မြို့နယ်ကိုဗစ် Call စင်တာများ စဖွင့်

ကိုဗစ်‌ရောဂါ နှင့်ပတ်သတ်၍ ဖုန်းဆက်မေးမြန်းနိုင်သည့် ဖုန်းခေါ်ဆိုမှုစင်တာများကို ထားဝယ်ခရိုင်ရှိ မြို့နယ်အချို့တွင် ဇူလိုင်လ ဒုတိယအပတ်တွင် စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။ ယင်းဖုန်းခေါ်ဆိုမှု စင်တာတွင် မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏...

လောင်းလုံးဆေးရုံတွင် ကိုဗစ်လူနာထားမည့်နေရာ မလောက်တော့သည့်အတွက် ထိတွေ့သူအချို့ ရွာပြန်ပြီး ကုသနေရ

လောင်းလုံးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်လူနာများထားမည့်နေရာ မလုံလောက်တော့သဖြင့် ကိုဗစ်လူနာအချို့ကို ရွာပြန်လာပြီး ကုသနေရကြောင်း ယင်းဆေးရုံနှင့် ဒေသခံအချို့ထံမှ သိရသည်။ အနံ့ပျောက်ခြင်း၊ နေမကောင်းဖြစ်ခြင်း စသည့် ကိုဗစ်သံသယလက္ခဏာရှိသူနှင့် ထိတွေ့မှုရှိသူအချို့ကိုလည်း ရောဂါရှာ‌ဖွေ စစ်ဆေးပေးခြင်းမရှိတော့ကြောင်း လောင်းလုံးဒေသခံအချို့က ပြောသည်။

ထားဝယ်အတွက် အောက်ဆီဂျင်မလုံလောက်၍ စက်အသစ်တစ်လုံး ထပ်ဝယ်မည်

ထားဝယ်ဒေသရှိ အာယုဒါနပါရမီမြောက်ကုသိုလ်ဖြစ် အရေးပေါ်အောက်ဆီဂျင် လှူဒါန်းရေး၏ လက်ရှိအောက်ဆီဂျင် ထုတ်လုပ်မှုမှာ မလုံလောက်တော့သဖြင့် နောက်ထပ်စက်တစ်လုံး ထပ်ဝယ်ရန် ပြင်ဆင်နေကြောင်း သိရသည်။ လက်ရှိတွင် အာယုဒါနအဖွဲ့က စက်တစ်လုံးဖြင့် အောက်ဆီဂျင်ထုတ်လုပ်လှူဒါန်းနေပြီး ၂၄ နာရီအပြည့် စက်လည်ပတ်ကာ ၄၀...
Dawei Watch, Dawei News, Dawei News Media

ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ထားဝယ်မြို့ဝင်ထွက် ခွင့်ပြုမည်ဟု တင်းကြပ်၍ ပြည်သူများ အခက်တွေ့

ထားဝယ်မြို့အဝင်ဂိတ်များတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ သွားခွင့်ပြုမည်ဟု တင်းကြပ်ထားသဖြင့် ပြည်သူများ အခက်ကြုံနေကြသည်။ အဆိုပါမြို့ဝင်ဂိတ်များအား ဖြတ်သန်းသွားလာရာတွင် ယခင်က ဖုန်းနံပါတ်၊ နေရပ်လိပ်စာ စသည့်အချက်များမှတ်သားပြီး မှတ်ပုံတင်ပြကာ သွားနေရာမှ လက်ရှိတွင် ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာပါမှ ဖြတ်သန်းခွင့်ပြုနေခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

မြိတ်တွင် ကိုဗစ်အကြောင်းပြု ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက် ဈေးမြှင့်တက်

