BREAKING
May 9, 2025

မွန်

သံဖြူဇရပ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရ

Dawei Watch

April 6, 2025

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၅ ရက် ညနေ ၆ နာရီခန့်က ဝဲကလိအခြေစိုက် စစ်ကောင်စီတပ်က ကလိန်ပဒေါကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ၎င်းတို့က ပြောသည်။ လက်နက်ကြီးကျည် နေအိမ်ခြံဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားသည့်အပြင် နေအိမ်တစ်လုံးလည်း မီးလောင်ပျက်စီးကြောင်း ဒေသခံများက ဆိုသည်။ “လက်နက်ကြီးတစ်လုံးက ခြံထဲကျသွားတာ၊ အဲဒီမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး၊ နှစ်ဦးထိသွားတယ်။ အိမ်လည်း မီးလောင်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဒဏ်ရာရသည့်ဒေသခံနှစ်ဦးသည် နီးစပ်ရာဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ဆိုသည်။ ငလျင်ဘေးဒဏ်ကြောင့် စစ်ကောင်စီက […]

မွန်တွင် သင်္ကြန်ပွဲတော် ကျင်းပရန် စစ်ကောင်စီဆက်လုပ်

Dawei Watch

April 2, 2025

မြန်မာနိုင်ငံတွင် ငလျင်ဒဏ် ပြင်းထန်စွာခံစားနေရပြီး လူသေဆုံးမှုများရှိနေသော်လည်း စစ်ကောင်စီက မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရန် ပြင်ဆင်မှုများ ဆက်လက်လုပ်ဆောင်နေသည်။ သင်္ကြန်ပွဲတော်အတွက် ပြည်နယ်စစ်ကောင်စီက မော်လမြိုင်မြို့၊ ကမ်းနားလမ်းတစ်လျှောက်တွင် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ်များကို ဧပြီလ ၁ ရက်နေ့ကစပြီး ဆောက်လုပ်နေကြသည်ဟု မြို့ခံတို့၏ ပြောပြချက်အရ သိရသည်။ “ကမ်းနားတစ်လျှောက်မှာ ဗဟိုမဏ္ဍပ်ရော၊ ဌာနဆိုင်ရာ မဏ္ဍပ်တွေရော ဆောက်နေတယ်။ သင်္ကြန်အတွက် ပြင်ဆင်နေကြတာပေါ့။ ကြည့်ရတာ သင်္ကြန်ကို မစည်စည်အောင် သူတို့ လုပ်မယ့်သဘောပါ။ ငလျင်ကြောင့် လူတွေ ဒီလောက်ဒုက္ခတွေရောက်နေတာကို အပြင်အဆင်မပျက် လုပ်နေတာတွေ့တော့ ပြောစရာစကားတောင် မရှိတော့ဘူး” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။ သင်္ကြန်ပွဲတော်ကာလ စည်ကားစေရန်အတွက် မော်လမြိုင်မြို့တွင် လမ်းလျှောက် သင်္ကြန်ပါထည့်သွင်း ကျင်းပသွားမည်ဟု စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြီးခဲ့သည့် […]

