ဆန္ဒပြရာတွင် လက်ရှိမြန်မာနိုင်ငံအလံ မသုံးရန် ထားဝယ်သပိတ်ခေါင်းဆောင်များ တိုက်တွန်း

0
397
မြန်မာနိုင်ငံအလံ

စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲဝင်နေကြသည့် သပိတ်စစ်ကြောင်း များတွင် လက်ရှိမြန်မာနိုင်ငံအလံကို အသုံးမပြုကြရန် ဒီမိုကရေစီအရေးလှုပ် ရှားမှုသပိတ်ကော်မတီ(ထားဝယ်ခရိုင်) ခေါင်းဆောင်များက တိုက်တွန်း ပြောကြားသည်။

အဝါ၊ အစိမ်း၊ အနီ သုံးရောင်ခြယ်နှင့် ကြယ်ဖြူတစ်ပွင့်ပါရှိသည့် လက်ရှိ မြန်မာနိုင်ငံအလံသည် ၂၀ဝ၈ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အတူ ဖြစ်တည်လာသည့် အလံဖြစ်သောကြောင့် ယင်းသို့ အသုံးမပြုရန်တိုက်တွန်းခြင်းဖြစ်သည်။

“အခုကျွန်တော်တို့က ၂၀ဝ၈ ဥပဒေကို ဖျက်သိမ်းဖို့အထိ တိုက်ပွဲဝင်နေတာဆိုတော့ ဒီအလံကိုပါ မသုံးဖို့ ပြောတာပါ” ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်သပိတ်စစ်ကြောင်းများတွင် လက်ရှိမြန်မာနိုင်ငံအလံကို ဖေဖော်ဝါရီလ ၂၆ ရက်အထိ အသုံးပြုနေကြဆဲဖြစ်သည်။