မြိတ်တွင် နိုင်ငံရေးအကျဉ်းသား ၂ဝနီးပါး ပြန်လွတ်

မြိတ်ခရိုင် အကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၂၀ နီးပါး ယနေ့ ပြန်လည်လွတ်မြောက် လာကြောင်း ပြန်လွတ်လာသူများနှင့်နီးစပ်သူများထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၁) နံနက်တွင် လွတ်ရက်စေ့သဖြင့် အမျိုးသား ၂၁ဦး၊ အမျိုးသမီး...

မြိတ်တွင် အမျိုးသားနှစ်ဦး သေနတ်များနှင့်အတူ ဖမ်းဆီးခံရ

မြိတ်တွင် အမျိုးသားနှစ်ဦးကို ပစ္စတိုသေနတ်နှစ်လက်၊ ကျည်များ၊ ဆက်စပ်ပစ္စည်းများနှင့်အတူ စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။ သြဂုတ်လ ၃၀ ရက် ည ၆ နာရီဝန်းကျင်က မြိတ်မြို့၊ကန်ခေါင်းရပ်ရှိ မြစံအိမ်တည်းခိုခန်းတွင် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်မှာ လာရောက်ဖမ်းဆီးရာ လက်နက်နှင့်အတူ...

မြိတ်တွင် ကွမ်းသီးအနု ဈေးပြန်တက်

မြိတ်မြို့နယ်အတွင်းရှိ ကွမ်းသီးအနုဈေးကွက်တွင် ဩဂုတ်လ လလယ်ခန့်မှစပြီး တစ်ပိဿာလျှင် ၅၀၀၀ ကျပ် ကျော်အထိ ဈေးပြန်တက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တစ်ပိဿာလျှင် ၃၄၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းခဲ့ပြီးနောက် ဈေးပြန်တက်လာခြင်း ဖြစ်သည်။

တနင်္သာရီအမြန်ရေယာဉ် ရပ်နားလိုက်သည့်အတွက် ကုန်တင်လှေငယ်များ အသုံးပြုနေရ

တနင်္သာရီမြို့နယ် ကျေးရွာများသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်ရပ်နားလိုက်သည့် အတွက် ကုန်တင်လှေငယ်များ အသုံးပြုနေရကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ်ရှိ ပဝ၊ သရဖုံ၊ လယ်သစ် စသည့်ကျေးရွာအုပ်စုသို့  ၂ ရက်တစ်ကြိမ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်သည် လက်ရှိအချိန်တွင်...

မြိတ်တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်ဖမ်းဆီးမှုများလာ

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ဆိုင်ကယ် စစ်ဆေးဖမ်းဆီးမှုများလာကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်ကယ်များကို ဩဂုတ်လ နောက်ဆုံးအပတ်မှစ၍ စစ်ဆေးဖမ်းဆီးမှုများလာကြောင်း ၎င်းတို့က ပြောသည်။ “ဖမ်းနေတာက သုံးလေးရက်ရှိပြီ။ နေရာအစုံမှာ အဖွဲ့လိုက်ဖမ်းနေတာ။...

ဆလုံများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်ဆောက်

ကော့သောင်းမြို့နယ်အတွင်းရှိ ဆလုံတိုင်းရင်းသားများနေထိုင်ရာ ဂျလန်းကျွန်းတွင် စွန့်ပစ်ပုလင်းခွံတို့ဖြင့် နားနေဆောင်တစ်ခု ဆောက်လုပ်နေကြောင်း ဂျလန်းကျွန်းကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်ပညာသီရိက မိန့်ကြားသည်။ စွန့်ပစ်ပုလင်းအမျိုးအစားအစုံ ပုလင်းခွံအလုံးရေ နှစ်ထောင်ကျော်ဖြင့် အလျား ၁၅ပေ၊ အနံ ၁၀ပေ၊ အမြင့် ၉ပေ ခန့်ရှိ...

ကွမ်းရွက်ဈေး လေးဆခန့်တက်လာ

အာဏာမသိမ်းမီက ကွမ်းရွက်တစ်စည်း ကျပ်သုံးရာသာရှိခဲ့ရာမှ လက်ရှိတွင် ကျပ်တစ်ထောင့်နှစ်ရာ ပေးဝယ်နေရကြောင်း ကွမ်းယာရောင်းချနေသူများထံမှ သိရသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ယင်းနှုန်းထားအတိုင်းသာ ဈေးကွက်အတွင်း အရောင်းအဝယ်ရှိခဲ့ရာမှ အောက်တိုဘာလမှစပြီး ကွမ်းရွက်ဈေးများ စတင်တက်ရိပ်ပြလာကြောင်း ကွမ်းယာရောင်းချသူများက ပြောသည်။

မြိတ်တွင် ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာ

မြိတ်မြို့ပေါ် ရပ်ကွက်အချို့တို့တွင် ယခုနှစ်အစမှစပြီး ဩဂုတ်လအထိ ရှစ်လအတွင်း ရေတစ်ယူနစ်ဈေးနှုန်း နှစ်ဆနီးပါးမြင့်တက်လာကြောင်း မြို့ပေါ်ရပ်ကွက်နေသူတို့မှ သိရသည်။ ယခင် ရေတစ်ယူနစ်လျှင် ၁၃၀၀ ကျပ်မှ ပြီးခဲ့သည့်ဇန်နဝါရီလအတွင်းက ၁၅၀၀ ကျပ်အထိ ဈေးတက်ခဲ့ပြီး‌ မတ်လ ဒုတိယအပတ်မှစကာ...
Myeik

မြိတ်၌ လူငယ်သုံးဦးစီးလာသည့်ဆိုင်ကယ် ပစ်ခတ်ခံရ၍ နှစ်ဦးသေဆုံးဟုဆို

မြိတ်မြို့ ကမ်းနားလမ်းတွင် လူငယ်သုံးဦး အတူစီးလာသည့် ဆိုင်ကယ် ဩဂုတ်လ ၂၄ ရက် ညပိုင်းတွင် ပစ်ခတ်ခံရပြီး လူငယ်တစ်ဦးသေဆုံးကာ အနီးဝန်းကျင်က အမျိုးသားတစ်ဦးလည်း ကျည်ထိမှန်သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၂၄ရက် ည...

ပုလောတွင် တိုက်ပွဲပြင်းထန်

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာတွင် တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှုများ ပြင်းထန်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်းကျေးရွာတွင် ယနေ့ (ဩဂုတ် ၂၄) နံနက် ၈ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။