ရာသီပေါ်ဒူးရင်းသီး ဈေးနှစ်ဆအထိ တက်ပြီးနောက် ဈေးပြန်ကျ

မြိတ်မြို့တွင် ရာသီပေါ်ဒူးရင်းသီးများ ယမန်နှစ်ထက် ဈေးနှစ်ဆအထိ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဈေးပြန်ကျလာကြောင်း ရောင်းချသူ၊ စားသုံးသူများထံမှ သိရသည်။ ယမန်နှစ်က ဒူးရင်းသီး ပေါ်ဦးစအချိန် မတ်လတွင် အကြီးဆုံးတစ်လုံးလျှင် ကျပ်တစ်သောင်း ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်နှစ်သောင်းအထိ...

ပုလောမြို့အနီး ခရီးသည်တင်မှန်လုံကားနှစ်စီး ပစ်ခတ်ခံရ၍ သုံးဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ

ထားဝယ်မှ မြိတ်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ကားနှစ်စီး ဧပြီလ ၂၈ ရက်နေ့ ညနေ ၅နာရီ ဝန်းကျင်တွင် ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိသွားကြောင်း ယာဉ်မောင်းနှင့် အနီးဝင်းကျင်ရှိ ဒေသခံများထံမှ သိရသည်။

မြိတ်တွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရ

မြိတ်မြို့၌ ဧပြီလ ၂၅ ရက်နှင့် ၂၈ ရက်နေ့တို့တွင် လူငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း မြိတ်ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၅ ရက်နေ့က တက္ကသိုလ်ကျောင်းသားလူငယ်တစ်ဦး အဖမ်းခံရပြီး ဧပြီလ ၂၈ ရက်နေ့တွင် နောက်ထပ်...

မြိတ်-ထားဝယ် ကားလမ်းတွင် ကားများ မှန်ချမောင်းနှင်ရန် PRDF မေတ္တာရပ်ခံ

မြိတ်-ထားဝယ် အဝေးပြေးကားလမ်းတွင် ကားများ မှန်ချပြီးမှ မောင်းနှင်ကြရန် မေတ္တာရပ်ခံကြောင်း ပုလော ဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ယနေ့ (ဧပြီ ၂၈) ထုတ်ပြန်လိုက်သည်။ ထားဝယ်-ပုလော-မြိတ် ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်များကို PRDF က...

ပုလောမြို့နယ် လက္ကူးကျေးရွာ ရှင်ပြုပွဲအနီးတွင် အသံဗုံးပေါက်

ပုလောမြို့နယ်၊ လက္ကူးကျေးရွာ၌ ဧပြီလ ၂၆ ရက်နေ့ညက ရှင်ပြုပွဲကျင်းပနေစဉ် အနီးဝန်းကျင်တွင် အသံဗုံးတစ်လုံး ပေါက်ကွဲကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ လက္ကူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှင်ပြုပွဲကျင်းပနေခြင်းဖြစ်ပြီး ည ၇ နာရီဝန်းကျင်တွင် ကျောင်းပရဝုဏ်အပြင်ဘက် သင်္ချိုင်းအနီးတွင်...

ပုလောတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရပြီး ကားနှစ်စီးပျက်စီးဟုဆို

မြိတ်ဘက်မှ ပုလောဘက်သို့ လာသည့် စစ်ကောင်စီတပ် ကားတန်း ဧပြီလ ၂၆ ရက်နေ့ ည ၈နာရီခွဲ ဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားနှစ်စီး ပျက်စီးကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ပုလော-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ် သင်္ကန်းတောရွာအဝင်...

ပုလောမြို့မဈေးအနီး ပေါက်ကွဲမှု လူအချို့ ဖမ်းဆီးခံထားရ

ပုလောမြို့မဈေးကြီးအနီးက နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းနေအိမ်မှ မိသားစုဝင်အချို့ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသခံအချို့က ပြောသည်။ပေါက်ကွဲမှုမှာ ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၂၅) နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက...

ပုလောတွင် ကြံ့ခိုင်ရေး အမတ်ဟောင်း၏ နေအိမ်ရှေ့ဗုံးပေါက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှစိုး၏ ပုလောမြို့နယ် နေအိမ်ရှေ့၌ ဗုံးပေါက်ကွဲကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၄ ရက်ည ၉ နာရီဝန်းကျင်က ပုလောမြို့ဈေးအနီးရှိ ဦးလှစိုး၏ နေအိမ်ရှေ့တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက...

ပုလော ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ပစ်ခတ်ခံရ

ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေးမှူး ဦးဇာနည်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဦးခေါင်းတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဦးဇာနည်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကျွန်းစုတွင် နေအိမ်လေးလုံး မီးလောင်

မြိတ်ခရိုင် ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ယနေ့ (ဧပြီ ၂၃) မွန်းလွဲပိုင်းက နေအိမ် လေးလုံး မီးလောင်ကျွမ်းကြောင်း ယင်းကျေးရွာသားတို့ထံမှ သိရသည်။ ပဲ့တိုင်ကျေးရွာ ဘောလုံးကွင်းနံဘေးရှိ နေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခဲ့သည့်မီးမှတစ်ဆင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း...