ရေဖြူ၊ ညင်းထွေးရွာ အုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရ

ရေဖြူမြို့နယ် ၊ ကျောက်ကညာရွာနှင့် ညင်းထွေးရွာအကြားရှိ ညင်းထွေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၂ဝ ဦးကို ဧပြီလ ၄ ရက် ညနေက ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။ “...

သင်္ဃန်းညီနောင်စစ်ဗျူဟာကို သိမ်းယူလိုက်ကြောင်း KNLA ထုတ်ပြန်၊ မြဝတီ ခလရ ၂၇၅ တပ်က လက်နက်ချရန် ညှိနှိုင်းနေဟု သတင်းထွက်

စစ်ကောင်စီတပ်၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) ကို ဧပြီလ ၅ရက် ညတွင် သိမ်းယူလိုက်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် KNLA ဗဟိုက သတင်းထုတ်ပြန်သည်။ KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်)...

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးမတော်တဆမှုကြောင့် ဆေးကုနေရသည့်ရဲဘော်သေဆုံး

ဗုံးမတော်တဆမှုကြောင့် ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁) က အသက် ၂ဝ ဝန်းကျင်အရွယ် ရဲဘော်ပိုးစိုင်သည် ဧပြီလ ၅ ရက်တွင် သေဆုံးကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။

တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းစတင်သည့် ဓာတ်ပုံများ စစ်ကောင်စီထုတ်ပြန်

တနင်္သာရီတိုင်းက စစ်မှုထမ်းသင်တန်း စတင်သည့် ဓာတ်ပုံများကို စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနက ထုတ်ပြန်လာသည်။ ပုလောမြို့နယ် ပလောက်မြို့ စစ်ကောင်စီတပ်၏ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် ‌စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် စစ်မှုထမ်းပုံများကို ထုတ်ပြန်လာခြင်းဖြစ်သည်။

အရေးပေါ်ကိစ္စများအတွက် ရေး – သရက်ချောင်းလမ်းပိုင်းကို ညပိုင်းသွားလာခွင့်ပြုမည်

ရေးတောင်ပိုင်းမှ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အထိ ညဘက်သွားလာခွင့်ပိတ်ထားသော်လည်း အရေးပေါ်ကိစ္စများ အတွက် ခွင့်ပြုကြောင်း မွန်နှင့် တနင်္သာရီတော်လှန်ရေးအင်အားစုများက ယနေ့ ဧပြီလ ၃ ရက်က ထုတ်ပြန်လိုက်သည်။ ယင်းလမ်းကို ည ၆နာရီ မှ နံနက်...

ထားဝယ်ထောင်ပြင်ပ ခေါ်ထုတ်သွားသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရ

ထားဝယ်အကျဉ်းထောင် ပြင်ပသို့ခေါ်ထုတ်ခံရသည့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးစလုံး အသတ်ခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ယနေ့ ဧပြီလ ၃ ရက်တွင် သတင်းထုတ်ပြန်သည်။ မတ်လ ဒုတိယအပတ်က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က...

ပကာရီကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်၊ လက်နက်ကြီးကျသဖြင့် အိမ်တစ်လုံးမီးလောင်

ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတိုက်ပွဲတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် လူနေအိမ်တစ်လုံး မီးလောင်ပျက်စီးသွားကြောင်း ဒေသခံအချို့နှင့် တပ်ခွဲမှူးတစ်ဦးက ပြောသည်။ ထားဝယ်မှ ရေဝိုင်း-ပကာရီကျေးရွာဘက်သို့ ထွက်လာသည့် အင်အား ၄၀ ခန့်ပါသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလ...

တနင်္သာရီက စစ်ကောင်စီတပ်ရင်းနှင့် ညောင်ပင်ကွင်းတံတားရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရ

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ်ရင်းနှင့် ညောင်ပင်ကွင်းရွာတံတားရှိ စစ်ကောင်စီ တပ်သား များကို တော်လှန်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း (၁) ထံမှ သိရသည်။ ဧပြီလ ၂ ရက်နေ့...

ဇဟာရွာသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရ

ထားဝယ်မြို့နယ်၊ ဇဟာရွာတွင် ယနေ့ ဧပြီလ ၃ ရက် နံနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။ မိုင်းနင်းမိသူမှာ အသက် ၃၀ကျော် အရွယ်ရှိ ကိုဟန်မျိုးနောင်...

လောင်းလုံးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံး

တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လောင်းလုံးမြို့နယ်၊ သာယာကုန်းရွာထိပ်တွင် ယနေ့ ဧပြီ ၃ ရက်နံနက် ၉ နာရီခန့်တွင် လက်နက်ကြီးကျည် နှစ်လုံးကျရောက်ပေါက်ကွဲပြီး လူငယ်အမျိုးသားတစ်ဦး သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူမှာ သာယာကုန်းရွာသား အသက်...