ထိုင်း တာခ့်ခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၄ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၄ ဦးကို ယနေ့ အောက်တိုဘာလ ၅ ရက် နံနက်တွင် ဖမ်းမိကြောင်း အမှတ် ၃၅ ထိုင်းနယ်ခြားစောင့်တပ်က ထုတ်ပြန်ထားသည်။ မဲလမတ်ဒေသတွင်...

ထိုင်းတွင် လုပ်ခတိုးမြှင့်မှု စက်ရုံက မြန်မာလုပ်သားများခံစားခွင့်ရ၊ နယ်စပ်နှင့် ခြံအလုပ်အချို့တွင် မရသေး

ထိုင်းနိုင်ငံအစိုးရက နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်လိုက်ပြီးနောက် စက်ရုံအများအပြားရှိ မြန်မာ အလုပ်သမားများ ယခုအောက်တိုဘာလမှစတင်ကာ ခံစားခွင့်ရရှိပြီး နယ်စပ်နှင့် ခြံလုပ်ငန်းအချို့တွင်မူ မရရှိကြသေး ကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းတွင် ၁၄ နှစ်အကြာ၌ အမြင့်ဆုံးပြန်ရောက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းကို...

တရားမဝင်လမ်းကြောင်းဖြင့် မလေးရှားသွားမည့် မြန်မာလုပ်သား ၃၀ ထိုင်းတွင် ဖမ်းဆီးခံရ

မလေးရှားတွင် သွားရောက်လုပ်ကိုင်ရန်အတွက် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက် လာသော မြန်မာအလုပ်သမား ၃၀ ဦးကို အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိ ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ...

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၀ဝနီးပါး ခရိုင်သုံးခုတွင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ခရိုင်နှစ်ခုတွင် တရားမဝင် လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၉၆ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများက ရေးသားသည်။ ဒီဇင်ဘာလ ၄ရက်နေ့တွင် ကန်ချနဘူရီခရိုင်၌ အထောက်အထားမဲ့ မြန်မာအလုပ်သမား ၅၃ဦးနှင့် ဒီဇင်ဘာလ ၃...

ဘန်ကောက်၌ ခြောက်လကြာပျောက်နေသည့် မြန်မာအမျိုးသမီးဟုယူဆရသောအလောင်း ရေတိုင်ကီထဲတွင်တွေ့

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ လွန်ခဲ့သော ၆ လခန့်က ပျောက်ဆုံးနေခဲ့သော မြန်မာအမျိုးသမီးဟု ယူဆရသော ရုပ်အလောင်းကို ဒီဇင်ဘာလ ၁၉ ရက်က အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်ရှိ ရေတိုင်ကီထဲတွင် တွေ့ရှိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အလောင်းတွင်...

မဲဆောက်တွင် ကမ္ဘာ့ဖလားဘောလုံးပွဲ လောင်းကစားလုပ်သည်ဟုဆိုကာ မြန်မာနှစ်ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ကမ္ဘာ့ဖလားဘောလုံးပွဲရလဒ်ကို အွန်လိုင်းလောင်းကစားပြုလုပ်နေသည်ဟု စွပ်စွဲကာ မြန်မာလူငယ်နှစ်ဦးကို ယနေ့ (နိုဝင်ဘာ ၂၉) နံနက်ပိုင်းက မဲဆောက်မြို့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ တာခ့်ခရိုင် မဲဆောက်မြို့ ဘိုဝ်ခုန်လမ်းရှိ ဝနပလာဇာဈေးတွင်...

ထိုင်းတောင်ပိုင်း ရော်ဘာခြံတွင် မြန်မာလုပ်သားထံမှ လက်လုပ်သေနတ်သုံးလက် ဖမ်းမိဟုဆို

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်တွင် ရာဘာခြံအတွင်း နေထိုင်လုပ်ကိုင်လျက်ရှိသော မြန်မာခြံအလုပ်သမားများထံမှ တရားမဝင် လက်လုပ်ပြောင်းရှည်သေနတ် ၃ လက်ကို ယနေ့ (အောက်တိုဘာ ၁၁) ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းဌာနတွင် ရေးသားထားသည်။ စွန်ခရာခရိုင် စဒေါင်းဒေသ...

တရားမဝင် မြန်မာလုပ်သား ၁၉ ဦးမလေးရှားနယ်စပ်တွင် ဖမ်းဆီးခံရ

ထိုင်း-မလေးရှားနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို မလေးရှားနိုင်ငံ ပြည်နယ်နှစ်ခုတွင် ယမန်နေ့ (အောက်တိုဘာ ၁၇) ညနေပိုင်းအချိန်က ဖမ်းဆီးရမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မလေးရှားနယ်စပ် Kedah ပြည်နယ် Bukit Kayu Hitam နှင့် ကလန်တန်းပြည်နယ် Tanah...

ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းသူတို့တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့လာ

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသူတို့တွင် ကိုဗစ်ပိုး ဆက်တိုက်တွေ့ရှိ လာနေကြောင်း ကော့သောင်းခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ အောက်တိုဘာလ ၂ ရက်က ရနောင်းဘက်မှ ကော့သောင်းသို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၇၈...

ထိုင်းတောင်ပိုင်းတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၄၀ ကျော် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ပစ်ကပ်ကားနှစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၄၂ ဦးကို နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်စောစောပိုင်းတွင် ဖမ်းဆီးရမိကြောင်း Bangkok Post သတင်းဌာနက ဖော်ပြထားသည်။ စူရတ်ဌာနီခရိုင် ဖူးဖင်းဒေသ...