အိန္ဒိယဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့ဟု ပါကစ္စတန်ဆို
Dawei Watch
May 9, 2025အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် ဒရုန်း ၂၅ စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ယင်းသို့ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် အိန္ဒိယကို နောက်ထပ်လက်တုံ့ပြန် တိုက်ခိုက်သွားမည့်အရေးမှာ ပိုမိုသေချာသွားပြီဟု ပါကစ္စတန်စစ်တပ်က ဆိုသည်။ ဗုဒ္ဓဟူးနေ့ နံနက်အစောပိုင်းတွင် ပါကစ္စတန်နိုင်ငံအတွင်းနှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသရှိ နေရာ ၉ ခုကို အိန္ဒိယက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ဆယ်စုနှစ်နှစ်ခုစာအတွင်း အဆိုးရွားဆုံး စစ်ရေးပဋိပက္ခ ပေါ်ပေါက်လျက် ရှိသည်။ ပါကစ္စတန်နိုင်ငံ နေရာအနှံ့သို့ အိန္ဒိယဘက်မှ တိုက်ခိုက်လာသည့် အစ္စရေးထုတ် Harop ဒရုန်း အစီးရေ ၂၅ စီးကို ပစ်ချခဲ့နိုင်ခဲ့သည်ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။ အိန္ဒိယဘက်မှ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ နောက်ထပ်ကျူးကျော်ရန်စမှုလုပ်ရပ်တစ်ခုကို ထပ်မံပြသလိုက်ခြင်း ဖြစ်သည်ဟု ပါကစ္စတန်စစ်တပ်၏ ပြောခွင့်ရပုဂ္ဂိုလ် အာမက်ရှာရစ်ချောင်ဒရီက […]