ငလျင်ဘေးသင့်ပြည်သူများကို အကူအညီပေးကြရန် မွန်တော်လှန်ရေးအဖွဲ့ တိုက်တွန်း

Dawei Watch

April 1, 2025

ငလျင်ဘေးသင့်ပြည်သူများကို အကူအညီများပေးကြရန် မွန်ပြည်သူလူထုကို မွန်တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့က တိုက်တွန်းနှိုးဆော်လိုက်သည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားခဲ့သည့် ငလျင်ကြောင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်အပါအဝင် နေရာခြောက်ခုထက်မနည်းက ပြည်သူများ ထိခိုက်သေဆုံးခဲ့ရပြီး နေအိမ်အဆောက်အအုံများစွာလည်း ထိခိုက်ပျက်စီးခဲ့ရသည်။ NMSP-AD အနေဖြင့် ငလျင်ဒဏ်ခံစားနေရသည့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးအပါအဝင် ပြည်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီသွားမည်ဖြစ်ပြီး မွန်ပြည်သူများအနေဖြင့်လည်း ငလျင်ဒဏ်သင့် ပြည်သူများကို တတ်နိုင်သည့်ဘက်က ဝိုင်းဝန်းကူညီပေးကြရန် တိုက်တွန်းထားသည်။ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကလည်း ငလျင်ဘေးသင့် ပြည်သူများထံ အကူအညီများ တိုက်ရိုက်ရောက်ရှိ‌နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။ “ပြည်သူတွေအတွက် အကူအညီတွေကို စစ်ကောင်စီလက်ထဲ မရောက်ရှိဖို့ အထူးအရေးကြီးပါတယ်။ […]

ရေး၊ ကျောင်းရွာ ပြည်သူ့စစ်ခေါင်းဆောင်ဆိုသူ ပစ်ခတ်ခံရပြီး သေဆုံး

Dawei Watch

April 1, 2025

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာက ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ယနေ့ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံများက ပြောသည်။ ကျောင်းရွာကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် အသက် ၅၀ နှစ်အရွယ် ဦးအေးမောင်သည် ယနေ့ နံနက် ၈ နာရီခန့်က ရွာရှိ လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပြည်သူ့စစ်ခေါင်းဆောင် ဦးအေးမောင်က ဒီမနက်မှာ ပစ်သတ်ခံရတယ်။ သူက လက်ဖက်ရည်ဆိုင်မှာရှိနေတဲ့အချိန်မှာ ဟိုက လာပစ်သွားတယ်။ သုံး၊ လေးချက် ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ ဦးအေးမောင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။ ဦးအေးမောင်သည် ခမရ-၅၉၁ တပ်ရင်း လက်အောက်ခံ ပြည်သူစစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ကျောင်းရွာနယ်မြေတစ်ခွင်က […]

ကျိုက်ထိုတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

Dawei Watch

March 28, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာတွင် အမျိုးသားတစ်ဦး မတ်လ ၂၇ ရက်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၊ တိုးချဲ့ကွက်သစ်နေ အသက် ၅၃ နှစ်အရွယ် ဦးစိုးမင်းဦးမှာ နေအိမ်အောက် ကွပ်ပစ်တွင်ရှိနေစဉ် အမည်မသိ သေနတ်သမားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ပစ်ခတ်သွားခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ဦးစိုးမင်းဦးသည် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့သည်။ “သေနတ်သမားက နှစ်ဦး သူတို့က ဆိုင်ကယ်နဲ့ ရောက်လာပြီး။ အိမ်အောက်က ကွပ်ပျစ်မှာ ထိုင်နေတဲ့ ဦးစိုးမင်းဦးကို သေနတ်သမားတစ်ယောက်က ဝင်လာပြီးတော့ ပစ်ထည့်သွားတာ” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။ ဦးစိုးမင်းဦးသည် ကျိုက္ကသာကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ […]

တနင်္သာရီ ခမရ ၅၅၈တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်းနှစ်ဦး လက်နက်ဖြင့်ထွက်ပြေးပြီး ဘက်ပြောင်းခိုလှုံ

