လွတ်လပ်ရေးနေ့ ပြခန်း ဝန်ကြီးဌာနအလိုက် စုပေါင်းပြမည်

0
592

တနင်္သာရီတိုင်းဒေသကြီး ၇၂ ကြိမ် မြောက် လွတ်လပ်ရေးနေ့အခမ်းအနား တွင် ပြခန်းများကို ဝန်ကြီးဌာန အလိုက် စုပေါင်းပြသမည်ဖြစ်ကြောင်း ထားဝယ် ခရိုင်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လွတ်လပ်ရေးနေ့အခမ်းအနား ပြခန်းများကို ယခင်က ဦးစီးဌာနတစ်ခုချင်းအလိုက်ခင်း ကျင်းပြသရာမှ ယခုနှစ်တွင် တိုင်းအစိုးရအဖွဲ့က စုပေါင်းပြသမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ဆိုသည်။

ပြခန်းများကို တစ်နှစ်နှင့် တစ်နှစ် မတူအောင် ပုံစံပြောင်းကာ ပြသခြင်း ဖြစ်ပြီး ဝန်ကြီးဌာနတစ်ခုလျှင် အလျား ပေ ၄၀ ၊ အနံ ၁၂ ပေ အကျယ်ရှိ ပြခန်း များ ဆောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အရင်ကလို တစ်ယောက်တစ်ခန်း အဲလိုတော့ မဟုတ်တော့ဘူးပေါ့”ဟု ဦးအောင်စိုးမိုးက ပြောသည်။

လွတ်လပ်ရေးနေ့အခမ်းအနားကို ရွှေဝယ်သီရိ အားကစားကွင်းအတွင်း ကျင်းပမည်ဖြစ်ပြီး ဈေးပွဲတော်လည်း ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့်နှစ် လွတ်လပ်ရေးနေ့ က ၁၂ ပေအကျယ်ရှိ ဦးစီးဌာနအလိုက် ပြခန်းပေါင်း ၆၀ ကျော် ပါဝင်ပြသခဲ့ သည်။

၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် နိုင်ငံတော်အလံတင် ခြင်းနှင့် အလေးပြုခြင်း၊ သဝဏ်လွှာဖတ် ခြင်း အခမ်းအနားများကို အချိန်အလိုက် ကျင်းပမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ် ရေးမှူးရုံးထံမှ သိရသည်။

Dawei Watch