မြိတ်မြို့တွင် ကိုဗစ်ကူးစက်ရောဂါပိုး အကြောင်းပြုပြီး ဇူလိုင်လ ၁၈ ရက်နေ့မှစပြီး ဂွေးတောက်ရွက်နှင့် ပင်စိမ်းရွက်တို့ဈေးနှုန်းမြှင့်တက်နေကြောင်း သိရသည်။ ကိုဗစ်လူနာတို့ အရေးပေါ်အောက်ဆီဂျင်လိုအပ်လာပါက ရေ‌နွေးပူထည့်ထားသည့် ဖန်ခွက်အတွင်း ဂွေးတောက်ရွက်တစ်ချို့ ထည့်စိမ်ပြီး အငွေ့အား ရှုရှိုက်စေခြင်းဖြင့် အောက်ဆီဂျင်ရရှိစေမည်ဖြစ်ကြောင်း ရေးသားထားသည့်...

မြေဖို့ထားခြင်းကို ဖယ်ရှားရန်အမိန့်ထုတ်ထားသည့် လယ်ကွက်ပေါ်တွင် ငှက်ပျောပင်စိုက်

လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာရှိ လယ်ယာမြေပေါ်တွင် မြေဖို့ထားသည့်အတွက် ၇ ရက်အတွင်း ဖယ်ရှားရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ထုတ်ထားသည့်လယ်မြေပေါ်တွင် ငှက်ပျောပင်များ စိုက်ပျိုးထားသည်။ လယ်ကွက်ပေါ်ဖို့ထားသည့် မြေကို ၇ ရက်အတွင်း ဖယ်ရှား၍ မူလပုံစံအတိုင်းပြန်လုပ်ရန် အထက်ပါအဖွဲ့က ယခုနှစ်...

တနင်္သာရီတိုင်းတွင် ကိုဗစ်ကြောင့် တစ်ရက်တည်း သုံးဦး သေဆုံး

တနင်္သာရီတိုင်းတွင် ယမန်နေ့ တစ်ရက်တည်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် သေဆုံးသူ သုံးဦးရှိကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။ တိုင်းအတွင်း ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ တစ်နေ့ထက် တစ်နေ့ ပိုပိုများပြားလာပြီး ထားဝယ်တွင် သေဆုံးသူ တစ်ဦး၊...
ကြက်ဥ

ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ် ဈေးတက်

ထားဝယ်ဒေသအတွင်း ယခုအပတ်မှစပြီး ကြက်ဥတစ်လုံးလျှင် ငါးဆယ်ကျပ်အထိ ဈေးတက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခင်က ကြက်ဥတစ်လုံးလျှင် ၁၅၀ ကျပ်ဖြင့် ရောင်းချနေရာမှ ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ၂၀၀ ကျပ်အထိ ဖြစ်သွားခြင်းဖြစ်သည်။
Dawei Watch, Dawei News, Dawei News Media

မောတောင်နယ်စပ်တွင် ကိုဗစ်ပိုးစတွေ့

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်တွင် ဇူလိုင်လ ၁၄ ရက်နေ့က အမျိုးသားနှစ်ဦးတွင် ကိုဗစ်ရောဂါပိုး စတင်တွေ့ရှိခဲ့ကြောင်း သိရသည်။ မောတောင်မြို့ မြို့မရပ်ကွက်နေ အသက် ၃၀ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အသက်...

ရေဖြူမြို့နယ်က ငွေစု ငွေချေး လေလံ ပြဿနာ

အတိုးရလိုဇောနဲ့ စုဆောင်းထားတဲ့ ချွေးနဲစာ ငွေကြေးတွေ ဆုံးရှုံးရတော့မယ်ဆိုတဲ့ စိတ်နဲ့ ကျောင်းဆရာမ ‌ဒေါ်စန္ဒာ(အမည်လွှဲ) တစ်ယောက် အိမ်မပျော် စားမဝင်ဖြစ်နေတာ တစ်ပတ်ကျော်လောက် ရှိနေပါပြီ။ ဇူလိုင်လကုန်ဆိုရင် သူစုဆောင်းထားတဲ့ ငွေကျပ် ၅၅ သိန်းကို ထုတ်ရတော့မှာ...