မွန်ပြည်သစ်နှင့် KNU ပစ်ခတ်မှု ထပ်မဖြစ်ရေး

0
721

မွန်ပြည်သစ်ပါတီနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်ဖွဲ့ဝင်များ အကြား ပစ်ခတ်မှုထပ်မံမဖြစ်ပွားစေ ရေးအတွက် နှစ်ဘက်ခေါင်းဆောင်တို့က တွေ့ဆုံဆွေးနွေးညှိနှိုင်းဖြေရှင်းခဲ့သည်ဟု နှစ်ဘက်ခေါင်းဆောင်တို့ထံမှ သိရ သည်။

မွန်ပြည်သစ်နှင့် KNU အောက်ခြေ တပ်ဖွဲ့ဝင်များအကြား ဘုရားသုံးဆူ မြို့နယ် ဗလဲ့ဒွန်ဖိုက်ကျေးရွာတွင် အောက်တိုဘာ ၁၇ ရက်ကတစ်ကြိမ်၊ အောက်တိုဘာ ၂၁ ရက်ကတစ်ကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဖြေရှင်း ရန် နှစ်ဖက်တွေ့ဆုံခဲ့ကြသည်။

ပြဿနာကို အမြန်ဆုံးဖြေရှင်းနိုင် ရန် KNU ဒူးပလာယာခရိုင်/တပ်မဟာ ၆ တာဝန်ရှိသူများနှင့် မွန်ပြည်သစ် ဗဟိုဝန်းကျင်ဒေသ တာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခင်းဖြစ်ပွား ရာနေရာသို့ သွားရောက်စိစစ်ခဲ့ကြသည်။

အောက်တိုဘာ ၂၃ ရက် တွေ့ဆုံဆွေး နွေးမှုအပြီးတွင် နှစ်ဘက်တပ်များထိပ် တိုက်မဖြစ်ပွားရေး အောက်ခြေအဆင့် ဆင့်သို့ ညွှန်ကြားရန်၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာပါက အင်အားသုံး ဖြေရှင်းခြင်း မပြုဘဲ တွေ့ဆုံဆွေးနွေးခြင်းဖြင့် အဖြေရှာ သွားကြရန်၊ နှစ်ဘက်အေးချမ်းညီညွတ် စွာနေထိုင်သွားကြရန် နှစ်ဖက်သဘော တူခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြစ်ပွား ခဲ့သည့် ထိတွေ့ပစ်ခတ်မှုကြောင့် မွန်ပြည် သစ်ပါတီနှင့် ကရင်အမျိုးသား အစည်း အရုံးနှစ်ဖက်စလုံး ထိခိုက်သေဆုံးမှု ရှိခဲ့သည်။

“မွန်နဲ့ ကရင်က နယ်မြေဒေသချင်း ထိစပ်နေတယ်။ လူမျိုးချင်းလည်း ကျေးရွာ တွေထပ်ပြီး အတူယှဉ်တွဲနေထိုင်လာကြ သူတွေဆိုတော့ နယ်မြေကိစ္စကတော့ သတိကြီးကြီး အမျှော်အမြင်ရှိရှိ အရှိတရား အပေါ် မျက်နှာမူတည်ပြီး ဆွေးနွေးအဖြေရှာ ဖို့ လိုအပ်ပါမယ်”ဟု မွန်နိုင်ငံရေးလေ့လာ စောင့်ကြည့်သူ မင်းမင်းနွယ်က ပြော သည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန် စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာ ပြေလည်လာခဲ့သည်။

၂၀၁၆ ခုနှစ်မှစကာ နယ်မြေအငြင်း ပွားသည့်ကိစ္စ၊ သစ်ထုတ်သည့်ကိစ္စကြောင့်  တနင်္သာရီတိုင်းဒေသကြီး ရေဖြူ မြို့နယ်ဘက်တွင် ပစ်ခတ်မှု ၆ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့သည်။

Dawei Watch