ထားဝယ်စီမံကိန်း နှောင့်နှေးရသည့် အကြောင်းဒေါ်အောင်ဆန်းစုကြည် ပြော

0
1001

၁၀ နှစ်နီးပါးရှိလာသည်အထိ သိသာထင်ရှားသော တိုးတက်မှု မပြသနိုင် သေးသည့် ထားဝယ်စီမံကိန်း နှောင့်နှေးရခြင်းမှာ ပိုမိုညှိနှိုင်းရမှုများကြောင့် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် နီကိုင်း အေးရှားရီဗျူး သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာတွင် ထိုသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထားဝယ်စီမံကိန်း ဖော်ဆောင်ရာ တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရ၊ ဒေသခံတို့အပြင် ပြည်ထောင်စု အစိုးရ ၏ စိုးရိမ်ချက်တို့ကိုပါ ထည့်သွင်းစဉ်း စားနေရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်မတို့ မြန်မြန်ဆန်ဆန်သွား ချင်ပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီ စနစ်မှာ အာဏာရှင် စနစ်ထက် ပိုနှေးပါတယ်။ ဘာလို့ဆို ကျွန်မတို့ဟာ မတူညီတဲ့ ကဏ္ဍအသီးသီးနဲ့ ဆွေးနွေးညှိနှိုင်းဖို့လို တယ်လေ”ဟု ၎င်းက ပြောဆိုခဲ့သည်။

ထားဝယ်စီမံကိန်းရှေ့ဆက်ရန် စက်မှုဇုန်ဒီဇိုင်းကို ဂျပန်နိုင်ငံ၏ အကူ အညီဖြင့် ရေးဆွဲနေပြီး မည်သည့် အချိန် တွင် ပြီးစီးမည်ကို မသိရသေးပေ။

ယခုလဆန်းက ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ထားဝယ်စီမံကိန်း ရှေ့ဆက်သွားရန် အချက် ၉ ချက် သဘော တူခဲ့သည်။ ယင်းတွင် ထိုင်းနယ်စပ်သို့ နှစ်လမ်းသွားဖောက်လုပ်ရန်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် လျှပ်စစ်ဓာတ်အားပေးရေးအတွက် တတိယမြောက်အဖွဲ့အစည်းကို ဖိတ်ခေါ်ရန် တို့လည်း ပါဝင်သည်။

တရုတ်-ဟောင်ကောင် ကုမ္ပဏီ တစ်ခုဖြစ်သော V-Power ကုမ္ပဏီသည် ထားဝယ်စီမံကိန်းတွင် ဓာတ်ငွေ့ရည်ဖြင့် လျှပ်စစ်ဓာတ်အားပေးရေး ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြောင်း ပြောဆိုခဲ့သည် ဟု ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှု ကော်မတီဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မြင့်ဆန်းကို ကိုးကား၍ 7 Day သတင်းတွင် ဖော်ပြထားသည်။

V-Power ကုမ္ပဏီသည် တရုတ်အမျိုးသား နည်းပညာ သွင်းကုန်ထုတ်ကုန် ကော်ပိုရေးရှင်း (CTIEC) နှင့် အတူ ကျောက်ဖြူ၊ သံလျင်နှင့် သာကေတ စီမံကိန်းတို့တွင် လျှပ်စစ်ဓာတ်အား ထုတ်ရန် တင်ဒါအောင်မြင်ထားသည်။

အရှေ့တောင်အာရှတွင် အကြီးဆုံး ဖြစ်လာမည်ဆိုသော ထားဝယ်စီမံကိန်း မှာ ရင်းနှီးမြှုပ်နှံသူ အခက်အခဲကြောင့် ကာလကြာရှည်ရပ်နားထားရသည်။

Dawei Watch