Dawei Watch

March 26, 2025

တနင်္သာရီမြို့နယ်၊ ကမ္မလိုင်ရွာအခြေစိုက် အမှတ် ၅၅၈ စစ်ကောင်စီခြေမြန်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦးသည် မွန်ပြည်နယ် ရှေ့တန်းတစ်နေရာမှ လက်နက်နှင့်အတူ ထွက်ပြေးလာပြီး မတ်လ ၂၅ ရက်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ဒေါနတပ်ရင်းထံ ဘက်ပြောင်းခိုလှုံကြောင်း ဒေါနတပ်ရင်းထံမှ သိရသည်။ ဘက်ပြောင်းခိုလှုံလာသူနှစ်ဦးသည် အသက် ၂၇ နှစ်အရွယ် မြိတ်ဒေသခံတစ်ဦးနှင့် အသက် ၂၆ နှစ်အရွယ် ပဲခူးဒေသခံ တစ်ဦးတို့ ဖြစ်ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။ မြိတ်ဒေသခံအမျိုးသားသည် စစ်မှုထမ်းရန် ကံစမ်းမဲပေါက်သည့် မသန်စွမ်းသူ ကိုယ်စား စစ်သားစုဆောင်းခံခဲ့ရပြီး ပဲခူး ဒေသခံအမျိုးသားသည် ရွာတွင် နွားကျောင်းနေစဉ် ဖမ်းဆီး အဓမ္မစစ်သားစုဆောင်းခံခဲ့ရခြင်းကြောင်း ကာယကံရှင်များ၏ ပြောပြချက်ကို ကိုးကား၍ ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က ပြောသည်။ ၎င်းတို့ နှစ်ဦးသည် ပလောက်မြို့နှင့် သံဖြူဇရပ်မြို့နယ်၊ ဝဲကလိရွာရှိ […]

မွန်အမျိုးသားညီလာခံ ဧပြီလပထမပတ်အတွင်း ကျင်းပမည်

Dawei Watch

March 25, 2025

မွန်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ဦးဆောင် ကျင်းပမည့် မွန်အမျိုးသားညီလာခံတစ်ရပ်ကို လာမည့် ဧပြီလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဟု ညီလာခံကျင်းပရေးကော်မတီထံမှ သိရသည်။ ညီလာခံကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်တွင် ကျင်းပသွားရန် စီစဉ်ထားသည်ဟုလည်း ညီလာခံကျင်းပရေးကော်မတီက ပြောသည်။ ညီလာခံတွင် ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူနှင့် ယင်းနှင့် ကိုက်ညီသည့် မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို ဆွေးနွေးသွားရန်ရှိသည်။ “အဓိက ဖက်ဒရယ်အခြေခံမူနဲ့ ပြီးခဲ့တဲ့ ညီလာခံကနေ ရေးဆွဲထားတဲ့ မွန်ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးတော့ ဆွေးနွေးသုံးသပ်ကြမယ်။ ကျန်တာတွေကတော့ အမျိုးသားအရေးအတွက် ဆွေးနွေးကြဖို့ရှိမယ်” ဟု ညီလာခံကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ ညီလာခံကို မွန်သံဃာတော်များ၊ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်များ၊ မွန်ညီညွတ်ရေးပါတီ […]

ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်ခံရပြီး နှစ်ဦးသေဆုံး

Dawei Watch

March 24, 2025

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကြာဖြူကျေးရွာနှင့် ခမိတ်ကျေးရွာကြား ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် မော်တော်ယာဉ်များကို စစ်ဆေးနေသည့် စစ်ကောင်စီ စစ်ဆေးရေးအဖွဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများ၊ ဒေသခံများထံမှ သိရသည်။ မတ်လ ၂၃ ရက် ညနေ ၅ နာရီခွဲခန့်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်တွင် စစ်ဆေးရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ဒုစုံစမ်းစစ်ဆေးရေးမှူး ဦးမင်းသူနှင့် လက်ထောက်စုံစမ်းစစ်ဆေးရေးမှူး ဦးမျိုးသန့်တို့နှစ်ဦး အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးခဲ့ပြီး စုံစမ်းစစ်ဆေးရေးမှူး ဦးသူရစိုး အပြင်းအထန် ဒဏ်ရာရကြောင်း ၎င်းတို့က ဆိုသည်။ “အဲဒီအဖွဲ့က ကြာဖြူနှင့် ခမိတ်ရွာကြားလမ်းမကြီးမှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးနေတဲ့အဖွဲ့ ဖြစ်တယ်” ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ […]