မွန်တွင် ယနေ့ ကိုဗစ်လူနာ ခုနစ်ဦး သေဆုံး

မွန်ပြည်နယ် မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများ အနက် ခုနစ်ဦး ယနေ့ (မတ် ၈) ထပ်မံသေဆုံးသွားကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေသည့်အပြင် သေဆုံးမှုလည်း တိုးလာ နေကြောင်း...

ရေးတွင် မီတာခ ဈေးတက်၊ ကျေးရွာအချို့ တစ်ယူနစ် ကျပ် ၁၄၀ဝအထိ ပေးရ

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တို့တွင် လျှပ်စစ်မီတာခ တစ်ယူနစ် ကျပ် ၁၄၀၀ အထိ ပေးနေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဖေဖော်ဝါရီလအတွက် လျှပ်စစ်အသုံးပြုခကို ပေးရရာတွင် ယင်းဈေးအတိုင်း ပေးနေရခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

မွန်တွင် ရော်ဘာဈေးတစ်ပေါင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ

မွန်ပြည်နယ်တွင် အဆင့်မြင့်ရော်ဘာ RSS-1 တစ်ပေါင်လျှင် ကျပ် ၁၃၀၀ ကျော်အထိ ဈေးကောင်းရ နေကြောင်း ရော်ဘာလုပ်ငန်းရှင်များနှင့် ရော်ဘာအရောင်းအဝယ်ပြုလုပ်နေသူတို့ထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာပြား အပါး ဟုခေါ်သည့် အဆင့်မြင့်ရော်ဘာ တစ်ပေါင်လျှင် ကျပ်...

မွန်တွင် ကိုဗစ်လူနာ သေဆုံးမှု တိုးလာ

မွန်ပြည်နယ်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာနေပြီး သေဆုံးမှုလည်း တိုးလာနေကြောင်း ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ မော်လမြိုင်ဆေးရုံကြီးတွင် တက်ရောက်ဆေးကုမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာများအနက်မှ ဖေဖော်ဝါရီ ၂၀ ရက်နေ့က လူနာ ၃ ဦး၊ ၂၁ ရက်နေ့က...

မွန် NLD လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ နေအိမ် ချိတ်ပိတ်ခံရ

မွန်ပြည်နယ်အတွင်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နေအိမ် ချိတ်ပိတ်ခံလိုက်ရကြောင်း နီးစပ်သည့် ဒေသခံတို့ထံမှ သိရသည်။ မုဒုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ကျော့ဖြူနှင့် သထုံမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ နေအိမ်တို့ကို စစ်ကောင်စီက...

မွန်တွင် တစ်ရက်အတွင်း ကိုဗစ်လူနာ ၁၄၀ တွေ့

မွန်ပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁၄၀ ဦးအထိ တွေ့ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ ကျိုက်မရောမြို့နယ်တစ်ခုတည်းတွင် ကိုဗစ်အတည်ပြုလူနာ ၄၀...

မွန်တွင် ကိုဗစ်ကူးစက်မှု ဆက်တိုက်တွေ့၊ ၁၄ ရက်အတွင်း ပိုးတွေ့သူ လေးရာကျော်ပြီ

မွန်ပြည်နယ်တွင် ယခုလအတွင်း ကိုဗစ်ကူးစက်မှုများ ဆက်တိုက် တွေ့လာပြီး ဖေဖော်ဝါရီလအတွင်း ပိုးတွေ့ရှိသူ လေးရာကျော်သွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဌာန တာဝန်ရှိသူအချို့နှင့် ကိုဗစ်အရေး ကူညီပေးနေသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့ထံမှ သိရသည်။ မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လလယ်ခန့်မှစတင်ကာ ကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ...

မွန် စာသင်ကျောင်းအချို့တွင် ကိုဗစ် အစုလိုက်အပြုံလိုက် ကူးစက်

မွန်ပြည်နယ် မြို့နယ်အချို့ရှိ အခြေခံပညာကျောင်းအချို့တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတွင် ကိုဗစ် အစုလိုက် အပြုံလိုက် ကူစက်ခံထားရကြောင်း မြို့နယ်ကျန်းမာရေးဌာနနှင့် ကိုဗစ်အရေးကူညီဆောင်ရွက်နေသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ ချောင်းဆုံမြို့နယ် ကမာမိုးကျေးရွာ အထက (ခွဲ)...

မွန်အမျိုးသားနေ့ စိန်ရတု အခမ်းအနားကို မော်လမြိုင်တွင် ကျင်းပမည်

တပို့တွဲလပြည့်ကျော် (၁) ရက်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်နေ့)တွင် ကျရောက်မည့် ၇၅ ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မော်လမြိုင်တွင် ကျင်းပသွားမည်ဟု အခမ်းအနားကျင်းပရေးကော်မတီထံမှ သိရသည်။ မွန်အမျိုးသားနေ့ဗဟို အခမ်းအနားကို တစ်နှစ်လျှင်...

ပေါင်တွင် ကျောင်းဆရာမနှင့် ကျောင်သားများအပါအဝင် ၁၀ ဦးတွင် ကိုဗစ်ပိုးတွေ့

မွန်ပြည်နယ် ပေါင်မြို့နယ်က အခြေခံပညာ အထက်တန်းကျောင်းခွဲတစ်ခုတွင် ကျောင်းဆရာမတစ်ဦးနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် ၁၀ ဦးထံတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာန၏ တာဝန်ရှိသူတို့ထံမှ သိရသည်။ ပေါင်မြို့နယ် ကျားဘိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြ ဆရာမတစ်ဦး...