ကျိုက်ထိုတွင် ဘုန်းကြီးကျောင်း လက်နက်ကြီးထိပြီး ရဟန်းတစ်ပါးပျံလွန်ပြီး နှစ်ပါးဒဏ်ရာရ
Dawei Watch
March 22, 2025မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှုကြောင့် ရဟန်းတစ်ပါးပျံလွန်တော်မူပြီး နှစ်ပါးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပန်ကျေးရွာတွင် အခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ခရွဲကျေးရွာဘက်ကို လက်နက်ကြီးဖြင့် မတ် ၂၁ ရက် နံနက် ၉ နာရီခန့်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ လက်နက်ကြီးကျည်များအနက် တစ်လုံးသည် ခရွဲကျေးရွာ ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ ဆွမ်းဘုန်းရန် ပြင်ဆင်နေသည့် သက်တော် ၅၀ အရွယ်ရှိ ရဟန်းတစ်ပါး ပျံလွန်တော်မူပြီး သက်တော် ၄၀ အရွယ် ရဟန်းနှစ်ပါး ထိမှန်ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “လက်နက်ကြီးက ဘုန်းကြီးကျောင်း ဆွမ်းစားဆောင်အပေါ်တည့်တည့်မှာ ကျသွားတယ်။ အချိန်ကလည်း […]