စရိတ်ကြီးသဖြင့် ကြက်၊ဝက်မွေးမြူရေး အရှုံးများပြီး လုပ်ငန်းအချို့ရပ်နား

သွင်းအားစုဈေးမြင့်တက်လာသဖြင့် ‌ထားဝယ်ခရိုင်ရှိ ကြက်၊ ဝက် မွေးမြူရေးလုပ်ကိုင်သူအချို့ လုပ်ငန်းရပ်နားမှုများ ရှိလာကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။ ရပ်နားလိုက်သူအများစုမှာ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်သူများဖြစ်ပြီး စီးပွားရေးအရ မွေးမြူသူအချို့မှာလည်း လုပ်ငန်းလျှော့ချ လုပ်ကိုင်လာကြကြောင်း ၎င်းတို့ကပြောဆိုသည်။

ထားဝယ်ခရိုင်တွင် ဖျားနာမှုများဖြစ်နေပြီး ကိုဗစ်ပိုးတွေ့ရှိသူလည်းများလာ

ထားဝယ်ခရိုင်တွင် ကိုယ်လက်ကိုက်ခဲ ဖျားနာမှုများဖြစ်နေပြီး ကိုဗစ်ပိုးကူးစက်ခံရသည့်နှုန်းမှာလည်း ယခင်လကထက်ပိုများလာကြောင်း ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့ထံမှသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ တစ်လအတွင်း ထားဝယ်‌ကြက်ခြေနီအဖွဲ့က သယ်ဆောင်ပေးသည့် ကိုဗစ်လူနာဦးရေမှာ အယောက်နှစ်ဆယ်ကျော်ခန့်သာရှိသော်လည်း...

တရားမဝင် မြန်မာလုပ်သား ၁၉ ဦးမလေးရှားနယ်စပ်တွင် ဖမ်းဆီးခံရ

ထိုင်း-မလေးရှားနယ်စပ်မှတစ်ဆင့် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို မလေးရှားနိုင်ငံ ပြည်နယ်နှစ်ခုတွင် ယမန်နေ့ (အောက်တိုဘာ ၁၇) ညနေပိုင်းအချိန်က ဖမ်းဆီးရမိကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။ ထိုင်း-မလေးရှားနယ်စပ် Kedah ပြည်နယ် Bukit Kayu Hitam နှင့် ကလန်တန်းပြည်နယ် Tanah...

တစ်ယူနစ် ၂၀၀၀ ကျော်သွားသည့် ဘုတ်ပြင်းလျှပ်စစ်မီတာခ အနည်းငယ်စျေးပြန်ကျ

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ သွားလာရန်ခက်ခဲသည့် ပင်လယ်ရွာများတွင် လျှပ်စစ်မီတာခ တယူနှစ် နှစ်ထောင်ကျော်အထိ တက်ခဲ့ပြီးနောက် အနည်းငယ်စျေးပြန်ကျလာကြောင်း ဒေသခံများ ထံမှသိရသည်။ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အလယ်မန်ရွာတွင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက လျှပ်စစ်မီးတစ်ယူနစ် ၂၁၅၀ ကျပ်အထိ မြင့်တက်ခဲ့ပြီး...

အမျိုးသမီးလစဉ်သုံးပစ္စည်းဈေးနှစ်ဆတက်

မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး အထွေထွေကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနှင့်အတူ အမျိုးသမီးလစဉ်သုံး ပစ္စည်းများလည်း ဆက်တိုက်စျေးတက်လာပြီး ယခင်ကထက် ဈေးနှစ်ဆခန့်တက်သွား ပြီဖြစ်သည်။ ထားဝယ်ဒေသတွင် လူသုံးများသည့် Blue အမှတ်တံဆိပ် လစဉ်သုံးဂွမ်းထုပ် တစ်ထုပ်လျှင် ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ လည်းကောင်း၊...

လောင်းလုံးတွင် ရဲဝန်ထမ်းဟောင်းတစ်ဦး ပစ်ခတ်ခံရ

လောင်းလုံးမြို့နယ်က အငြိမ်းစားရဲဝန်ထမ်းဟောင်းတစ်ဦး အောက်တိုဘာလ ၁၈ ရက် မနက်ဝေလီဝေလင်းအချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ကပြောသည်။ ပစ်ခတ်ခံရသူမှာ လောင်းလုံးမြို့နယ်အတွင်း နယ်ထိန်းတာဝန်ထမ်းဆောင်ဖူးသူ ရဲတပ်ကြပ်ကြီးဟောင်း ဦးချိုလွင်ဆိုသူဖြစ်ပြီး အာဏာမသိမ်းခင်ကတည်းက အငြိမ်းစားယူထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။

ပဲရစ်မြို့တွင် မိန်းကလေးငယ်တစ်ဦးကို ရုပ်ရှင်ဇာတ်လမ်းများထဲကကဲ့သို့ သတ်ဖြတ်၍စွန့်ပစ်

အသက် (၁၂)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို သတ်ဖြတ်ပြီး ၎င်းနေထိုင်ရာ တိုက်ခန်းအဆောက်အဦခြံဝန်းတွင် ကုန်သေတ္တာပုံးထဲ ထည့်ကာ လာပစ်သွားသည့် အမှုကြောင့် ပဲရစ်တစ်မြို့လုံး ထိတ်လန့် တုန်လှုပ်သွားခဲ့ရကြောင်း BBC သတင်းက ဖော်ပြထားသည်။ လိုလာဟု အမည်ရသော သမီးငယ်လေးသည်...

ပလမြို့ထွေအုပ်ရုံး ဗုံးဖြင့်ပစ်ခတ်ခံရ

မြိတ်ခရိုင် ပုလောမြို့နယ်ခွဲတစ်ခုဖြစ်သည့် ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးဖြင့် ပစ်သွင်းခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာ ၁၆ ရက် နံနက် ၁၁ နာရီဝန်းကျင်ခန့်က ပစ်သွင်းခံရခြင်းဖြစ်ပြီး ဗုံးပစ်ခတ်ခံရပြီးနောက် ယင်းရုံးအနီးရှိ မီးသတ်ရုံးက မီးသတ်ကားအချို့ကို...

နိုက်ဂျီးရီးယား ရေဘေးကြောင့် လူ ၆၀၀ ကျော်သေဆုံး

လတ်တလော ဖြစ်ပွါးလျက်ရှိသည့် နိုက်ဂျီးရီးယား ရေဘေးသည် ကြီးမားသော သဘာဝဘေးဒဏ်အဖြစ် တိုင်းပြည်ကို သက်ရောက်လျက်ရှိရာ ပြည်နယ် အများအပြားသည် သတိပေးချက်များ ရှိလင့်ကစား ကောင်းမွန်စွာ ပြင်ဆင်ထားနိုင်ခြင်း မရှိကြောင်း သဘာဝဘေးဒဏ်စီမံခန့်ခွဲရေး ဝန်ကြီးက ပြောကြားသည်။ အနောက်အာဖရိက...

လောင်းကစားလုပ်သည်ဟုဆိုကာ မြန်မာလုပ်သား ၇၀ကျော်ကို ထိုင်းရဲဖမ်း

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုလုပ်နေသည်ဟုဆိုကာ မြန်မာအလုပ်သမား ၇၃ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စူရတ်ဌာနီခရိုင် ထာ့ချမ်းဒေသ ခလောင်ဆိုင်ရွာရှိ ရော်ဘာခြံထဲတွင် တရားမဝင် လောင်းကစားပြုနေသည်ဟု တိုင်ချက်ရရှိသဖြင့် စူရတ်ဌာနီခရိုင်ရှိ...