ထိုင်းက လွှဲပေးသည့် မြန်မာ ၂၇ဝခန့်တွင် မူးယစ်ဆေးအမှုဖြင့်ပြစ်ဒဏ်ကျခံခဲ့ရသူအများစုပါဝင်

0
213
Migration

ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံခဲ့ရရာမှ လွတ်ရက်စေ့ပြီဖြစ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ဇွန်လ ၇ ရက်နေ့တွင် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါမြန်မာအလုပ်သမားများအနက် အမျိုးသား ၉၆ ဦးနှင့် အမျိုးသမီး ၇၃ ဦး ပါဝင်ပြီး အများစုမှာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်သည့် ပြစ်မှုများဖြင့် ပြစ်ဒဏ်ကျခံခဲ့ရသူများဖြစ်ကြောင်း ယင်းဌာနက ထုတ်ပြန်သည်။

ရွှေ့ပြောင်းအလုပ်သမားတို့သည် အ‌ကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ် ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မူကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် အချိန်လေးလကြာ ထပ်မံထိန်းသိမ်းခံခဲ့ရကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းနောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ခြင်းဖြစ်သည်။

၎င်းတို့အား ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီး ကွာရန်တင်းစခန်းတွင် ထားရှိပေးထားကြောင်း
ကော့သောင်း အခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိတစ်ဦးက ပြောပြသည်။

မြန်မာရွှေ့‌‌ပြောင်းအလုပ်သမားတို့အား လွှဲပြောင်းပေးခြင်းကို နှစ်နိုင်ငံတာဝန်ရှိသူတို့က ဆောင်ရွက်ပေးခဲ့ကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ၆ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၂၇ ဦး၊ အသက် ၁၈ နှစ်အောက် ယောင်္ကျားလေး ၇ ဦး၊ မိန်းခလေး ၂ ဦး စုစုပေါင်း ၁၃၂ ဦးတို့အား ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။