တနင်္သာရီဂျာနယ်အမှု အောက်တိုဘာလ ၁၈ ရက်တွင် နှစ်ဘက်အပြီးသတ် ကြားနာမည်

တနင်္သာရီတိုင်းအစိုးရက တရားစွဲ ဆိုထားသည့် တနင်္သာရီဂျာနယ်အမှုကို အောက်တိုဘာလ ၁၈ ရက်နေ့တွင် တိုင်းဒေသကြီး တရားလွှတ်တော်၌ နှစ်ဘက်အပြီးသတ်ကြားနာမည်ဖြစ်သည်။ တနင်္သာရီဂျာနယ်တွင်ဖော်ပြခဲ့သည့် မဲဆွယ်အပြုံးသရော်စာကြောင့် တိုင်း အစိုးရကတရားစွဲဆိုခဲ့ပြီး ထားဝယ်မြို့ နယ်တရားရုံးက တနင်္သာရီဂျာနယ်တွင် အပြစ်ရှိသည်ဟုဆိုကာ ဒဏ်ငွေ ကျပ် ၅ သိန်းပေးဆောင်ရန် ဖေဖော်ဝါရီလက အမိန့်ချခဲ့သည်။

ဖိုးဖိုးကျောက်ကမ်းခြေအဝင်လမ်း အမြန်ပြုပြင်ပေးရန် ခရီးသွားအသင်း နှင့် ဒေသခံများလိုလား

လောင်းလုံးမြို့နယ်အတွင်းရှိ နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေအဝင်လမ်းဆိုးရွားစွာ ပျက်စီးနေမှုကို အမြန်ဆုံး ပြုပြင်ပေးရန် ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဒေသခံများက လိုလားနေကြသည်။ ယခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ညောပြင်ရွာ အစပ်မှ ဖိုးဖိုးကျောက်ကမ်းခြေသို့ သွားသည့်မြေသားလမ်းမှာ ကားမသွား နိုင်တော့သည့်အခြေအနေ အထိ ဆိုးရွား စွာပျက်စီးနေသည်။

မောင်းမကန်ကမ်းခြေအတွက် အမှိုက်ပုံးများ မကြာမီ လာမည်

လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဝယ်ယူမည့် အမှိုက်ပုံးများကို ခွဲတမ်းချပေးမည်ဖြစ်ရာ မောင်းမ ကန်ကမ်းခြေကို ဦးစားပေးမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြော သည်။ အမှိုက်ပုံးများကို ယခုအောက်တိုဘာ လတွင် စတင်သည့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပထမ ၃...

ကျွန်းစုမြို့နယ် ကံမော်ကျေးရွာအား မြို့အဖြစ်သတ်မှတ်မည်

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ရှိ ကံမော်ကျေးရွာအား မြို့အဖြစ် သတ်မှတ်နိုင်ရေး  အမြန်ဆုံး အမှုတွဲဖွင့်နိုင်ရန် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။ စက်တင်ဘာလ ၃၀ ရက်ကပြုလုပ်သည့် တိုင်းလွှတ်တော်ပုံမှန် အစည်းအဝေးတွင် တိုင်းလွှတ်တော်အမတ် ဒေါက်တာထူးနေအောင်က မေးမြန်းသည့် ကံမော်ကျေးရွာအား...

ထားဝယ်ခရိုင်လျှပ်စစ်တင်ဒါအောင်ကုမ္ပဏီက ပြိုင်ဘက်ကုမ္ပဏီကို တရားစွဲမည်

ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ်ဖြန့် ဖြူးရေလုပ်ငန်းအတွက် တင်ဒါအောင် ထားသည့် Petro & Trans ကုမ္ပဏီက တင်ဒါရှုံးထားသည့် Stellar Power House Pet လီမိတက်ကို တရားစွဲဆိုမည် ဟု Petro & Trans ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဇော်မင်းဦးက ပြောသည်။

