Migration

ထိုင်းတွင် နှစ်ရက်အတွင်း တရားမဝင် ဝင်သည့် မြန်မာလုပ်သားနှစ်ရာကျော်အဖမ်းခံရ

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၁၄ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်က ယ‌နေ့ (ဇွန်၂၁) သတင်းထုတ်ပြန်သည်။ ဇွန်လ ၁၉ရက်နှင့် ၂၀ ရက်တို့တွင် အဖမ်းခံရခြင်းဖြစ်သည်။

ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာလုပ်သား ၁၃၀ နီးပါးကို ကော့သောင်းသို့ ပြန်လွှဲ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီး လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့‌‌ပြောင်းအလုပ်သမား ၁၂၉ ဦးကို မတ်လ ၁ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေးကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ ထိုင်းနိုင်ငံ အခြေစိုက် FED...

ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၃၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံသို့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာအလုပ်သမား ၃၀ ဦးကို ဧပြီလ ၂၆ရက်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်လိုက်သည်။ ပစ်ကပ်ကားနှစ်စီးကို Lat Bua Luang ခရိုင်တွင် တားဆီးစစ်ဆေးရာမှတစ်ဆင့်...

ထိုင်းတွင် လျှပ်စစ်မီတာခဈေးမြင့်တက်မှု မြန်မာလုပ်သားများ ပိုခက်ခဲလာနိုင်

ထိုင်းနိုင်ငံတွင် ကုန်ဈေးနှုန်းများ မြင့်တက်နေချိန် လျှပ်စစ်မီတာခပါ ဈေးတက်တော့မည်ဖြစ်ရာ မြန်မာအလုပ်သမားများအတွက် အခက်အခဲပိုမိုရင်ဆိုင်ရနိုင်ကြောင်း ထိုင်းရောက်မြန်မာအလုပ်သမားများကို မေးမြန်းချက်အရ သိရသည်။ ပြည်တွင်းတွင် ဓာတ်ငွေ့ထုတ်လုပ်မှုလျော့ကျလာ၍ LNG (Liquefied Natural Gas) ဓာတ်ငွေ့ကို ပြည်ပမှ ဈေးကြီးပေးတင်သွင်းနေရသဖြင့်...

မဟာချိုင်တွင် အလုပ်ထုတ်ခံရသောမြန်မာလုပ်သား ၄၅ဦး လျော်ကြေးဘတ် တစ်သန်းကျော်ရ

ထိုင်းနိုင်ငံ မဟာချိုင်မြို့တွင် ကိုဗစ်ကာလအတွင်း အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမား ၄၅ဦး လျော်ကြေး ဘတ် ၁ ဒသမ ၃ သန်းကျော်ရရှိပြီး ယင်းငွေကို ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအခွင့်ရေးကွန်ရက် (MWRN) မှ သိရှိရသည်။
Migration

ထိုင်းက လွှဲပေးသည့် မြန်မာ ၂၇ဝခန့်တွင် မူးယစ်ဆေးအမှုဖြင့်ပြစ်ဒဏ်ကျခံခဲ့ရသူအများစုပါဝင်

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရရာမှ လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ဇွန်လ ၇ ရက်နေ့တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါမြန်မာအလုပ်သမားများအနက် အမျိုးသား ၉၆ ဦးနှင့်...

ဘန်ကောက် အဟောင်းဆိုင်တွင် ပေါက်ကွဲမှုကြောင့် မြန်မာလုပ်သားတစ်ဦးသေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဟောင်းဆိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် လေအေးပိုက်များကို ဖြတ်တောက်နေစဉ်ပေါက်ကွဲမှုဖြစ်ပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဘန်ကောက်က ဖတ်ခနုံနယ်မြေတွင် မေလ ၁၂ ရက် နေ့လယ်ပိုင်းက လေအေးပေးစက်များတွင် သုံးသော လေအေးပိုက်...

အယုဒ္ဓယတွင် တရားမဝင် ဝင်လာသည့် မြန်မာ ၂၀ ကျော်ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၂၅ ဦးနှင့် ၎င်းတို့ကို ဗန်ကားဖြင့် ခေါ်ဆောင်လာသော မြန်မာနှစ်ဦးတို့ ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အယုဒ္ဓယခရိုင်ရှိ အမြန်လမ်းမတွင် ယနေ့ မေလ ၁၃...

ချင်းမိုင်တွင် တရားမဝင် နေထိုင်နေသော မြန်မာ ၂၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် တရားမဝင် နေထိုင်နေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၂၇ ဦးကို မေလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။ ချင်းမိုင်မြို့ထဲရှိ ချန်ကလန်နှင့် မြို့ထဲနေရာအချို့ကို ထိုင်းလဝကနှင့် ရဲတပ်ဖွဲ့များက ရှောင်တခင်...

ဘန်ကောက်တွင် မြန်မာတစ်ဦး ဇနီးသည်ကို သတ်သည်ဟုဆို

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာဇနီးမောင်နှံ မေလ ၁၅ရက် နေ့လယ်ပိုင်းက နေထိုင်ရာအခန်း၌ စကားများ ရန်ဖြစ်ပြီးနောက် ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အဆိုပါဇနီးမောင်နှံ အတူပေါင်းသင်းနေထိုင်နေသည်မှာ ငါးလခန့်သာ ရှိသေးသည်ဟုဆိုသည်။ သေဆုံးသူ...