Myeik

မြိတ် ကန်ကြီးနယ်မြေက ရာအိမ်မှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

မြိတ်မြို့ ကန်ကြီးနယ်မြေ ရာအိမ်မှူး ဦးသန်းဦး ယနေ့ ညနေပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ် ၂၃) ညနေ ၃ နာရီဝန်းကျင်က မြိတ်မြို့၊ ကလွှင်ကျေးရွာအုပ်စု၊ NFD...

တနင်္သာရီ ကော့မပြင်းရွာအနီး တိုက်ပွဲခုနစ်ကြိမ်ဖြစ်၊ ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦးကျဆုံး

တနင်္သာရီမြို့နယ်၊ ကော့မပြင်းအနီးတွင် တိုက်ပွဲ ခုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား နှစ်ဦး ကျဆုံးခဲ့ရကြောင်း တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဩဂုတ် ၂၃) ထုတ်ပြန်သည်။ ကော့မပြင်းကျေးရွာအုပ်စုဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးတပ်ပေါင်းစုအဖွဲ့၊ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့တို့အကြား ဩဂုတ်လ...

ကဏန်းမဲဈေးပြန်တက်သော်လည်း စရိတ်ကြီးမြင့်မှုကြောင့်တွက်ခြေမကိုက်သေးဟုဆို

မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းပြန်တက်နေသော်လည်း ကဏန်းဖမ်းရသည့် ကုန်ကျစရိတ် ကြီးမြင့်မှုကြောင့် တွက်ခြေမကိုက်သေးကြောင်း ကဏန်ဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတို့က ပြောသည်။ ပြီးခဲ့သည့် မေလအတွင်းက ကဏန်းမဲကို ထိုင်းသို့တင်ပို့နေကျဖြစ်သည့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် ပိတ်ခဲ့သဖြင့် ကဏန်းမဲဆိုဒ်စုံတစ်ပိဿာလျှင် တစ်သောင်းရှစ်ထောင်ကျပ်မှ ကိုးထောင်ကျပ်အထိ ထိုးကျခဲ့သည်။ ဩဂုတ်လ...

လယ်သမားများ စရိတ်သက်သာရန် ရိတ်သိမ်းခြွေလှေ့စက်များ ချပေးမည်ဟုဆို

မြိတ်ခရိုင်အတွင်းရှိ တောင်သူလယ်သမားများ စရိတ်သက်သာစေရန်အတွက် ရိတ်သိမ်းခြွေလှေ့စက် ၁၀ စီးချပေးသွားမည်ဟု သိရှိရကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမောင်ထွေး ထံမှသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မြိတ်မြို့သို့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို ရောက်ရှိစဉ် လယ်သမားများအတွက် ရိတ်သိမ်းခြွေလှေ့စက်...

မြိတ်မြို့တွင် ဆန်ပြတ်မည်ကို စိုးရိမ်ရန်မရှိဟု ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌပြော

မြိတ်မြို့တွင် ဆန်ပြတ်လပ်မည့်အရေးကို စိုးရိမ်ရန် မလိုကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။ လတ်တလောအခြေအနေတွင် ဈေးတက်ထပ်တက်မည်စိုးရိမ်ကာ ဒေသခံပြည်သူများ ဆန်ကို အပြေးအလွှား ဝယ်ယူနေကြသဖြင့် ဆန်ပြတ်လပ်သွားမည်ကို စိုးရိမ်ကာ ဝယ်ယူသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

တနင်္သာရီ ကော့မပြင်းရွာအနီး တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ဒဏ်ရာရ

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကော့မပြင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သူများရှိခဲ့ကြောင်း တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေးအင်အားစု (SWDF) က ယနေ့ ညနေတွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နေ့လည်...

ပုလောတွင် ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးပစ်ခတ်ခံပြီး ဆေးရုံရောက်၊ တစ်ဦးစိုးရိမ်ရ

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ် နှစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆေးရုံတွင် ကုသနေရကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်က လက္ကူးကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် အပစ်ခံရခြင်းဖြစ်ပြီး...

စက်သုံးဆီစျေးကြီးသဖြင့် အမြန်ရေယာဉ် ထက်ဝက်နီးပါးယာယီရပ်နား

စက်သုံးဆီစရိတ်ကြီးခြင်း၊ ဝယ်ယူရန်ခက်ခဲခြင်းတို့ကြောင့် မြိတ်မြို့နှင့် ကျွန်းစုမြို့အပါအဝင် ပင်လယ်ရွာများသို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်ထက်ဝက်ခန့် ယာယီရပ်နားထားရသည်ဟု အမြန်ရေယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှသိရသည်။ မြိတ်မြို့နှင့်ကျွန်းစုမြို့အပါအဝင် ပင်လယ်ရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၁၀ စီးရှိပြီး ၄ စီးသည်ရပ်နားထားကာ...

မြိတ်မြို့တွင် ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရ

မြိတ်မြို့ အောင်ချမ်းသာရပ်ကွက်က စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအောင်သန်း သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဩဂုတ်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်က မြိတ်ကမ်းနားလမ်း Sea View...

မြိတ်လေယာဉ်ကွင်းအနီး ပြည်သူ့စစ်ကား မိုင်းခွဲတိုက်ခိုက်ခံရ

မြိတ်မြို့ လေယာဉ်ကွင်းအနီးတွင် ယနေ့ (ဩဂုတ် ၁၆) နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ကားဖြင့် သွားလာနေစဉ် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်လေယာဉ်ကွင်းအနီး ကန်ဖျားမြေနီလမ်း လမ်းဆုံတွင် ယနေ့ နံနက် ၆နာရီဝန်းကျင်က...