တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်

၀န်ကြီးချုပ်ဦးမြင့်မောင်အား မတ်လ ၄ တွင် ရုံးထုတ်မည်

တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီး ခံထားရသည့် ဝန်ကြီးချုပ်ဦးမြင့်မောင် ကို မတ်လ ၄ ရက်တွင် ရုံးထုတ်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေထံမှ သိရသည်။ အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နံနက်စောစောတွင် ဦးမြင့်မောင်အား...
Dawei Watch, Dawei News, Dawei News Media

မြိတ်ကင်းသမားများ အဖမ်းခံရမည်စိုး

မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ လမ်းအသီးသီးတွင် ညအချိန် အမျိုးမျိုးသော လုံခြုံရေးအတွက် ကင်းစောင့်နေကြသော ကင်းသမားများ အဖမ်းခံရမည်ကို စိုးရိမ်နေကြသည်။ မြိတ်မြို့တွင် ဖေဖော်ဝါရီလ ၁၃ ရက် ညပိုင်းက ရပ်ကွက်တို့တွင် မျက်နှာစိမ်းလူများ ဝင်ရောက်ခဲ့သဖြင့် အထိတ်တလန့်ဖြစ်ရပြီးနောက်ပိုင်း...

အာဏာရှင်ဆန့်ကျင်မှု မြိတ်ရက်စွဲများ

ဖေဖော်ဝါရီ ၂၀(ဆန္ဒထုတ်ဖော်မှု ၁၄ ရက်မြောက်နေ့)ပင်မသပိတ် စစ်ကြောင်းကြီးသည် မြို့သစ်လမ်းဆုံမှ ချီတက်ခဲ့ကြပြီး ကျဆုံးသွားသည့် မြသွဲ့သွဲ့ခိုင်အား လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ငြိမ်သက်စွာဖြင့် ဂုဏ်ပြုခဲ့ကြသလို WE LOVE MYEIK ဆိုင်းဘုတ်ရှေ့တွင်လည်း လွမ်းသူပန်းခွေနှင့် နှင်းဆီ ပန်းများချကာ ဆုတောင်းခဲ့ကြသည်။

နှစ်ငါးလုံး လူပင်လယ်အတွင်း လမ်းလျှောက်ခြင်း

တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲသည် ထားဝယ်မြို့၏ အစည်ကားဆုံးရိုးရာပွဲတော်တစ်ခုဖြစ်ပြီး လူသိန်းချီ စုဝေးဖူးမြော် လေ့ရှိသည်။ နှစ်ကျိပ်ရှစ်ဆူဘုရားများကိန်းဝပ်ရာ ဘုရားကြီးဝင်းအတွင်းတွင် လမ်းလျှောက် သွား၍မရသည်အထိ စည်ကားလေ့ရှိသည်။ သို့သော် ဘုရားကြီးဝင်းမှလွဲ၍ မြို့တွင်းအခြားနေရာများတွင် လူစည်...
မြန်မာနိုင်ငံအလံ

ဆန္ဒပြရာတွင် လက်ရှိမြန်မာနိုင်ငံအလံ မသုံးရန် ထားဝယ်သပိတ်ခေါင်းဆောင်များ တိုက်တွန်း

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေကြသည့် သပိတ်စစ်ကြောင်း များတွင် လက်ရှိမြန်မာနိုင်ငံအလံကို အသုံးမပြုကြရန် ဒီမိုကရေစီအရေးလှုပ် ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) ခေါင်းဆောင်များက တိုက်တွန်း ပြောကြားသည်။ အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ်နှင့် ကြယ်ဖြူတစ်ပွင့်ပါရှိသည့် လက်ရှိ မြန်မာနိုင်ငံအလံသည် ၂၀ဝ၈...
Dawei Watch, Dawei News, Dawei News Media

ပျောက်ဆုံးသွားသည့် အနာဂတ်များ

ဖေဖော်ဝါရီ ၁ ရက်တွင် အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦးဖြစ်သည့် မသျှားပြည့်ခင်တစ်ယောက် အနာဂတ် ရည်မှန်းချက်များ ကြွေလွင့်ပျောက်ကွယ် ခဲ့သည်။ သူမဘဝ အမှောင်ဖုံးသွားသကဲ့သို့ ခံစားလိုက်ရပြီးနောက် ဘဝမျှော်လင့် ချက်များလည်း မဲ့သွားခဲ့ရသည်။
အီတာလျှံ-ထိုင်း

အာဏာသိမ်းမှုကို အခွင့်ကောင်းယူကာ ထားဝယ်စီမံကိန်းရှေ့ဆက်နိုင်ရန် ITD ကုမ္ပဏီ ကြိုးပမ်း

မြန်မာနိုင်ငံတွင် အာဏာသိမ်းထားမှုကို အခွင့်ကောင်းယူကာ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဆက်လက်အကောင်အထည်ဖော်ခွင့်ရရေး ဆက်လက်ဆွေးနွေးရန် အီတာလျံ-ထိုင်း ကုမ္ပဏီက စောင့်ဆိုင်းနေကြောင်း ထိုင်း သတင်းဌာနတစ်ခုဖြစ်သည့် ဘန်ကောက် စီးပွားရေး သတင်းဌာနက ရေးသားလိုက်သည်။ အာဏာသိမ်းပြီး ၅...
Dawei Watch, Dawei News, Dawei News Media

ကိုဗစ်အလှူငွေကို ကာကွယ်ဆေး ဝယ်ရန်အတွက်သာသုံးမည်

အာဏာမသိမ်းမီက အလှူခံထားသည့် ကိုဗစ်အလှူငွေများကို ကာကွယ် ဆေးဝယ်ယူရန်အတွက်သာ အသုံးပြုမည်ဖြစ်ကြောင်း ထားဝယ်ဒေသ ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလူထုအခြေပြု အထောက်အကူပြုအဖွဲ့ထံမှ သိရသည်။ NLD အစိုးရ၏ ကိုဗစ်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီက ကာကွယ်ဆေးဝယ်ယူရန် ရန်ပုံငွေတစ်ရပ်...
Dawei Watch, Dawei News, Dawei News Media

နစက အုပ်ကြီးများ ကန့်ကွက်ခံရ

ထားဝယ်ခရိုင်အတွင်းရှိ ရပ်ကျေး အများစုတွင် တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ခန့်သည့် အုပ်ချုပ်ရေးမှူးအသစ်ကို အလိုမရှိကြောင်း ဗီနိုင်းပြားများ ကပ်ထားခဲ့သည်။ တပ်အာဏာသိမ်းပြီးနောက် ယခင်က ရွေးချယ်တင်မြှောက်ထားသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှရပ်စဲခဲ့သည်။
ကံပေါက်က နှစ်ငါးလုံးနွေဦးတော်လှန်ရေး သရုပ်ဖော်

ကံပေါက်က နှစ်ငါးလုံးနွေဦးတော်လှန်ရေး သရုပ်ဖော်

ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီလ ၂၂ ရက်က ပြုလုပ်သည့် နှစ်ငါးလုံး နွေဦးတော်လှန်ရေး စာတန်းသရုပ်ဖော်ရာတွင် လူထောင်ချီ ပူးပေါင်းပါဝင် ခဲ့ကြသည်။ ကံပေါက်ဒေသအတွင်း လှည့်လည် လမ်းလျှောက် ဆန္ဒထုတ်ဖော်နေသူများ ၏ ပူးပေါင်းပါဝင်မှုဖြင့်...