လျော်ကြေးရရန် ကျန်ရှိနေသော မြန်မာအလုပ်သမားတစ်ဦးအတွက် ဘတ် ငါးသိန်းကို ယနေ့ (စက်တင်ဘာ ၁၉) တွင် လက်ခံရရှိကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ထိုင်း စူရတ်ဌာနီတွင် အလုပ်ဖြုတ်ခံရသော မြန်မာလုပ်သားများ လျော်ကြေး ဘတ်တစ်သန်းကျော်ရမည်

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်တွင် နစ်နာကြေးမရရှိဘဲ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် နစ်နာကြေး ဘတ် တစ်သန်းကျော်ရရှိတော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမား ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။ စူရတ်ဌာနီခရိုင် ချိုင့်ရာမြို့ ဖွန်ဖတ်သစ်စက်ရုံတွင်...

အိန္ဒိယနိုင်ငံသားများကို လူမှောင်ခိုကူး၍ မြန်မာနိုင်ငံတွင် ပိတ်လှောင်ထား

ထိုင်းနိုင်ငံတွင် IT နှင့်ပက်သက်၍ အလုပ်ရမည်ဟုဆိုကာ အိန္ဒိယနိုင်ငံသားများကို လိမ်ညာကာ လူမှောင်ခိုကူးလာပြီး မြန်မာနိုင်ငံတွင် ပိတ်လှောင်ဖမ်းဆီးထားကာ အဓမ္မအလုပ်ခိုင်းစေနေကြောင်း စက်တင်ဘာ ၂၄ ရက်နေ့တွင် မွန်ဘိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှတစ်ဆင့် ထိုင်းနိုင်ငံတွင် IT လုပ်ငန်းလုပ်ကိုင်ရမည်ဟု ကတိပေးကာ ၎င်းတို့ကိုခေါ်ဆောင်လာပြီးနောက် မဲဆောက်-မြဝတီ...

ထိုင်းတွင် အလုပ်ထုတ်ခံရသော မြန်မာလုပ်သား ၂၇၀ကျော် နစ်နာကြေး ဘတ်ငါးသန်းကျော်ရ

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင်ရှိ လျှပ်စစ်ပစ္စည်းစက်ရုံမှ အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၂၇၀ ကျော်အတွက် တစ်ဦးလျှင် ဘတ်နှစ်သောင်းကျော်နှုန်းဖြင့် စုစုပေါင်းဘတ် ငါးသန်းကျော် နစ်နာကြေးရရှိကြောင်း အလုပ်ထုတ် ခံရသည့် အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ (AAC) တို့ထံမှ သိရသည်။

ထိုင်းတွင် ကံပေါက်သူတစ်ဦး ပယောဂဝင်ပူးသည်ဟုဆိုကာ ရိုက်နှက်ခံရမှုကြောင့် သေဆုံး

ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်တွင် ပယောဂဝင်ပူးသည်ဟုဆိုကာ ရွှေရင်ကျော်ဆရာဆိုသူက ရိုက်နှက်ကုသမှုကြောင့် ကံပေါက်ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဘန်စဖန်ဒေသတွင် ကံပေါက်ဒေသခံအမျိုးသမီးကို ရွှေရင်ကျော်ဆရာဆိုသူက သုံးရက်တိုင်တိုင် ရိုက်နှက်ကုသခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် သေဆုံးသွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ...

ရနောင်းတွင် ဘုရားဖူးပြန်လာသော မြန်မာလုပ်သားကား တိမ်းမှောက်၊ ၃၈ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် မြန်မာအလုပ်သမားများပါသော ဘုရားဖူးပြန် မီနီဘတ်စ်ကားတစ်စီးသည် ဒီဇင်ဘာလ ၂၈ ရက် ညပိုင်းတွင် တိမ်းမှောက်ခဲ့သဖြင့် မြန်မာအလုပ်သမား ၃၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရနောင်းခရိုင် ဘန့်နော်ဒေသရှိ ရနောင်းမြို့သို့ မရောက်မီ...

မြန်မာသို့ လူကုန်ကူးခံရသည့် အိန္ဒိယအိုင်တီပညာရှင် ၅၀၀ကျော် ဖမ်းဆီးပိတ်လှောင်ခံထားရ

အိန္ဒိယနိုင်ငံသား နည်းပညာကျွမ်းကျင်ပညာရှင် ၅၀၀ ကျော်အထိ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ဖမ်းဆီးပိတ်လှောင် ခံထားရဆဲဖြစ်ပြီး နေ့ရောညပါ အလုပ်လုပ်ရန် စေခိုင်းခံနေရဆဲဖြစ်ကြောင်း အိန္ဒိယသတင်းဌာန GoaChronicle တွင် အောက်တိုဘာလ ၂ ရက်နေ့က ရေးသားဖော်ပြသည်။ ၎င်းတို့ကို စေခိုင်းသော...