စစ်ကောင်စီ အင်အားအလုံးအရင်းဖြင့်လာပြီး ကံပေါက်-နဘုလယ်လမ်းကို ဘတ်ဟိုးဖြင့် ဖျက်ဆီးဖြတ်တောက်

ရေဖြူမြို့နယ် ကံပေါက်နှင့် နဘုလယ်ဒေသတို့အကြား ဆက်သွယ်ထားသည့် ဇာဒီ-ခေါင်ပြန်လမ်းပိုင်းတွင် စစ်ကောင်စီက ဘတ်ဟိုးဖြင့် မြေတူးပြီး လမ်းကို ဖျက်ဆီးဖြတ်တောက် ပိတ်ဆို့ထားကြောင်း ဒေသခံများထံမှ သိရသည်။ ဧပြီလ ၂၉ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင်...

ထားဝယ်တွင် လျှပ်စစ်မီးအပျက်များလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့်ပစ္စည်းများ ဝယ်သူမြင့်တက်

ရာသီဥတု ပူပြင်းချိန် ထားဝယ်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်လေ့ရှိလာသဖြင့် ဆိုလာ၊ အင်ဗာတာ၊ ဘတ္ထရီ၊ ပါဝါဘဏ် စသည့် လျှပ်စစ်ပစ္စည်းများ ဝယ်ယူမှုမြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ဧပြီလ လဆန်းပိုင်းမှစတင်ကာ ထားဝယ်ခရိုင်တွင် လျှပ်စစ်မီး အချိန်ကြာမြင့်စွာပြတ်တောက်မှု မကြာခဏ...

မလွှဲတောင်ကို တစ်နေ့နှစ်ကြိမ် အချိန်အကန့်အသတ်ဖြင့်သာ ဖြတ်ခွင့်ပြု

မွန်ပြည်နယ်ဘက်မှ တနင်္သာရီတိုင်းထဲသို့အဝင် မလွှဲတောင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် သင်္ကြန်ကာလနောက်ပိုင်း ကစ၍ တစ်နေ့နှစ်ကြိမ် အချိန်အကန့်သတ်ဖြင့်သာ ဖြတ်သန်းခွင့်ပြုတော့ကြောင်း ကားသမားများနှင့် ခရီးသွားများထံက သိရသည်။ နံနက် ၈ နာရီခွဲဝန်းကျင်မှ ၁၁ နာရီအထိတစ်ကြိမ်၊ မွန်းလွဲ ၃...

ရေဖြူ သဲချောင်းရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ရေဖြူမြို့နယ်၊ သဲချောင်းကျေးရွာအုပ်စုတွင် ပျူစောထီးအဖွဲ့က ရိုက်နှက်၍ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရကြောင်း ယင်းကျေးရွာအုပ်စုတွင် နေထိုင်သည့် ဒေသခံများထံက သိရသည်။ ဧပြီလ ၂၅ ရက်တွင် သဲချောင်းကျေးရွာအုပ်စု၊ သဘွတ်ချောင်းရွာတွင် အသက် ၄ဝ ကျော်အရွယ်...

လောင်းလုံးတွင်တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာယီတပ်စွဲ၍ပစ်ခတ်

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က ဘုန်းကြီးကျောင်းတွင် ယာတပ်အထိုင်ချကာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ လောင်းလုံးမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်က မနေ့(ဧပြီ ၂၇) နံနက် ၈ နာရီကျော်...

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီး ကား၊ ဆိုင်များကို ဖမ်းဆီးဒဏ်ရိုက်မှုဆက်တိုက်လုပ်

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီးတွင် ဖြတ်သန်းသွားလာသည့် ကား၊ ဆိုင်ကယ်များကို ဖမ်းဆီးဒဏ်ရိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ DDPC ဈေးဝယ်စင်တာမှာ လောင်းလုံးမြို့နယ်မှ ထားဝယ်မြို့ထဲသို့ဝင်သည့် ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ရှိသည်။

ရေဖြူတွင် ဒုရဲအုပ်တစ်ဦး ပစ်ခတ်ခံရပြီးသေဆုံး

ရေဖြူမြို့တွင် ဧပြီလ ၂၆ရက် ညနေပိုင်းက ဒုရဲအုပ်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Dawei Guerrilla Revolutionary Force- DGRF ထားဝယ်ပကဖ အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ ရေဖြူမြို့ အရှေ့ဘက်ကမ်း (ဂ) ရပ်ကွက်ရှိ နေရာသစ်ထမင်းဆိုင်အနီးတွင်...

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ လောင်းလုံးက အဖွားတစ်ဦးသေဆုံး

စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် လောင်းလုံးမြို့ပေါ်တွင် အဖွားတစ်ဦး ကျည်စထိမှန် သေဆုံးသွားကြောင်း မြို့ခံအချို့ကပြောသည်။ ဧပြီလ ၂၆ ရက် ညနေ ၆ နာရီခန့်တွင် လောင်းလုံးမြို့ ထိန်သစ်ရပ်ကွက်ရှိ အသက် ၈၀ ကျော်အရွယ်...

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာတွင် PDF ဟန်ဆောင်ကာ ဒေသခံများကို ရိုက်နှက်ငွေတောင်းဟုဆို

သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းရွာတွင် စစ်ကောင်စီတပ်က PDF ဘက်တံဆိပ်များပါသည့် အဝတ်အစားများဝတ်ဆင်ကာ ဒေသခံအချို့ကို ဖမ်းဆီးစစ်ဆေးရိုက်နှက်ခြင်း၊ ငွေကြေးတောင်းခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းထံမှ သိရသည်။ ယနေ့ (ဧပြီ ၂၆) နံနက်တွင် PDF အသွင်ယူထားသူများက ချောက်ချောင်းရွာအတွင်း...

ရေဖြူ၊ အုန်းပင်ကွင်းရွာတွင် အမျိုးသား ၆ ဦး ဒလန်ဟုဆိုကာ သတိပေးစာကပ်ခံရ

ရေဖြူမြို့နယ် ၊ အုန်းပင်ကွင်းရွာတွင် ဧပြီလ ၂၀ ရက် က အမျိုးသား ၆ ဦး အမည်နှင့်တကွ သတိပေးစာကပ်ခံရကြောင်း ကာကယံရှင်များ နှင့် ဒေသခံများထံကသိရသည်။ အုန်းပင်ကွင်းရွာ ဘုန်းကြီးကျောင်းလမ်းဆုံတွင် ယင်းအမျိုးသား ၆...