မြို့နယ်ငါးခုတွင် ကြက်ခြေနီကော်မတီ ရွေးကောက်ပွဲကျင်းပနိုင်မည် မဟုတ်

တနင်္သာရီတိုင်းတွင်းအတွင်းရှိ မြို့နယ်ကြက်ခြေနီကော်မတီငါးခုကိုဖွဲ့ စည်းရန်အတွက် ရွေးကောက်ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း တိုင်းကြက်ခြေနီ ကြီးကြပ်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်မမလေးက ပြောသည်။ တိုင်းအတွင်း တိုင်းအဆင့်၊ ခရိုင် အဆင့်နှင့် မြို့နယ်အဆင့်ကော်မတီများကို ဖွဲ့စည်းရန် ရွေးကောက်ပွဲပြုလုပ်ရမည်ဖြစ်သော်လည်း ကော့သောင်းခရိုင် ကော်မတီနှင့် လောင်းလုံး၊ ရေဖြူ၊ ကျွန်းစု၊ ဘုတ်ပြင်း၊ ကော့သောင်းမြို့နယ်ကော်မတီများအတွက် ရွေးကောက် ပွဲကျင်းပနိုင်မည်မဟုတ်ကြောင်း...

အရန်ဆန် ထားဝယ်ရောက်ပြီ တစ်ဝက်အပ်ထားပြီး တစ်ဝက်ကို အောက်ခြေဝန်ထမ်းများအား ဝေငှမည်

တနသၤာရီတိုင္း၏ သဘာ၀ေဘး အတြက္ရည္ရြယ္ကာ တနင်္သာရီတိုင်း၏ သဘာဝဘေး အတွက်ရည်ရွယ်ကာ ပဲခူးတိုင်း တောင်ငူ မြို့တွင် ဝယ်ယူထားသည့် အရန်ဆန်များ ထားဝယ်မြို့သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဟိုပင်ထံမှ သိရ သည်။

ပြည်ကြီးမဏ္ဍိုင်တွင် ရွာပြောင်းရွှေ့ရန် အမိန့်ထုတ်၊ မရွှေ့ပေးနိုင်ဟု ရွာသားများ တုံ့ပြန်

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ရွာသစ်ကို ၁၅ ရက်အတွင်း ရွှေ့ပြောင်းပေးရန် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာ ၁၁ ရက် နေ့စွဲပါ စာဖြင့် အမိန့်ထုတ်လိုက်ခြင်း ဖြစ်သည်။ ချောင်းမွန်ရွာသစ်ရှိ မြေ ၁၆...

ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းရေပိုင်နက်တွင် စပိဘုတ်နှင့် ကုန်တင်လှေတိုက်မိ

ကော့သောင်းမြို့တစ်ဖက်ကမ်းရှိ ထိုင်းရေပိုင်နက်အတွင်း စပိဘုတ်တစ်စီးနှင့် ကုန်တင်စက်လှေတစ်စီး တိုက်မိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။ ကော့သောင်းမြို့အနီးရှိ သူဋ္ဌေးကျွန်း ဟိုတယ်ပိုင် စပိဘုတ်နှင့် ဘိလပ်မြေတင် လာသည့် ကုန်တင်လှေတို့ တိုက်မိခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ပါချန်မြစ်ကမ်းရွာ လှေလှော် အသင်းများအတွက် ပြိုင်လှေများ လိုအပ်နေ

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်ခြားပါချန်မြစ်၏  မြန်မာဘက်ကမ်း ကျေးရွာများရှိ လှေလှော်အသင်းများအတွက် ပြိုင်ပွဲဝင်ရန်နှင့် လေ့ကျင့်ရန် လှေများ လိုအပ်နေကြောင်း ယင်းရွာများရှိ လှေလှော်အသင်းများထံမှ သိရသည်။ ပါချန်မြစ်အတွင်း ထိုင်းဘက်မှ ကမကထပြုကျင်းပသည့် သီတင်းကျွတ်လပြည့် မမုလှေလှော်ပြိုင်ပွဲနှင့် တန်ဆောင်မုန်းလ ကရပူရိနမ္မကျော့ လှေလှော်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နိုင်ရန် ကိုယ်ပိုင်ပြိုင်လှေများ...