စည်ပင်ခွင့်ပြုချက်မရှိဘဲ လမ်းဘေးပလက်ဖောင်းတွင် ဖြူနီကြား ဆေးမသုတ်ရ

ထားဝယ်မြို့အတွင်းရှိ လမ်းဘေး ပလက်ဖောင်းတွင် စည်ပင်သာယာရေး အဖွဲ့၏ ခွင့်ပြုချက်မရှိဘဲ ဆေးမသုတ်ရန် ထားဝယ်မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လမ်းဘေးပလက်ဖောင်းတွင် ဖြူနီ ကြားဆေးသုတ်ခြင်း၊ အဝါနက်ကြား ဆေးသုတ်ခြင်း စသည်တို့ကို စည်ပင် သာယာရေးအဖွဲ့ကသာ လုပ်ဆောင်ခွင့်ရှိ ပြီး ပုဂ်္ဂလိကအနေဖြင့် လုပ်ဆောင်ခွင့်မရှိ...

မွန်ပြည်သစ်နှင့် KNU ပစ်ခတ်မှု ထပ်မဖြစ်ရေး

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှုထပ်မံမဖြစ်ပွားစေ ရေးအတွက် နှစ်ဘက်ခေါင်းဆောင်တို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းခဲ့သည်ဟု နှစ်ဘက်ခေါင်းဆောင်တို့ထံမှ သိရ သည်။ မွန်ပြည်သစ်နှင့် KNU အောက်ခြေ တပ်ဖွဲ့ဝင်များအကြား ဘုရားသုံးဆူ မြို့နယ် ဗလဲ့ဒွန်ဖိုက်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်ကတစ်ကြိမ်၊ အောက်တိုဘာ...

ပေါင်တွင် ဖယောင်းတိုင်မီးဖြင့် စာကျက်ရာမှ နေအိမ်ခြောက်လုံး မီးလောင်

မွန်ပြည်နယ် ပေါင်မြို့၊ ပေါင်ရပ်ကွက်တွင် ဖယောင်းတိုင်မီးဖြင့် စာကျက် ရာမှ နေအိမ်ခြောက်လုံးမီးလောင်ခဲ့ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက် ည ၁၁ နာရီခွဲအချိန်ခန့်တွင် နေအိမ် တစ်အိမ်မှ ရှစ်တန်းကျောင်းသူတစ်ဦး ဖယောင်းတိုင်မီးဖြင့် စာကျက်နေစဉ် အိမ်ငိုက်သွားခဲ့ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး...

မော်လမြိုင်တွင် အတ္တရံမြစ်ရေ သန့်စင် ဖြန့်ဝေမည်

အတ်ထရံမွဈရကေို သနျ့စငျပွီး မောျလမွိုငျမွို့ မွောကျပိုငျးတှငျ ဖွနျ့ေ၀ သှားမညျဟု မှနျပွညျနယျအစိုးရအဖှဲ့ စညျပငျသာယာရေးနှငျ့ ဆောကျလုပျရေး ဝနျကွီးက ပွောကွားသညျ။ အတ္ထရံမြစ်ရေသန့်စင်သည့် စီမံကိန်းကို အောက်တိုဘာ ၁၇ ရက်မှ စတင် ဆောင်ရွက်နေပြီး စီမံကိန်း တစ်နှစ်အတွင်း အပြီးလုပ်ဆောင်နိုင်ရန် စီစဉ်ထားသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့...

အမျိုးသားတစ်ဦးတွင် လက်သီးဆုပ်ထက်ကြီးသည့် ဆီးကျောက် ခွဲထုတ်

ဆီးအိမ်အတွင်းတွင် လက်သီးဆုပ် အရွယ်ထက်ကြီးသည့် ဆီးကျောက်တည် နေသော အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၂၂ ရက်က  ထားဝယ်ဆေးရုံကြီးတွင် ခွဲစိတ်ထုတ်ယူခဲ့သည်။ ဆီးကျောက်တည်နေသည့် လောင်းလုံး မြို့နယ်၊ ကျောက်နီမော်ကျေးရွာနေ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အချိန် တစ်နာရီခန့်ယူကာ...

