ကျောင်းသားများကို စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်မှု မရှိစေဘဲ သင်ကြားပေးရမည်

0
579

ဆရာ၊ ဆရာများအနေဖြင့် အခြေခံ ပညာ ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားပေးရာတွင် အပြုသဘော ဆောင်သော ဆက်ဆံရေးဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမရှိစေဘဲ သင် ကြားပေးရမည်ဟု ဥပဒေဖြင့် သတ်မှတ် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်သည်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက် တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လက်မှတ်ရေးထိုးကာ ထုတ်ပြန်လိုက် သည့် အခြေခံပညာရေး ဥပဒေ ပုဒ်မ ၄၀ တွင် အထက်ပါအတိုင်း သတ်မှတ် ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။

အခြေခံဆရာ၊ ဆရာမအချို့၏ သင်ကြားမှုပုံစံများသည် အနည်းနှင့် အများ ကျောင်းသား၊ ကျောင်းသူများကို စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိနေ သေးသည်ကို တွေ့ရကြောင်း ထားဝယ် ခရိုင်ရှိ ဆရာ၊ ဆရာမအချို့ ဝန်ခံပြောဆို ခဲ့သည်။

“ဆရာ၊ ဆရာမတွေ အများစုက အနည်းဆုံးတော့ လူရှေ့သူရှေ့မှာ ကျောင်း သားတစ်ယောက်ကို အခြားကျောင်းသား တစ်ယောက်နဲ့ ခိုင်နှိုင်းပြောဆိုတာတွေ ရှိနေသေးတယ်။ အဲတာတွေက (ခိုင်းနှိုင်း ခံရတဲ့) ကလေးတွေအတွက် စိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှု ရှိသွားနိုင်တာပေါ့”ဟု လောင်းလုံးမြို့နယ်မှ ဆရာတစ်ဦးက ဆိုသည်။

အထက်ဖော်ပြပါ ပုဒ်မ ၄၀ တွင် အခြေခံဆရာ၊ ဆရာမများ ထမ်းဆောင်ရ မည့် တာဝန် ငါးချက်( ပုဒ်မခွဲ က မှ င အထိ)ကို ဖော်ပြထားပြီး အချုပ်အား ဖြင့် မိမိလုပ်ငန်းအပေါ် တာဝန်ယူ၊ တာဝန်ခံရမည်ဖြစ်ပြီး ကျောင်းသားများ စံနမူနာကောင်း ဖြစ်ရမည် ဖော်ပြထားသည်။

ယင်းအပြင် ကျောင်းအချိန်အတွင်း သင်ခန်းစာများအားလုံးကုန်အောင် သင် ကြားပေးရမည်ဖြစ်ပြီး ခေတ်လျော်ညီ သော် အသိပညာ၊ အတတ်ပညာများကို သင်ကြားပေးရမည်၊ ကျောင်းသားများ ကျောင်းထွက်နှုန်းလျော့နည်းစေရန် ပူးပေါင်းလုပ်ဆောင်ရမည် စသည်ဖြင့် ဖော်ပြထားသည်။

ပုဒ်မ ၃၉ တွင် အခြေခံ ဆရာ၊ ဆရာမများသည် မိမိနှစ်သက်ရာကျောင်း သို့မဟုတ် ဒေသကို လွတ်လပ်စွာလျှောက် ထားပိုင်ခွင့်၊ ဥပဒေနှင့်အညီဖွဲ့စည်းထား သော အသင်းအဖွဲ့များတွင် ပါဝင်ဆောင် ရွက်ခွင့်၊ ပညာသင်ယူခွင့်၊ သင်ရိုးညွှန်း တမ်းနှင့် ကိုက်ညီသော သင်နည်းစနစ် များ လွတ်လပ်စွာ ရွေးချယ်ခွင့် စသည့် အခွင့်အရေးများကိုလည်း ပေးအပ်ထား သည်။

ယင်းဥပဒေတွင် ပုဒ်မ စုစုပေါင်း ၅၅ ခုပါဝင်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်များ ကိုများ မပါဝင်ပေ။
ယခင်ကျင့်သုံးနေသည့် ၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အခြေခံပညာဥပဒေကိုမှု ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းဥပဒေတွင် ဖော်ပြထားသည်။

Dawei Watch