Dawei Watch, Dawei News, Dawei News Media

သရက်ချောင်းတောင်ပျောက်တိုက်နယ် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရပြီး အမျိုးသမီးတစ်ဦး အဖမ်းခံရ

သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ် ဆိုင်ကယ်သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်နှင့်ရဲက သေနတ်ပစ်ဖြိုခွင်းခဲ့ရာ အမျိုးသမီးတစ်ဦး အဖမ်းခံရကြောင်း ဆန္ဒပြစစ်ကြောင်းလိုက်ပါသူအချို့ထံမှ သိရသည်။ အဆိုပါ သပိတ်စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ပြင်းဖြူသားရွာရှိ ကျောက်မီးသွေးလမ်းအနီးသို့ ရောက်ရှိချိန်တွင်...

ကံပေါက်သပိတ် သေနတ်ပစ်ဖောက် လူစုခွဲခံရ

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် မေလ ၂ ရက် နေ့လယ်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒထုတ်ဖော်ရန် လူစုနေစဉ် သေနတ်ပစ်ဖောက် လူစုခွဲခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့နံနက်ကတည်းက ကံပေါက်ဒေသရှိ ကျောက်တိုင်အပါအဝင် လူစည်ကားသည့်နေရာများတွင် ရဲနှင့် စစ်သားများက...

စော်ဖျားတွင် အမျိုးသမီးတစ်ဦးအဖမ်းခံရ

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မေလ ၂ ရက် နံနက်ပိုင်းက အဖမ်းခံလိုက်ရကြောင်း ယင်းကျေးရွာနေ ဒေသခံအချို့ထံမှ သိရသည်။ စော်ဖျားရွာအတွင်းသို့ တပ်ကောင်စီအဖွဲ့ဝင်များ ကားတစ်စီးဖြင့်ရောက်လာပြီး နေအိမ် ၃...

ပစ်ခတ်၊ ဖမ်းဆီးမှုတွေကြားက ကံပေါက်သပိတ်စစ်ကြောင်း

ရေဖြူမြို့နယ် ကံပေါက်ဒေသတွင် ‌မေလ ၂ ရက် နေ့လယ်ပိုင်းက ဆန္ဒပြစစ်ကြောင်းကို သေနတ်ပစ်ဖောက် လူစုခွဲ၊ ဖမ်းဆီးမှု‌များရှိသော်လည်း ညနေပိုင်းတွင် သပိတ်စစ်ကြောင်းပြန်ထွက်ပြီး ဆန္ဒပြခဲ့ကြသည်။ ပြောက်ကျားဆန္ဒပြစစ်ကြောင်းနှင့် လမ်းပေါ်ထွက် ဆန္ဒပြစစ်ကြောင်းဟု စစ်ကြောင်းခွဲကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက...
Dawei Watch, Dawei News, Dawei News Media

လောင်းလုံး ရပ်ကျေးအုပ်ချုပ်ရေးမှူးအဟောင်းများကို ခေါ်ယူစစ်ဆေး

လောင်းလုံးမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး‌‌ဟောင်းအချို့အား မြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ပန်းတင်အင်းကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးဆန်းဝင်းနှင့် ညောပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်ဆန်းမင်းတို့အား စစ်ဆေးရန် ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း ယင်းကျေးရွာနှစ်ရွာမှ ဒေသခံအချို့က ပြောသည်။

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု မစစ်ဖြစ်သေး

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ် အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့က ချိန်းဆိုထားသော်လည်း မစစ်ဖြစ်သေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေထံမှ သိရသည်။ တရားစွဲခံထားရသည့် ကိုကျော်ထွေးမှာ နှင့်...

နောက်အစိုးရဖွဲ့ပြီးချိန်မှ မြို့နယ်စည်ပင်သာယာရေးကော်မတီများ ပြန်ဖွဲ့စည်းမည်ဟု ထုတ်ပြန်

တနင်္သာရီတိုင်းအတွင်း သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့စည်းမည့် စည်ပင်သာယာရေးဥပဒေပါ အခန်းကို ရုတ်သိမ်းကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပါ အခန်း ၄ အား မတ်လ ၂၃ ရက်နေ့က ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင်...

ထားဝယ်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဆယ်ကျော်ကို ရဲစခန်းတွင်ထိန်းသိမ်းထား

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့မှစကာ ထားဝယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ကိုယ်ရေးအချက်အလက်မေးမြန်းသည်မှအပ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအထိ မည်သည့်စစ်ဆေးမှုမှ...
Dawei Watch, Dawei News, Dawei News Media

လောင်းလုံးတွင် နှစ်ဦးအဖမ်းခံရ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအမျိူးသားတစ်ဦးနှင့် ပန်းဒလဲကျေးရွာအုပ်စု ကြေးနုပ်ပြင်ရွာနေသူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၂၈ ရက်က အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။ ဝေဒီကျေးရွာနေ ကိုညီညီ(ခ) စိုးညီညီထံတွင် လက်လုပ်ဂစ်သေနတ်ရှိသည်ဟု သတင်းပေးသဖြင့် ရဲတပ်ဖွဲ့က ရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာသားတစ်ဦးက...

ဦးမြင့်မောင်အား ဘေးစီမံဥပဒေဖြင့် ထပ်တရားစွဲ

တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အား ဘေးစီမံဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲထားပြီး ဧပြီလ ၂၉ ရက်နေ့ ရုံးချိန်းကို မစစ်ဆေးဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ဦးမြင့်မောင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု...