ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်က ဗုံးမတော်တဆမှုကြောင့် ဆေးကုနေရသည့်ရဲဘော်သေဆုံး

0
542
ပုံစာ - ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း (၁) မှရဲဘော်များ (ပုံအဟောင်း) Photo - ဝိုင်းတွန်းဇို့

ဗုံးမတော်တဆမှုကြောင့် ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တပ်ရင်း (၁) က အသက် ၂ဝ ဝန်းကျင်အရွယ် ရဲဘော်ပိုးစိုင်သည် ဧပြီလ ၅ ရက်တွင် သေဆုံးကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။

ရဲဘော်ပိုးစိုင်သည် မတ်လ ၂၄ ရက်က ရေဖြူမြို့နယ်တစ်နေရာတွင် ဒရုန်း ဗုံးသီးတပ်ဆင်စဉ် မတော်တဆပေါက်ကွဲမှုဖြစ်ပြီး ကျဆုံးခဲ့သည့် ရဲဘော်ပျိုစင်နှင့်အတူ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ထိခိုက်ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကာကယ်ရေးတပ်မတော်၊ တပ်ရင်း (၁) ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကွန်ပျူတာက ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတွင် ရဲဘော်လွတ်လပ်၊ ရဲဘော်ပျိုစင်၊ ရဲဘော်ဂူဂျွန်ဘိတ်နှင့် ရဲဘော်မင်းသွေးတို့ လေးဦး သေဆုံးခဲ့ကြောင်း ယင်းတပ်ရင်း၏ မှတ်တမ်းအရသိရသည်။