စော်ဖျားတွင် အမျိုးသမီးတစ်ဦးအဖမ်းခံရ

0
180

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာနေ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦး မေလ ၂ ရက် နံနက်ပိုင်းက အဖမ်းခံလိုက်ရကြောင်း ယင်းကျေးရွာနေ ဒေသခံအချို့ထံမှ သိရသည်။

စော်ဖျားရွာအတွင်းသို့ တပ်ကောင်စီအဖွဲ့ဝင်များ ကားတစ်စီးဖြင့်ရောက်လာပြီး နေအိမ် ၃ လုံးအား ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် ယင်းအမျိုးသမီးတစ်ဦး ဖမ်းဆီသွားကြောင်း ဒေသခံအမျိုးသားတစ်ဉီးက ဆိုသည်။

ယခင်က စာစီစာရိုက်လုပ်ငန်းလုပ်ကိုင်းဖူသည့် မောင်ဖြစ်သူအား လာဖမ်းသော်လည်း မတွေ့သဖြင့် အစ်မဖြစ်သူအား ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ယင်းဒေသခံက ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

ဖမ်းဆီးခံရသည့်အမျိုးသမီးမှာ ယနေ့ညနေ ၆ နာရီဝန်းကျင်အထိ ပြန်မလွတ်လာသေးကြောင်း ၎င်းကပြောသည်။

စော်ဖျားကျေးရွာတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပုံစာ- ယနေ့စော်ဖျားကျေးရွာတွင်ပြုလုပ်သည့် ဆန္ဒပြ သပိတ်စစ်ကြောင်း