ဒေသခံကမ်းဝေးငါးဖမ်းလှေများ VMSတပ်ဆင်ရန် အခက်အခဲရှိဟုဆို

ဒေသလိုအပ်ချက်အရ ဒေသခံ ကမ်းဝေးလိုင်စင်ထုတ်ပေးထားသော ငါးဖမ်းလှေများသည် VMS စနစ်ကို တပ်ဆင်ရန် အခက်အခဲရှိနေကြောင်း ယင်းလှေပိုင်ရှင်များက ပြောသည်။ ဒေသခံကမ်းဝေး(တဝ) လှေများ အပါအဝင် ကမ်းဝေးငါးဖမ်းလှေများ အားလုံး VMS စနစ်တပ်ဆင်ရမည်ဟု ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည့်အပေါ် လှေပိုင်ရှင်များက ပြောဆိုခဲ့ ကြခြင်းဖြစ်သည်။

တရုတ်ဝယ်လက်မရှိသဖြင့် ထားဝယ်ဖာလာ နှစ်နှစ်ဆက်တိုက် ဈေးကွက်ပျောက်နေ

တရုတ်ဝယ်လက်မရှိသဖြင့် ထားဝယ် ဒေသထွက်ဖာလာ နှစ်နှစ်ဆက်တိုက် ဈေးကွက်ပျက်(ပျောက်)နေသည်ဟု ထားဝယ်မြို့မှ ဖာလာဝယ်ယူရောင်းချသည့် ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။ ထားဝယ်ဒေသထွက် ချဉ်ပေါင် ဖာလာကို သီးသန့်စိုက်ပျိုးသူနည်းပါးပြီး ဥယျာဉ်ခြံမြေများတွင် အလေ့ကျပေါက် ရောက်လေ့ရှိသည့် ဖာလာများကို တောင်သူများက ခူးရောင်းကြသည်ဟု ဖာလာရောင်းဝယ်သည့် ပွဲရုံလုပ်ငန်းရှင် များအချို့က ပြောသည်။

ထားဝယ်စီမံကိန်း နှောင့်နှေးရသည့် အကြောင်းဒေါ်အောင်ဆန်းစုကြည် ပြော

၁၀ နှစ်နီးပါးရှိလာသည်အထိ သိသာထင်ရှားသော တိုးတက်မှု မပြသနိုင် သေးသည့် ထားဝယ်စီမံကိန်း နှောင့်နှေးရခြင်းမှာ ပိုမိုညှိနှိုင်းရမှုများကြောင့် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် နီကိုင်း အေးရှားရီဗျူး သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။...

မြန်မာတာဆာကီကုမ္ပဏီ ဧရိယာတိုးချဲ့မှု ဒေသခံများ သဘောမတူ

ပုလဲမွေးမြူရေး ကုမ္ပဏီတစ်ခု ဖြစ်သော မြန်မာတာဆာကီကုမ္ပဏီ၏ ဧရိယာတိုးချဲ့လာခြင်းအပေါ် ကျွန်းစု မြို့နယ် ရေကန်တောင်ကျေးရွာအုပ်စု ဒေသခံများမှ သဘောမတူကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။ မြန်မာတာဆာကီကုမ္ပဏီမှ တိုးချဲ့လာသည့် လငန်းကျွန်းဧရိယာသည် ဘုတ်ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ် ပိုင်နက်အတွင်း တည်ရှိနေသည်။

ခြံရှင်ခွင့်ပြုပါက ဖိုးဖိုးကျောက် ကမ်းခြေအဝင်လမ်းပြင်မည်

ဆိုးရွားစွာပျက်စီးနေသည့် ထားဝယ်ဒေသ၏ နာမည်ကြီးဖိုးဖိုးကျောက်ကမ်းခြေ အဝင်လမ်းကိစ္စကို ပြုပြင်ချဲ့ထွင် ရန် မြေပိုင်ရှင်များက ခွင့်ပြုကြောင်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်မှ တင်ပြ တောင်းခံလာပါက ပြုပြင်ပေး နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။ ဖိုးဖိုးကျောက်ကမ်းခြေသို့သွားသည့် လမ်းပိုင်းက ဌာနပိုင်လမ်းမဟုတ်သေး သည့်အတွက်...