မြိတ်တွင် စပိဘုတ်တစ်စီး မီးလောင်

0
615

မြိတ်မြို့တွင် စပိဘုတ်တစ်စီး မီးလောင်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

မြိတ်မြို့၊ ပထက်ကမ်းရှေ့တွင် ရပ်နားထားသည့် စပိဘုတ်တစ်စီး ယနေ့ နေ့လယ် ၁ နာရီတွင် မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများ ကပြောသည်။

မီးလောင်ခဲ့သည့် စပိဘုတ်သည် ကုမ္ပဏီတစ်ခု၏ လုပ်ငန်းတွင် အသုံးပြုနေသည့် စပိဘုတ်ဖြစ်ပြီး နာရီဝက်ခန့် လောင်ကျွမ်းပြီးနောက် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ဒေသခံများ ကပြောသည်။

“စပိဘုတ်က ဆီဗောနားကပ်နေတော့ ဆီဗောကနေ ပရက်ရှာပိုက်နဲ့ ထိုးလိုက်တာ လှေပါမြုပ်သွားတယ်”ဟု ဒေသခံကအမျိုးသားက ပြောသည်။

မီးလောင်ရာတွင် လူထိခိုက်မှုရှိမရှိကို မသိရှိရသေးသလို၊ မီးလောင်ရသည့် အကြောင်းအရင်းလည်း မသိရသေးဟု ဒေသခံများ ကပြောဆိုသည်။

ကော့သောင်းမြို့တွင်လည်း ပြီးခဲ့သည့်သြဂုတ်လ ၈ ရက်နေ့က ရပ်နားထားသည့် ကမ်းဝေးငါးဖမ်းလှေ သုံးစီးမီးလောင်ကာ လှေသားငါးဦး သေဆုံးမှုဖြစ်ခဲ့သေးသည်။