တပေါင်းလပြည့်က ထားဝယ်တွင်မွေးဖွားခဲ့သည့် ကလေးသုံးမွှာပူးတွင် တစ်ဦးကွယ်လွန်

တပေါင်းလပြည့် (မတ် ၂၄)နေ့က ထားဝယ်မြို့၊ မြင့်မိုရ်ဦး ဆေးရုံတွင် မွေးဖွားခဲ့သည့် ယောက်ျားကလေးသုံးမွှာပူးအနက် မတ် ၂၈ ရက်က တစ်ဦးကွယ်လွန်သွားကြောင်း ၎င်းတို့၏မိသားစုထံကသိရသည်။ မတ်လ ၂၆ ရက်က ရုတ်တရက်နေမကောင်းဖြစ်လာသဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသခဲ့ပြီး...

ထားဝယ်မြို့တွင် အပူချိန် စံချိန်သစ်ထပ်တင်

ထားဝယ်မြို့တွင် မတ်လ ၂၉ ရက်နေ့က နေ့အပူချိန်စံချိန်သစ်ထပ်တင်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနက ထုတ်ပြန်သည်။ အပူချိန် ၃၉ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် (၁၀၃ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)​ ဖြင့် ၂၀၁၆ ခုနှစ်...

စစ်ကောင်စီက ကလိန်အောင်ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးခဲ့ပြီး နှစ်ဦးဖမ်းဆီး

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ကို မတ်လ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီက ကား ၂ စီးဖြင့်ရောက်ရှိလာပြီး နေအိမ်သုံးလုံးကိုဝင်ရှာကာ လင်မယားနှစ်ဦး ကိုဖမ်းဆီးခဲ့ကြောင်း ကလိန်အောင်မြို့ခံများကပြောသည်။ အမှတ် ၃ ရပ်ကွက်ရှိ...

ကလိန်အောင်အနီး လေကြောင်းတိုက်ခိုက်ခံရမှုတွင် PDF တပ်ခွဲမှူးတစ်ဦးကျဆုံး

ရေး - ထားဝယ်ကားလမ်းပိုင်း မလွှဲတောင်နှင့်ကလိန်အောင်အကြားရှိ ကျေးရွာများကို စစ်ကောင်စီက မတ်လ ၂၉ ရက်နေ့ နေလယ်ပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာတွင် PDF တပ်ခွဲမှူးတစ်ဦး ကျဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်း ထံကသိရသည်။ ကျဆုံးသည့် တပ်ခွဲမှူးသည်...

လောင်းလုံးတွင် ယနေ့မနက် ပေါက်ကွဲ၊ ပစ်ခတ်မှုဖြစ်

လောင်းလုံးမြို့နယ်၊သာယာကုန်းကျေးရွာအနီးတွင် ယနေ့(မတ် ၂၉) မနက်က ပေါက်ကွဲပစ်ခတ်မှု မိနစ်အနည်းငယ်ခန့် ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ လောင်းလုံးထားဝယ် လမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်ခန့်က မြေတင်ကားတစ်စီး မောင်းနှင်လာစဉ် သာယာကုန်းကျေးရွာအကျော်၌ ပေါက်ကွဲပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း...

သရက်ချောင်းမြို့နယ် NLD အမတ်ဟောင်း ဦးဝေဝေလွင်ကို ထောင်သုံးနှစ်ချ

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် NLD လွှတ်တော်အမတ်ဟောင်း တစ်ဦးဖြစ်သည့် ဦးဝေဝေလွင်ကို စစ်ကောင်စီက ထောင်ဒဏ်သုံးနှစ်ချလိုက်သည်။ ဖေဖော်ဝါရီလအကုန် မတ်လဆန်းပိုင်းတွင် ဦးဝေဝေလွင်ကို ထောင်ဒဏ်သုံးနှစ် ချလိုက်ခြင်းဖြစ်ကြောင်း သိရသော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုခဲ့သည်ကိုမူ အတိအကျမသိရပေ။

ထားဝယ်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကွယ်လွန်

ထားဝယ်နာရေးကူညီမှုအသင်း၏ဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိန်သည် ယနေ့ မတ်လ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားကြောင်း ထားဝယ်နာရေးကူညီမှုအသင်းထံမှသိရသည်။ အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၆ နှစ်ရှိပြီဖြစ်ကြောင်း အထက်ပါအသင်းထံမှ သိရသည်။

ထားဝယ်ထောင်တွင် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီးခြေကျိုး

ထားဝယ်အကျဉ်းထောင်တွင် အသက် ၃၀ ဝန်းကျင်အရွယ် အကျဥ်းသားတစ်ဦး သစ်ပင်ပေါ်ကပြုတ်ကျပြီး ခြေထောက်ကျိုးသွားကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။ မတ်လ ၂၂ ရက်တွင် ထောင်အာဏာပိုင်များက သစ်ပင်အကိုင်းခုတ်ခိုင်းသဖြင့် တက်ခုတ်ရာမှ ပြုတ်ကျခြင်းဖြစ်ပြီး ၎င်းကို ထားဝယ်ဆေးရုံသို့...

ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား PDF ရဲဘော်တစ်ဦး ဗုံးမတော်တဆမှုကြောင့်သေဆုံး

ထားဝယ်တက္ကသိုလ်က CDM ကျောင်းသား အသက် ၂၆ နှစ်အရွယ် PDF ရဲဘော်ပျိုစင်သည် ဗုံးမတော်တဆမှုကြောင့် သေဆုံးကြောင်း အဆိုပါရဲဘော်နှင့်နီးစပ်သူများထံက သိရသည်။ ရေဖြူမြို့နယ်၊ အနောက်ဘက်ကမ်းတွင် မတ်လ ၂၄ ရက်က ဒရုန်း ဗုံးသီးတပ်ဆင်စဉ်...

ရေဖြူ ဇာဒီရွာက သားအဖနှစ်ဦးဖမ်းဆီးခံရပြီး သတင်းအစအနပျောက်နေ

ရေဖြူမြို့နယ်၊ ဇာဒီရွာတွင် မတ်လ ၂၆ ရက်ညက သားအဖနှစ်ဦးကို လက်နက်ကိုင်တစ်စုက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ရွာသားများထံမှ သိရသည်။ ဦးအုန်းလွင်နှင့် ၎င်း၏သားဖြစ်သူ ကိုထက်လင်းတို့ နေအိမ်တွင်ရှိနေချိန် လက်နက်ကိုင်ဆောင်ထားသူ ငါးဦးခန့်က...