မြဝတီ-မဲဆောက် အမှတ် ၁ တံတား ခြောက်ရက်ကြာသည်အထိ မြန်မာဘက်က ပြန်မဖွင့်သေး

မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားကို တိုက်ပွဲပြင်းထန်နေချိန် မြန်မာဘက်က ယာယီပိတ်ထားခဲ့ရာ ခြောက်ရက်ကြာ ယနေ့ ဧပြီလ ၂၆ရက်အထိ ပြန်မဖွင့်သေးကြောင်း အမှတ် (၁) တံတား အနီးနေထိုင်သည့် ပြည်သူများထံမှ သိရသည်။

ဖာပွန် ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို KNLA နှင့် တော်လှန်ရေးအဖွဲ့များထိန်းချုပ်

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ ၄၃၄ ကို သိမ်းယူပြီး မြို့ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။

ထိုင်းတွင် လုပ်ငန်းခွင်အတွင်း ဝင်ရောက်ဖမ်းဆီးမှုများ ဆက်တိုက်ရှိနေ၊ ပတူနမ်ဈေးမှ မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်မြို့လယ်ရှိ ပတူနမ်ဈေးတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၁၂ ဦးကို တရားမဝင် အလုပ်လုပ်ကိုင်နေသည်ဟုဆိုကာ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယခုရက်ပိုင်းတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသူများကို လုပ်ငန်းခွင်အတွင်း...

ကျုံညှဲရွာပြည်သူ့စစ်ခေါင်းဆောင်နှစ်ဦးဖမ်းဆီးထားစဉ် ပစ်ခတ်မှုဖြစ်ပြီးသေဆုံးဟု မွန်နှင့်တနင်္သာရီတော်လှန်ရေးအင်အားစု များဆို

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ ကျုံညှဲရွာက အုပ်ချုပ်ရေးမှူးလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်သူနှင့် ပြည်သူ့စစ်ဒုခေါင်းဆောင်ဖြစ်သူတို့သည် ဖမ်းဆီးခံထားရစဉ် လက်နက်လုထွက်ပြေးပြီး အပြန်အလှန်ပစ်ခတ်ရာမှ ၎င်းတို့ နှစ်ဦး သေဆုံးကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးမဟာမိတ်အင်အားစုများက ထုတ်ပြန်သည်။ ကျုံညှဲရွာက ပြည်သူ့စစ်အဖွဲ့ထံမှ လက်နက်ခဲယမ်းများကို...

ကော့ဘိန်းရွာဘက် စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေပြီး အမျိုးသမီးငယ်တစ်ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာဘက်ကို စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ယနေ့ ဧပြီလ ၂၅ ရက်နေ့ နံနက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်နေကြောင်း ဒေသခံတို့ထံမှ သိရသည်။ အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် ယနေ့...

MNDAA သေဒဏ်စီရင်မှု ဥရောပသမဂ္ဂက အပြင်းအထန်ရှုတ်ချ

ကိုးကန့်တပ် MNDAA က ၎င်းတို့တပ်ဖွဲ့ဝင်အချို့အား သေဒဏ်စီရင်မှုကို အပြင်းထန်ဆုံး ရှုတ်ချကြောင်း ဥရောပသမဂ္ဂ (EU) က ယနေ့ ဧပြီလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ MNDAA က လူ ၁၀...

ရေဖြူ၊ အုန်းပင်ကွင်းရွာတွင် အမျိုးသား ၆ ဦး ဒလန်ဟုဆိုကာ သတိပေးစာကပ်ခံရ

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာတွင် ဧပြီလ ၂၀ ရက် က အမျိုးသား ၆ ဦး အမည်နှင့်တကွ သတိပေးစာကပ်ခံရကြောင်း ကာကယံရှင်များ နှင့် ဒေသခံများထံကသိရသည်။ အုန်းပင်ကွင်းရွာ ဘုန်းကြီးကျောင်းလမ်းဆုံတွင် ယင်းအမျိုးသား ၆...

နှစ် ၃၀နီးပါးကြာ စစ်ကောင်စီတပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်

ထားဝယ်မြို့နယ် ထီးခီးအနီး ထိုင်းနယ်စပ်တွင်ရှိပြီး နှစ်၃၀နီးပါးကြာ စစ်ကောင်စီတပ် တပ်စွဲထားသည့် မောထစခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များ က ဧပြီလ ၂၄ ရက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ထုတ်ပြန်သည်။

MoU သက်တမ်းကုန် မြန်မာလုပ်သားများကို ထိုင်းအစိုးရက မြန်မာသို့ပြန်ပြီး သက်တမ်းတိုးခိုင်း

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်အလုပ်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအလုပ်သမား များ ယခုဧပြီလကုန် နောက်ဆုံးထားပြီး မိမိနိုင်ငံသို့ပြန်၍ သက်တမ်းတိုးရမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သော ရက်ပိုင်းအတွင်းက ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက...

ချင်းမိုင်အပန်းဖြေဟိုတယ်တွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာလုပ်သားသုံးဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ အပန်းဖြေဟိုတယ် (Resort) တစ်ခုတွင် အလုပ်လုပ်ခွင့်မရှိဘဲ လုပ်ကိုင်နေသော မြန်မာအလုပ်သမားသုံးဦးကို ဧပြီလ ၂၄ရက်နေ့က ဖမ်းဆီးရမိကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးက ထုတ်ပြန်ထားသည်။ ဟိုတယ်ထဲသို့ ရှောင်တခင် ဝင်ရောက်စစ်ဆေးစဉ် မြန်မာအလုပ်သမားများသည် အလုပ်လုပ်ခွင့်လက်မှတ် မရှိဘဲ...