ရငဲ လွတ်လပ်ရေးနေ့ အားကစားပြိုင်ပွဲ ကျပ်သိန်းတစ်ရာနီးပါး သုံးမည်

0
573

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အုပ်စု ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ အတွက် ကျပ်သိန်းတစ်ရာနီးပါးခန့်သုံး မည်ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောသည်။

အဆိုပါပွဲတွင် အားကစားနည်း ၂၁ မျိုးကျော်ပါဝင်ပြီး လက်ဝှေ့အားကစား ပြိုင်ပွဲကိုမူ ဘဏ္ဍာရေးအခြေအနေပေါ် မူတည်၍ ထည့်သွင်းကျင်းပရန် တိုင် ပင်နေဆဲဖြစ်သည်ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

“ရွာရဲ့ အားကစားဝါသနာရှင်တွေ ကို အလှူရှင်တွေကနေပြီးတော့ တာဝေး ဆို တာဝေးပြေးမယ့်သူတွေအတွက် ပထမဆု ဘယ်သူပေးမယ်၊ ဒုတိယဆုကို ဘယ်သူပေးမယ် ဆိုပြီးတော့ သူ့ဘာသာ သူ လာပေးဆောင်သွားကြတယ်”ဟု အုပ်ချုပ်ရေးမှူးက ဆိုသည်။

မြန်မာ့ရိုးရာလက်ဝှေ့ပွဲကို ထိန်းသိမ်း သည့်အနေဖြင့် ထည့်သွင်းကျင်းပခြင်း ဖြစ်ပြီး လက်ဝှေ့အားကစားတစ်ခုတည်း အတွက် ရင်းနှီးမတည်ငွေ ကျပ်သိန်း ၂၀ ခန့်ရှိသည်ဟု ၎င်းက ပြောသည်။

ရငဲကျေးရွာအုပ်စုတွင် မူးယစ်ဆေး ဝါးသုံးစွဲမှု ကင်းစင်ရန်ရည်ရွယ်ချက်ဖြင့် အားကစားပြိုင်ပွဲများကို ရာသီအလိုက် ကျင်းပခြင်းဖြစ်ကြောင်း အုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါပြိုင်ပွဲကို ဇန်နဝါရီ ၃ ရက် မှ ၇ ရက်အထိ ရငဲကျေးရွာ ဖိုးဘထွန်း အားကစားကွင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ပြီး ရပ်ဝေးရပ်နီးကျေးရွာများမှ အားကစားဝါသနာရှင်များကိုလည်း ဖိတ်ခေါ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ပါဝင်မည့်ပြိုင်ပွဲများမှာ ဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘော ကျား/မ၊ ၈ မိုင်တာဝေး၊ လွန်ဆွဲ ကျား/မ၊ မီတာ ၁၀၀၊ ၂၀၀၊ ၄၀၀ တာဝေးပြိုင်ပွဲ၊ ခေါင်း အုန်းဖွတ်ပြိုင်ပွဲ၊ ချောတိုင်တက်၊ အုန်းသီး လုပြိုင်ပွဲ၊ မုန့်ကိုက်ပြိုင်ပွဲ၊ စကောရွက် ပြိုင်ပွဲ၊ ကွမ်းသီးကောက်ပြိုင်ပွဲ၊ မြင်းစီး ရေငုံပြိုင်ပွဲ၊ သုံးချောင်းထောက်ပြိုင်ပွဲ၊ ဆိုင်ကယ်၊ စက်ဘီးအနှေးစီးပြိုင်ပွဲ၊ အလျားခုန် အမြင့်ခုန်ပြိုင်ပွဲနှင့် အခြား အားကစားနည်းများ ရိုးရာအားကစား နည်းများကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ကြောင်း ရငဲကျေးရွာဖွံဖြိုးတိုးတက်ရေး ကော်မတီထံမှ သိရသည်။

Dawei Watch