ကဗျာဆရာမောင်ယုပိုင်အပါအဝင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများပြန်လွတ်

နာမည်ကျော်ကဗျာဆရာ မောင်ယုပိုင်အပါအဝင် မြိတ်မြို့မှ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၉) နံနက် ၈ နာရီက မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၃၀ ဦးလွတ်မြောက်လာသည်ဟု...

စက်သုံးဆီဈေးထပ်တက်၍ ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့်ရပ်နားထားရ

ကင်းမွန်းငါးဖမ်းရာသီမစတင်မီ စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်နေသဖြင့် ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့် ရပ်နားထားရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပြသည်။ ကင်းမွန်ငါးဖမ်းရာသီမှာ လာမည့်နိုဝင်ဘာလတွင် စတင်မည်ဖြစ်သော်လည်း လှေထွက်နိုင်ရေး ယခုအချိန်တွင် စတင်ပြင်ဆင်နေကြပြီဖြစ်ရာ လှေထက်ဝက်ခန့်မှာ ပြင်ဆင်ခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့် နေကြခြင်းဖြစ်သည်။

ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး ပျူစောထီးနှစ်ဦးသေဆုံးဟုဆို

ကျွန်းစုမြို့နယ်၊ ပဲ့ဒိုင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွါးပြီး ပျူစောထီးနှစ်ဦး သေဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့နံက် ၅ နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပဲ့ဒိုင်ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာပြည်သူ့စစ်(ခေါ်)ပျူစောထီးများနှင့် အပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ရွာသားများ ကပြောသည်။

ထိုင်းဓါတ်မြေဩဇာ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်ကြုံ

ထိုင်းနိုင်ငံမှ တင်သွင်းသည့် ပုလဲဓါတ်မြေဩဇာများ ဈေးကြီးသဖြင့် တောင်သူများ ဝယ်မသုံးနိုင်ကြဘဲ အခက်အခဲကြုံနေရကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။ တောင်သူများနှစ်စဉ် ဝယ်သုံးနေကျ ထိုင်းနိုင်ငံထုတ် ပုလဲဓါတ်မြေဩဇာ တစ်အိတ် ပြီးခဲ့သည့်နှစ် စပါးစိုက်ချိန်က ကျပ်လေးသောင်းခွဲသာရှိရာမှ ယခုနှစ်စပါးစိုက်ချိန်တွင် ကျပ်တစ်သိန်းခွဲအထိ...

လယ်သစ်နှင့်အနီးဝန်းကျင်ရွာအချို့တွင် ကျောင်းဖွင့်ပြီးသုံးရက်အကြာ တိုက်ပွဲကြောင့် ကျောင်းပြန်ပိတ်ရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်၊ ပဝ၊ သရဖုံ ကျေးရွာတို့တွင် စာသင်ကျောင်းများပြန်ဖွင့်ပြီး သုံးရက်အကြာ တွင် တစ်ကျော့ပြန် လယ်သစ်ရွာတိုက်ပွဲကြောင့် ကျောင်းများပြန်ပိတ်လိုက်ရကြောင်း ဒေသခံများက ပြောသည်။ တိုက်ပွဲများကြောင့် စာသင်ကျောင်းများ ပိတ်ထားရသည့် လယ်သစ်၊ ပဝ၊...
LaeThit

လယ်သစ်ရွာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ရွာလုံးကျွတ်ထွက်ပြေးနေရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၄) တိုက်ပွဲပြန်ဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် စက်တင်ဘာလ ၃ ရက်နေ့က လယ်သစ်ကျေးရွာ အနောက်ကမ်းသို့ စစ်ကြောင်း...

ပုလောတွင် ဒလန်ဟုဆိုသူတစ်ဦး ပစ်သတ်ခံရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ စက်တင်ဘာလ ၃ ရက်ညက သင်္ကန်းတောရွာရှိ နာရေးအိမ်တွင် ဖဲကစားရန် ရောက်ရှိနေသည့် အသက် ၃၀ အရွယ် ကိုဘိုဘိုကို...

မြိတ်တွင် စပိဘုတ်တစ်စီး မီးလောင်

မြိတ်မြို့တွင် စပိဘုတ်တစ်စီး မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့၊ ပထက်ကမ်းရှေ့တွင် ရပ်နားထားသည့် စပိဘုတ်တစ်စီး ယနေ့ နေ့လယ် ၁ နာရီတွင် မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများ ကပြောသည်။ မီးလောင်ခဲ့သည့် စပိဘုတ်သည်...

မြိတ်ရော်ဘာဈေးအဖွင့် ယခင်နှစ်ထက် ဈေးပိုရ

မြိတ်ရော်ဘာဈေးကွက်တွင် ယခုနှစ်အဖွင့်စျေးမှာ တစ်ပိဿာလျှင် ၅၀၀၀ ကျပ်‌ကျော်အထိ ရရှိသဖြင့် ယခင်နှစ်ထက် ဈေးပိုရနေကြောင်း ရော်ဘာခြံ လုပ်ငန်းရှင်များထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် ရော်ဘာဈေးစဖွင့်သည့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံအဆင့် ၃၊ နေလှန်းပြား ခေါင်းဝိုင်း၊အစေးရည် DRC(100%)၊ ခွက်လုံး၊...

ဆိုင်ကယ်တွင် အမျိုးသားတင်ခွင့်မရသဖြင့် မြိတ်က ကယ်ရီသမားများ ဝင်ငွေထိုးကျ

ဆိုင်ကယ်တွင် အမျိုးသား တင်ခွင့်မရသည့်အတွက် မြိတ်မြို့ရှိ ဆိုင်ကယ် ကယ်ရီသမားများ ဝင်ငွေထိုးကျလာ နေကြောင်း ကယ်ရီမောင်းသူများထံမှ သိရသည်။ မြိတ်မြို့တွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးတည်း အတူမစီးရအမိန့်ကို စစ်ကောင်စီက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ကပင်...