ထန်းရည်လိုင်စင်ခွင့်ပြုရန် တင်ပြ

ထားဝယ်ခရိုင်အတွင်း ထန်းရည် ရောင်းချခွင့် လေလံလိုင်စင်ပေးရန် ရုံးချုပ်ကို တင်ပြထားကြောင်း ခရိုင်အုပ် ချုပ်ရေးမှူးက ပြောသည်။ ထန်းရည်လေလံလိုင်စင်ခွင့်ပြုနိုင် ရန် ပြီးခဲ့သည့် သုံးလခန့်ကပင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးချုပ်ထံ တင်ပြထားပြီး ထန်းရည်ဆိုင်ရှိသည့် မြို့နယ်တစ်ခုလျှင် လေလံလိုင်စင်လေးခု...

လယ်သမားများထံမှ စပါးဝယ်ယူရန် တနင်္သာရီတိုင်းအစိုးရ စီစဉ်

တနင်္သာရီတိုင်းအတွင်းရှိ လယ်သမားများထံတွင် စပါးဝယ်ယူရန်အတွက် တနင်္သာရီတိုင်းအစိုးရ အဖွဲ့က စီစဉ် ဆောင်ရွက်နေပြီး ပြည်ထောင်စုအစိုးရ အဖွဲ့ထံ ဒီဇင်ဘာလ ၁၇ ရက်က တင်ပြ ထားကြောင်း တိုင်းအစိုးရအဖွဲ့ဝင် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ပြောသည်။

ထောက်ခံပွဲနှင့် ကျောင်းသားကိစ္စ ဝန်ကြီးနှင့် ပညာရေးဝန်ထမ်းများ ရှင်းတမ်း

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံကိုယ်စားပြုပြီး သွားရောက် ဖြေရှင်းနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူရပ်တည်ကြောင်း ထောက်ခံပွဲကို မြိတ်မြို့တွင် ဒီဇင်ဘာလ ၉ ရက်က ကျင်းပရာ ပါဝင်ခဲ့သည့် ကျောင်းသူကျောင်းသား ဘင်ခရာအဖွဲ့ဝင်များကို တိုင်းပညာရေးမှူး၏ ညွှန်ကြားချက်အရဟုဆိုကာ ခံဝန်ထိုးခိုင်းသည်ဆိုသည့်သတင်းများ...

ကျောင်းသားများကို စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်မှု မရှိစေဘဲ သင်ကြားပေးရမည်

ဆရာ၊ ဆရာများအနေဖြင့် အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးရာတွင် အပြုသဘော ဆောင်သော ဆက်ဆံရေးဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေဘဲ သင် ကြားပေးရမည်ဟု ဥပဒေဖြင့် သတ်မှတ် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။

လွတ်လပ်ရေးနေ့ ပြခန်း ဝန်ကြီးဌာနအလိုက် စုပေါင်းပြမည်

တနင်္သာရီတိုင်းဒေသကြီး ၇၂ ကြိမ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တွင် ပြခန်းများကို ဝန်ကြီးဌာန အလိုက် စုပေါင်းပြသမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ လွတ်လပ်ရေးနေ့အခမ်းအနား ပြခန်းများကို ယခင်က ဦးစီးဌာနတစ်ခုချင်းအလိုက်ခင်း ကျင်းပြသရာမှ ယခုနှစ်တွင်...

ရငဲ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ ကျပ်သိန်းတစ်ရာနီးပါး သုံးမည်

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အုပ်စု ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အတွက် ကျပ်သိန်းတစ်ရာနီးပါးခန့်သုံး မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။ အဆိုပါပွဲတွင် အားကစားနည်း ၂၁ မျိုးကျော်ပါဝင်ပြီး လက်ဝှေ့အားကစား...

တနင်္သာရီတွင် တက္ကသိုလ်ကျောင်းသားများ ဖန်တီးမှုစွမ်းရည်ပြပွဲ ပြုလုပ်ရန် ရန်ပုံငွေ အခက်အခဲဖြစ်နေ

တနင်္သာရီတိုင်းအတွင်းရှိ တက္ကသိုလ် များ အားလုံးပါဝင်သည့် ပထမဆုံး တက္ကသိုလ်ကျောင်းသားများ၏ ဖန်တီးမှု စွမ်းရည်ပြပွဲ (Thnintharyi Regional Student Creative Show) ပြုလုပ်ရန် အတွက် ရန်ပုံငွေ အခက်အခဲဖြစ်နေကြောင်း ထားဝယ်ခရိုင် ကျောင်းသားများ သမဂ္ဂ ထံမှ သိရသည်။

ယခုနှစ် ထားဝယ်မြို့သာယာလှပရေး အဓိကထားမည်

လက်ရှိဘဏ္ဍာရေးနှစ်တွင် ထားဝယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့သာယာလှပရေး လုပ်ငန်းများကို အဓိကလုပ်ဆောင်မည်ဟု ဆိုသည်။ ယခုဘဏ္ဍာနှစ်အတွက် ရရှိထား သည့်ဘတ်ဂျက်များဖြင့် လမ်းဆုံရှိ တြိဂံထောင့်များ၊ ပန်းခြံများနှင့် လေယာဉ်ကွင်းလမ်းကို အဆင့်မြှင့်မည်ဖြစ်ကြောင်း အထက်ပါအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ဆိုသည်။

ထားဝယ်တွင် ကြားဖြတ် သန်းခေါင်စာရင်း စကောက်

နောက်ထပ် သန်းခေါင်စာရင်း မကောက်မီ လိုအပ်သော အညွှန်းကိန်း များ ရရှိနိုင်ရန် ထားဝယ်မြို့နယ်အတွင်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ရုံးထံမှ သိရသည်။ ယင်းသန်းခေါင်စာရင်းကို ဒီဇင်ဘာလ ၁၁...

ကလိန်အောင်မြို့ ရေပေးဝေရေးကိစ္စ ယခုနှစ် အကောင်အထည် မဖော်နိုင်သေး

နှစ်စဉ်နွေရာသီတွင် သောက်သုံး ရေး အခက်အခဲရှိနေသည့် ကလိန်အောင်မြို့ ရေပေးဝေရေးကိစ္စကို ယခုနှစ်တွင် အကောင်အထည်ဖော်နိုင်မည်မဟုတ်ကြောင်း ရေဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ ကလိန်အောင်မြို့သောက်သုံးရေရရှိရေးအတွက် ရေထွက်ပင်ရင်းနှစ်ခုဖြစ် သည့် ဇင်းဘာချောင်းနှင့် မိချောင်းလှောင်း ချောင်းတစ်ခုခုမှ ရေကိုသွယ်တန်းကာ...